Thursday, December 13, 2007

တူလေး မောင်ရွှေသွေး


ကျနော်တူလေး မောင်ရွှေသွေး
အသားလေးက ဖွေး
အသားဖွေးတဲ့ ရွှေသွေးငယ်
နဖူးလေးက ကျယ်
နဖူးကျယ်တော့ ဥာဏ်ထက်မြက်
ပညာရှိလို့မှတ်။

azo ရေးသည်။

3 comments:

  1. နားရွက်လေးလဲ ကားပါတယ်
    ရွှေယုန်လေးလားကွယ်
    မုန်လာဥတွေများများစား
    မျက်လုံးကြည်စေသား။

    ReplyDelete
  2. မနေ့က ကျနော်တို့ ၃၇ မင်းထဲက တစ်ပါးက ဖုန်းဆက်လာတယ် ။ ကျနော်တို့ ၃၇ မင်းရဲ့ Generation အသစ် ဓါတ်ပုံ ရလာတယ်ပြောလို့ မျှော်နေကြဆဲ မှာ ကိုဇနိရဲ့
    ဒီပို့စ်လေးကို တွေ့လို့ ကျေးဇူး ဗျို့။
    ကိုဇနိ တူတော်မောင်က ချစ်စရာလေးဗျ ။
    နားရွက်ကားတာကတော့ အဖေဘက်တူတာထင်ပ။
    ကဗျာတွေရွတ်ရင်တော့ သေချာပြီ ဒီကောင်လည်း ဧရာအနောက် ရဲ့ ခြေရာထပ်တူနင်းမှာ။
    ဓါတ်ပုံလေး ဝေမျှပေးတာ ကျေးဇူး ပါ။

    ReplyDelete
  3. နှာတံလေးက စင်းလို့ရယ်
    တူလေး ရွှေသွေးငယ်
    အပစ်ကင်းစင်တဲ့ မောင်ရွှေသွေးအကြည့်
    ချစ်စရာ ကောင်းပါဘိ။

    ReplyDelete