Saturday, July 4, 2009

အလျင်နှုန်းဒဏ်

အမျှင်တန်းခဲ့တဲ့၊
အလွမ်းကို၊
ကိုယ့်ဖာသာကိုယ်၊
မသိလိုက်ဘဲ၊
စိတ်လိုက်မာန်ပါ၊
ပြဿနာရှာခဲ့။
ကဲ! အပူဆ
နှိုင်းမရတော့ဘူး၊
ပြာအဖြစ်သာတိုင်တော့တယ်။

ခိုင်ခင်အင်ကြင်း

အင်အားမဲ့အလွမ်း

စက္ကူတရွက်ကို၊
နောက်ကျောဘက်
လှန်သလို၊
ငြိတွယ်စေသောနေ့နဲ့၊
လွမ်းစေသောနေ့တို့
နီးကပ်လွန်းတယ်။
ကြိုမမြင်နိုင်တဲ့၊
ကြမ္မာကို၊
အရှုံးပေးရန်မှတပါး၊
ကျွန်မ၌မည်သည့်အင်အားမျှ၊
မရှိပါ"မောင်"၊
ဆုတောင်းခက်၊
ရေစက်များမမီမကမ်းမို့၊
တသက်သက်တမ်းတကာ၊
ဖြေမဆည်နိုင်တော့၊
ကြေကွဲသည်အမျှ၊
လိမ်ပြာငယ်လှတယ်။

ခိုင်ခင်အင်ကြင်း