Friday, February 13, 2009

ထာဝရပြည့်ဖခင်....သို့


  • ဤနေ့ရက်သည်
    ပြည်ထောင်အတွက်
    အသွေး အသက်
    ဝိညဉ်ဆက်ရန်
    ထွန်းထွက်ပေါ်လာ
    ကြင်သတို့သား
    သူမွေးဖွားရာ..ရက်မြတ်သာ....။

  • လူ့လောကဝယ်
    သူ့မှာခဏ
    နေခွင့်ရလည်း
    မမျှဝန်ထမ်း၊ သူ့ကျိုးပမ်းမှု့
    တုမစွမ်းသာ ဂုဏ်ရည်ဖြာခဲ့..။

  • ပြည်ရွာအကျိုး
    သူသယ်ပိုးရင်း..လူမျိုးရှေ့ဆောင်
    ဂုဏ်ရည်ပြောင်ခဲ့..။

  • ပြည်သူ့အသက်
    မေတ္တာလက်ဖြင့်
    သူထွေးဖက်ခဲ့
    ပြည်ထောင်တစ်ခု
    ဖြစ်တည်မှု့ကို
    မမှု့ကိုယ်ကျိုး၊ စွန့်သယ်ပိုးခဲ့..။

  • သူနှင့် သူသာ နှိုင်း စရာဟု
    အောက်မေ့ယုံကြည်
    သူ့ ဂုဏ်ရည်ကို
    ကမ္ဘာတည်သရွေ့
    ဘယ်မမေ့ ။ ။

4 comments:

  1. Really, really nice to read such a poem on such a particular day.
    Good title, Good Idea & Good Writing!!!

    Thank you so much, Ma May Aung.

    ReplyDelete
  2. တန်ဖိုးရှိတဲ့ အမှတ်တရ ကဗျာလေး လာဖတ်ပါတယ်။
    သူ့ဂုဏ်ရည်ကိုဖြင့်
    ကမ္ဘာတည်သရွှေ့
    မမေ့အပ်တာ အမှန်ပါ...

    ReplyDelete
  3. သူနဲ့နှိုင်းစရာ တခြားလူမရှိတာအမှန်ပါ။ နောက်ဆုံးအပိုဒ်ကိုအကြိုက်ဆုံးပဲ။

    ReplyDelete
  4. အလေးလာပြုတာ ၊၊
    မkom ဆီမှာ ဘစ်စကားကိုနေရာ စုံကစီးသွားတယ်ဆိုလို့ ၊၊ ခေါင်မိုးပေါ်ရောပါသေးလား မမေအောင် ၊၊ :P

    ReplyDelete