Monday, December 29, 2008

မုန်လာဥအဖြူ


မုန်လာဥအဖြူဆိုရင် ကျွန်မကြိုက်တဲ့ အစားအစာထဲ မပါဘူး။ မန်ကျည်းမှည့်နဲ့ချဉ်ရည်ဟင်း ချက်ရင်တော့ စားတယ်။ ငါးခေါင်းချဉ်ရည်ဟင်းလိုမျိုးလည်း စားပါတယ်။ တနေ့ကတော့ မုန်လာဥအဖြူတလုံး ၀ယ်လာရင်း ဝီရှီမီကလို လုပ်စားကြည့်ဖို့ စိတ်ကူးလိုက်တယ်။ မုန်လာဥတွေက အကြီးအကြီးတွေဆိုတော့ တော်ရုံနဲ့မဝယ်ချင်ဘူး။ တယောက်ထဲစားတာ ကုန်မှ မကုန်တာလေ။ ဒါနဲ့ အစ်ကိုအန်ဒီတို့ ပြောပြထားတဲ့အတိုင်း မုန်လာချဉ် သိပ်လိုက်တယ်။ ပထမဆုံး မုန်လာဥကို အခွံနွှာ၊ ရေဆေးပြီး ပိုးတီမလှီးဘဲ အစိပ်သေးသေးရှည်ရှည်လေးတွေ လှီးထားတာ။ အဲဒီနေ့က မုန့်ဖတ်သုပ်စားတော့ ချဉ်မသိပ်ခင် အရင်စားချင်တာနဲ့ တချို့ကို ခွဲပြီး သံပုရာရည်၊ ရှာလကာရည်နဲ့နယ်ပြီး (၃)နာရီလောက် နှပ်ထားလိုက်တယ်။ ဒါကတော့ ချက်ချင်းစားချင်လွန်းလို့ အမြန်လုပ်ထားတာပါ။ ကျန်တာကိုမှ အချဉ်သိပ်မယ်ဆိုပြီး ပုလင်းသန့်သန့်ကို ရေဆေး၊ ရေပြောင်အောင်သုပ်ထားလိုက်တယ်။ မုန်လာဥလှီးထားတာတွေကို ဆားနဲ့နယ်ပြီး ပုလင်းထဲမှာ သိပ်၊ ရေကျက်အေးထဲမှာ ဆနွင်းလေးထည့်ဖျော်ထားတာကို လောင်းထည့်လိုက်တယ်။ မုန်လာဥအားလုံးမြုပ်သွာေးအာင် ရေထည့်ပေးလိုက်ပြီး ထမင်းပါထည့်လိုက်တယ်။ အဖုံးကိုလုံအောင်ပိတ်ထားရင်း (၅)ရက်မြောက်နေ့မှာ အချဉ်သုပ်စားလို့ ရနေပါပြီ။ မုန်လာချဉ်ကို ပုလင်းထဲက လိုသလောက်ယူ ရေဆေးပြီး နှမ်းထောင်း၊ မြေပဲဆံထောင်း၊ ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီးစိမ်းလေးနဲ့သုပ်စားတာ မွှေးတဲ့အပြင် မုန်လာချဉ်ကို ကြိုက်သွားတယ်။ အခုဆို စားနေတာ ခဏခဏရှိပေမယ့် မကုန်သေးဘူး။ ရေခဲသေတ္တာထဲမှာ ထားလိုက်တော့ ကြာလာလို့ ပိုစားကောင်းနေတယ်။ အမလေး မုန်လာဥတလုံးကလည်း အမုန်းစားရပါ့လားနော်။







မဇနိ

18 comments:

  1. အာ..း..မဇနိ တို့လက်စောင်းထက်လှချည်လား။ စားချင်လိုက်တာနော်။။ လုပ်စားမယ်စိတ်ကူးပေမဲ့အကောင်အထည် ကိုမဖော်ဖြစ်ဘူး။ ကျောင်းတဘက်နဲ့ ဆိုင်ဖွင့်ပါလာ။။ ကြီးကြပ်ရဲုဘဲလေ.. တကယ်။အဲဒီ ပုလင်းကို ရောင်းစားမယ် ဆိုရင် တကယ် ဝယ်မှာ။။ အခုတော့ ညီမချင်းမို့ နဲနဲ ခွဲပေးပါ။ ထမင်းက ဘယ်လောက်ထည့်ရမှာလဲ။

    ReplyDelete
  2. အစိမ်းရောင် ကလေးး က မျက်စိအေးတယ်။ ပိုကောင်းတယ်။ ညကအရောင်ထက်..စာရင်..

    ReplyDelete
  3. မယ်နိ..
    လုပ်စားကြည့်ချင်တယ်ဟေးး
    ဒါမဲ့...မအားပါ..
    နှစ်ကူးပြီးရင်တော့..
    လုပ်စားနိုင်တော့မှာပါ..
    မနေ့ကတော့ပန်းမုံလာဈေးပေါလို့
    ၃ပွင့်ဝယ်လာပါတယ်..
    အချဉ်တည်စားချင်တယ်..
    မမရေ..နိနိဆီက ၀ယ်မစားနဲ့
    တောင်းစားပါ...
    ဟီး

    ReplyDelete
  4. ဟုတ်တယ် အမ ကာလာက စမ်းရင်းနဲ့ တဲ့သွားတာ.. ဒီအရောင်ကို ပိုကြိုက်တယ်...
    စင်ကာပူလာပြီး နိနိက - အစုံလုပ်... ကျနော်က လည်ပြီးရောင်း.. လုပ်ရမလား စဉ်းစားနေတယ်..

    ReplyDelete
  5. စောစောက တစ်ခါလာတုန်းက ရှိသေးဘူး.. အခု အသစ်.. မုန်လာဥဖြူတော့ အမလည်း လုပ်စားမယ်လို့ စိတ်ကူးသာရှိတာ မလုပ်စားဖြစ်ဘူး.. တခြမ်းဝယ်ရင်လည်းမကုန်လို့ လွှင့်ပစ်ရတာများတယ်.. အဟီး.. အရည်အချင်းတွေ ကြွားတာပါ.. :D

    ReplyDelete
  6. မနိ က တော်တော်လုပ်တတ်တယ်ဗျာ ၊၊ ဘယ်လိုများသင်ပါလိမ့် ၊၊ ရှီးဗေါ့ (ဟုတ်မဟုတ် မသိ)
    တရုတ်ကားထဲကလို ပြောလိုက်တာ ..မကွိ ၊၊ :)

    ReplyDelete
  7. ဒေါ်ဒေါ်နိကြီး ဘာပဲလုပ်လုပ်စားကောင်းမှာပဲ။
    မြည်းချင်လိုက်တာ.. ဘယ်နေ့များ ဒေါ်ဒေါ်နိလက်ရာ စားရပါ့မလဲမသိ။း(

    ReplyDelete
  8. မုန်လာဥချဉ်လေး နည်းနည်းလောက်မျှပါလား။ ကော်ရည်ခေါက်ဆွဲနဲ့ လိုက်မှလိုက်။ ဇနိမောင်နှံ အကြော်လာစားသွားတာ ၀မ်းသာတယ်ကွယ်။ နိနိရေ အိမ်မှာ အကြော်မှုန့် ကုန်နေလို့လေ ကိုယ့်ဘာသာ လက်တည့်စမ်းပြီး ဆန်မှုန့် ကောက်ညှင်းမှုန့် ဂျုံမှုန့် ပဲမှုန့် စပ်ပြီးကြော်တာ အကြော်လေးတွေက ကျွပ်ရွနေတာပဲ။ ပျော်လိုက်တာ။

    ReplyDelete
  9. မုန်လာဥချဉ်လေး ကြည့်ပြီး အုန်းထမင်းတောင် စားချင်စိတ်ပေါက်လာပြီ နိနိရယ်..

    ဒီလို လက်စွမ်းတွေ ပြနေရင်တော့ ကိုနိ ..အင်း.. ပိုဝ လာဖို့သာ မြင်၏။

    ReplyDelete
  10. ဟုတ်ပါ့ မမtg ပြောတာ အမှန်ပဲ။ ကိုနိတော့ ဗိုက်ကြီးပူ ပြီး စည်းစိမ်တွေရစ်နေတော့မှာ။ မင်္ဂလာ မဆောင်ခင် ပေါင်ချိန်ထားဖို့ မမေ့နဲ့ နော်

    ReplyDelete
  11. စားတော့စားတယ် အရမ်းမကြိုက် ကိုနိ ဝတာ မမနိကြောင့် :P မမဂျီးဂွိ ကတကယ်လုပ်မှာမို့လို့လား လက်ဖက်သုတ် :P

    ReplyDelete
  12. မမနိ ချက်ရင် ဘာဖြစ်ဖြစ် စားကောင်းမှာပဲ ပြင်ထားတာလည်း အရမ်းလှတာပဲ ။

    ReplyDelete
  13. လက်စွမ်းတွေပြနေတယ်၊ ပိတ်ရက်တွေအားနေတာနဲ့ ယိုကိုဟားမားကို လာလည်လိုက်တော့မှာနော်။

    ReplyDelete
  14. အားးး စားချင်တယ် မွန်ကမုန်လာချဉ်ကြိုက်တယ်
    မမနိနဲ့ အိမ်ချင်းနီးရင် သိပ်ကောင်းမှာနော်

    ReplyDelete
  15. ဘန်နာ လှ၏။ မုန်လာ စားချင်၏။

    ReplyDelete
  16. အချဉ်တော့ မကြိုက်ဘူး..ဒါပေမဲ့ နိနိကို ချစ်လို့ တတို့လောက်..

    ReplyDelete
  17. စင်္ကာပူကိုလာပြီး ဆိုင်ဖွင့်မယ်ဆိုတာ မြန်မြန်လေး အကောင်အထည်ဖေါ်ပါ ကိုနိနဲ့  နိနိရေ...
    မျှော်နေမယ်...

    *** Template အသစ်လေးလှတယ်...

    ReplyDelete
  18. လုပ်စားကြည့်ဦးမယ်။ :)

    ReplyDelete