Thursday, December 18, 2008

ပဲထမင်း


ပဲဆံတထုပ် ၀ယ်ထားပြီး ချက်မစားဖြစ်ဘူး။ တနေ့ကမှ ပစ္စည်းတွေရှင်းရင်းတွေ့တာနဲ့ ပဲထမင်းလေး ချက်အုံးမှလို့ အတွေးရသွားတာ။ ပဲဆံကို ရေသုံးထပ်လောက်ဆေးပြီး ဆန်ဆေးထားတဲ့အထဲ ရောထည့် ခါတိုင်းထမင်းချက်တာထက် ရေအနည်းငယ် ပိုထည့်လိုက်တယ်။ ပဲထမင်းပူပူလေးနဲ့စားဖို့ အမဲခြောက်တချောင်း ခဏရေစိမ်ပြီး ကြွပ်ကြွပ်လေးကြော်ထားတယ်။
ခရမ်းချဉ်သီးတွေ လောဘတကြီးဝယ်ထားတာနဲ့ ခရမ်းချဉ်သီး ငါးပိချက် ချက်လိုက်သေးတယ်။
တို့စရာကတော့ ရှိပြီးသား အသီးအရွက်လေးတွေ ရေဆေး ရေစစ်ထားလိုက်ရင် အဆင်ပြေသွားရော။






မဇနိ

13 comments:

  1. kom: ဗိုက်ဆာလို့ ဗိုက်ဆာလို့။

    ReplyDelete
  2. ပဲထမင်းစားသွားတယ် အဟိ ပထမရပြီမှတ်နေတာ ဟွန့် မမဂွိဦးသွားတယ် :P

    ReplyDelete
  3. ဘာပဲနဲ့ချက်တာလဲ..တဲ့
    နိနိ...
    ပြောပြပါ..

    ReplyDelete
  4. နိနိရယ် ..တော်လိုက်တာ
    ရှိတာလေးးတွေနဲ့ ကြံဖန်ချက်တတ်တာ...
    စားသွားတယ် :)

    ReplyDelete
  5. လာစားပါတယ်ဒေါ်ဒေါ်နိရေ..
    ဒီတစ်ခါတော့ဂျီးများမနေတော့ဘူး..း)

    ReplyDelete
  6. ခရမ်းချဉ်သီး ငပိချက်ပဲယူသွားတယ်။
    အဲဒီပဲမကြိုက်ဘူး။ ပန်းကန်နဲ့ဇွန်းခေါက်လိုက်သည်။

    ReplyDelete
  7. ကိုယ်တော့ တို့စရာနဲ့ ခရမ်းချဉ်သီး ငပိချက် အရမ်းကြိုက်တယ်။ ဘာနဲ့မှမလဲနိုင်ဘူး။

    ReplyDelete
  8. ပဲထမင်းဆိုတာ ရှိတယ်လား ကျနော်ထင်တာ ကောက်ညှင်းငချိတ်လေးလိုလားလို့မစားဖူး မကြားဖူးဘူး ငပိချက်လေးတော့ စားချင်တယ် ။

    ReplyDelete
  9. ni chit chit.. could not see c box... loving you always better than ko ni

    ReplyDelete
  10. ပဲပြုတ်ထမင်းတော့ စားဘူးတယ်၊၊ ပဲထမင်းတော့ မစားဖူးသေးဘူးဗျ ၊၊ ခရမ်းချည်သီးချက်တော့ ကြိုက်တယ်ဗျာ ၊၊ မကွိ အဆီ လျှော့စားအုံးနော် ၊၊ ၀ တုတ်ကြီးဖြစ်လာပါလိမ့်မယ် ၊၊ အဟီး

    ReplyDelete
  11. ခရမ်းချဉ်သီးချက်လေးကလဲ စားချင်စဖွယ်။
    စားချင်တယ် စားချင်တယ် စားချင်ပါတယ်ကွယ်

    ReplyDelete
  12. နိနိကလေ...
    တော်တော်လုပ်နိုင်တာဘဲ... (သွားရည်ကျအောင်...)
    တကယ်ကို ချီးကျူးပါတယ်... အရမ်းတော်တာဘဲ။
    စိတ်လဲတော်တော်ရှည်တယ်နော်...
    (စားချင်ချင်ကြီးနဲ့ သွားရည်ကျရင်း ချီးကျူးရတာမို့  အသံတော့ နဲနဲပျက်နေမယ်ထင်တယ်...)

    ReplyDelete
  13. မဇနိလေး.. ခရမ်းချဉ်သီး ငပိချက်ကို စားချင်တယ်.. ထမင်းနဲ့ နယ်ပြီး တို့စရာတွေ ကိုက်တို့ပြီး စားချင်တယ်.. :)

    ReplyDelete