အာရုံတက်ချိန်၊
ဆွမ်းချက်ချိန်တည့်၊
အရှေ့တစ်ခွင်၊ ပန်းဆီလွင်ပြီ၊
မင်္ဂလာအတိ သာယာဘိမို့ ၊
ကြည်နူး နိုးထနိုင်ခဲ့သည်။
တက်နေခြည်မှ၊ အလင်းရသား၊
အင်အားတွေက၊ ပြည့်ခဲ့ရ၍၊
တဓူဝနေ့၊ ဘုံဓလေ့တွင်၊
ဝမ်းစာပြည့်ရန် ရှာနိုင်သည်။
နေချိုသိမ်းလျင်၊ အိမ်ဆီအပြန်၊
မောပြေရန်မှာ၊ ဝတီံသာတွင်၊
မကာရ်ကွက်နှင့်၊ မိုးပြာတင့်ကာ၊
ရောင်စုံဖြာဝေ၊ ပုံရိပ်တွေသည်၊
တောနှင့်တောင်သွင်၊ သဏ္ဍန်ထင်ကာ၊
နဂါး၊ကျား၊ဆင် ထပ်တူပင်တည့်၊
ပီပြင်စုတ်ချက်ပိုင်တော့သည်။
ရွေ့ကပြယ်လျား၊ နဂါး ကျားတွေ၊
မှုန်ကာဝေတော့၊ လေဗွေနော့ရာ၊
တစ်နေ့တာသည်၊ ရွှင်ကာချမ်းမြေ့စေတော့သည်။
ခိုင်ခင်အင်ကြင်း
ချစ်စရာ မြဲမြန်ခြင်း နေ့အတွက် ကျေးဇူး
ReplyDelete