Thursday, January 8, 2009

အချော့မတော်



အားလုံးပဲ အဖွဲ့တော်သားတွေရော စာဖတ်သူတွေပါတောင်းပန်ပါတယ်။ ချစ်သူက အရမ်းစိတ်ဆိုးတယ် ခုချက်ချင်း ကဗျာတစ်ပုဒ်တင်ဆိုလို့ ကြိုးစားပြီး အမြန်ရေးလိုက်ရတာပါ။ အချော့ကလည်း မတော်တော့ အချော့မတော်လို့ နာမည်ပေးထားပါတယ်။

ချစ်သူလည်း စိတ်ပြေသွားပါတယ်။ နောက်ဆုံးတစ်ကြောင်းက တကယ်မပါဘူးနော်။ ရီစရာထည့်ထားတာပါ။ (ဖိုးသောက်)



အချော့မတော်

ချစ်ချစ်သောက်သောက် စိတ်တွေကောက်
အဝေးနေမောင်က သဘောမပေါက်
သဘောပေါက်ပြီးနောက် ချော့ဖို့ရောက်
အချိန်မမီတဲ့ ချော့ခြင်းနောက်
ချစ်နုတ်သီးလေး ကောက်..ကောက်… ကောက်..။

အွန်လိုင်းကပြော မောင့်သဘော
အလိုက်မသိမိတာ ခွင့်လွှတ်နော
ချစ်သူစိတ်သဘော ပြေဖို့စော
ချော့လိုက်ရတာ အမောတကော
မောင့်ရင်ခွင်မှာ မော..မော..မော..။

ယနေ့ယခု ကတိပြု
အတူနေတဲ့အခါ အလိုက်သိမှု
မောင်ကပြုစု ချစ်စိတ်မခု
သက်ဆုံးနေဖို့ အဓိဋ္ဌာန်ပြု။
(မောင့်ချော့သံက ညု..တု..တု..။)

8 comments:

  1. ကောင်မလေး ကို ပိုချစ်တတ်ပုံရတယ် ၊၊ ရမ်းပြောကြည့်တာပါ ၊၊ တကယ်တော့မသိပါ၊၊ :)

    ReplyDelete
  2. ကိုပေါ စကားကို သည်နေရာမှာ ခဏ ငှားသုံးလိုက်ပါတယ်...

    သူတည်းတယောက်
    ဖတ်ဖို့ရောက်မူ...
    သူတယောက်မှာ
    ရေးလင့်ကာသာ
    အို... ကဗျာတည်း....း)

    ReplyDelete
  3. ကောင်းပါ့ ။ကောင်းပါ့။

    ReplyDelete
  4. Wow.. So cute...!!!
    What a Loving Couple..!!!

    ReplyDelete
  5. ဟီဟီး..

    ReplyDelete
  6. ကောင်းတယ်။ ရသတစ်မျိုးပဲဗျာ..

    မိုးကြယ်

    ReplyDelete
  7. အဟိ...အနော်တော့ ရယ်ချင်တာပဲ သိတယ် ခေါင်းစဉ်တွေ့တည်းက ကိုနိတော့ ပြာပူနင်းပြီဆိုတာ သိသားပဲး)

    ReplyDelete
  8. ချစ်စရာ ကဗျာလေးပဲ....
    ချက်ချင်းရေးဆို ကဗျာတစ်ပုဒ် ချက်ချင်းရအောင်ရေးနိုင်တယ်နော်
    တော်လိုက်တာ
    ချစ်ချစ်သောက်သောက် ဆိုတာ မဒမ်သောကြာမို့
    သောက်သောက်လို့ခေါ်တာလား...ငင်

    ReplyDelete