ဟိုးအဝေးက ကျွန်းမှာပေါ့
ကျွန်တော့်အနာဂတ်တွေကို သဂြိုင်္လ်
ရလာတဲ့ ပြာအိုတွေနဲ့
မြေသြဇာကောင်းပုံများ
အပင်တွေက အရွက်ဖားဖားတွေနဲ့
ရှည်လျားနေလိုက်ကြတာ
တကယ့်ကို ရုပ်ဆိုးပါတယ်။
ထိုထိုသောနေ့ဝယ်
ကျွန်တော်အ၀ယ်ခံလိုက်ရတယ်
ဝမ်းဘဲလို့တောင်မအော်နိုင်ပါဘူး
ချိုမပါ အမြီးမဲ့
လူ့ငနွားတစ်ကောင်(ယောက်)အဖို့
ခိုင်းတာသာဆက်လုပ်ပေတော့လို့ တေးထားလိုက်ရတယ်။
ခုတော့
ကျွန်တော်ဝူးဝါးနဲ့
လူ့ငနွားဖြစ်ပြီ
ကြိမ်တို့သံတစ်လှည့်
ဆဲရေးသံတစ်ဖုံနဲ့
အစုန်သာဆန်ပေတော့
ဖေ့သားကြီးရေ
လူ့ငနွားတွေ အမဲသားဖြစ်ရင်
ချက်ရတာတောင် မနူးတတ်ဘူး။ ။
မောင်ဖြူ
ဆရာဖြူ ကျွန်တော့်ဆီမှာ pressure cooker ရှိတယ်။
ReplyDelete