Sunday, December 21, 2008

ကြက်ဥပေါင်း


မနေ့ညက ကိုဇနိပြောပြတာနဲ့ ဒီနေ့စမ်းချက်ကြည့်တာ။ သူငယ်ချင်းတွေ ကြက်ဥကို ပေါင်းကြတာ သိပေမယ့် လုပ်မစားဖြစ်ဘူး။ မကြိုက်မှာလဲ စိုးတာနဲ့ ကြက်ဥနှစ်လုံးပဲ လုပ်စမ်းကြည့်တယ်။ ကြက်ဥနှစ်လုံးကို ဆားနည်းနည်းထည့်ခေါက်။ စတီးဇလုံလေးထဲထည့်ပြီး အိုးခပ်ကြီးကြီးထဲမှာ ရေနွေးတည် ပေါင်းခံလိုက်တာပါ။ ခဏနေတော့ ကြက်ဥက ဖောင်းဖောင်းကြွကြွလေးနဲ့ တင်းသွားတယ်။ အဲဒါကို အတုံးလေးတွေလုပ်ထားပြီး ပုန်းရည်ကြီးမှုန့်နဲ့ ချက်လိုက်တာ။ ခရမ်းချဉ်သီးတလုံး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ ငါးပိအနည်းငယ်နဲ့ ဆီသတ်ပြီး ပုန်းရည်မှုန့်ထည့် ကြက်ဥတုံးလေးတွေပါ ထည့်လိုက်တယ်။ ရေစပ်စပ်လေးထည့်ပြီး ဆီကျန်တဲ့အခါ ဟင်းကျက်သွားပြီ။ စားလို့ကောင်းပါတယ်။ စိတ်ဝင်စားရင် ချက်ကြည့်မယ်လေ။





မဇနိ

10 comments:

  1. ပါးစပ်ပျက်နေတာနဲ့ အတော်ပဲ အစ်မရေ ကျေးဇူးပါ။

    http://winzaw-mdy.blogspot.com

    ReplyDelete
  2. kom: မဲမဲကြီးလဲနိချက်ရင်စားမှာဘဲ။
    21 Dec 08, 14:30
    kom: မဲမဲကြီး ဟိ

    ReplyDelete
  3. အဆန်းပါလား အမရေ ။ အရသာက ဘယ်လိုလဲဟင်

    ReplyDelete
  4. ကြိုက်တယ်.. ကြိုက်တယ်...

    ReplyDelete
  5. အယ်..ကိုဇနိက ဒီလိုဟင်းတွေလည်း ချက်တတ်တယ်.. ထူးထူးဆန်းဆန်းပဲ.. တခါမှ မစားဖူးတာနဲ့ စ လိုက်ဦးမယ်... ပုန်းရည်ကြီးကို သုပ်တာရယ် ၀က်သားနဲ့ ဟင်းချက်တာရယ်ပဲ စားဖူးတာ.. :) စိတ်ဝင်စားတယ်.. နည်းနည်းမြည်းကြည့်လို့ရရင် ကောင်းမယ်.. :D

    ReplyDelete
  6. အယ်...လွယ်လွယ်လေးပဲ ဒီတစ်ခါ တကယ်လုပ်စားမယ် ပိတ်ရက်ရောက်ရင် ကူးသွားတယ် မမနိရေ့ ပြောပြတဲ့ ကိုနိကိုလည်း ကျေးဇူးးး

    ReplyDelete
  7. ပုန်းရည်ကြီးလည်းကြိုက်တယ် ကြက်ဥပေါင်းနဲ့ တခါမှ မစားဖူးဘူး။

    ReplyDelete
  8. စိတ်ဝင်စားပါတယ် မချက်တတ်လို့ မကွိ ဆီမှာပဲ စားသွားတယ် ၊၊ ထမင်းလိုက်ပွဲလေး ပေးပါဦးဗျို့ ၊၊ ကွိကွိ

    ReplyDelete
  9. ဒီကြက်ဥပေါင်းကတော့ အဆန်းပဲဟေ့။
    ကြက်ဥ စပယ်ရှယ်လစ်တောင် ပါးစပ်ဟ သွားရတဲ့ အဖြစ်ပါလား။
    ဟင်းနည်းပေးတာ ကိုနိ တဲ့။ အင်း.. စဉ်းစားစရာပဲ။ ဟုတ်မှ ဟုတ်ရဲ့လား ကိုနိ .. အဟိ။

    ReplyDelete
  10. စိတ်ဝင်စားတယ်.. စမ်းချက်စားကြည့်ဦးမယ် =) ကျေးဇူး

    ReplyDelete