Friday, December 26, 2008

ချပါတီ


အရင်အဆောင်မှာ နေတုန်းက ချပါတီအချပ်တွေ မပြတ်ဝယ်ထားပြီး ကြက်သားအာလူးချက်ထား မနက်ခင်းစာတွေ စားလေ့ရှိတယ်။ အဲဒိတုန်းက ပါကစ္စတန်-က သူငယ်ချင်းတယောက် ရှိတယ်။ သူမှာတဲ့အခါ ပေါင်းမှာပေးတော့ ဆန်နဲ့ ချပါတီ ကောင်းကောင်းစားရတယ်။ သူတို့ဆီက ဆန်ကို ဂျပန်ဆန်နဲ့ရောချက်ရင် ထမင်းလေးတွေ ကော့နေအောင် လှတာ။ အခုတော့ အပြင်အိမ်တွေ ပြောင်းကုန်တာနဲ့ ချပါတီ မမှာဖြစ်တော့ဘူး။ မစားရတာကြာတော့ စားချင်လာပြန်တယ်။
ဒါနဲ့ ကိုယ့်ဟာကိုယ် လုပ်စားလိုက်တယ်။
ဂျုံနယ်ပြီး ဒလိမ့်တုံးနဲ့လှိမ့်တယ်။ နယ်ထားတာကို (၁)နာရီလောက်ထားပြီးမှ အချပ်ပါးပါးလေးတွေ လုပ်လိုက်တာပါ။
ချပါတီကို ဒယ်အိုးမှာ ဆီမပါဘဲ မီးကင်သလိုလုပ်တာထက် ဆီပါလေကာလေးထည့်ထာက ပိုမွှေးတယ်လို့ အဲဒီကုလားသူငယ်ချင်းက ပြောဖူးတယ်။ သူချက်တဲ့ ကြက်သားဟင်းနဲ့ စားရတာလည်း ပိုကောင်းတာပေါ့။ အခုတော့ ချပါတီပြားကို သူပြောသလို ဆီလေးနဲ့ကြော်လိုက်ပြီး ကပ်ကြေးနဲ့ညှပ်ထားတယ်။
အတူတွဲစားဖို့ ကြက်သားအာလူးကို မဆလာလေးနဲ့ ချက်လိုက်ပြီး မနေ့က တနေကုန် ထမင်းမချက်စားဖြစ်လိုက်ဘူး။






မဇနိ

16 comments:

  1. ချာပါတီတွေ..မဆလာတွေ မကြိုက်ဖူး
    ဒါမယ့်..
    နိနိချက်လို့..စားသွားတယ်..
    ဟီးဟိ

    ReplyDelete
  2. ဟင့် ပေါက်စ်ကဦးပြန်ပြီ ။ တော်ပါသေးတယ် သူက မဆာလာတွေ မကြိုက်ဖူးဆိုတော့ မြည်းရုံမြည်းသွားလို့  ကဲ နောက်လူများတွက်မကျန်အောင် အကုန်စားလိုက်ပါပြီ။ ပန်းကန်သာဆေးကြပါ

    ReplyDelete
  3. သားသားတတိယ။ စားသွားတယ်ဒေါ်ဒေါ်နိ.. သားလည်းအရမ်းကြိုက်တာ။ ကြက်သားအာလူးချက်ထားတာ စုံလို့။း)

    ReplyDelete
  4. မလင်းစ် စိတ်ပုပ်ကြီး။း(
    အော်ငိုမှာနော် ကလေးကို ပန်းကန်ဆေးခိုင်းတယ်။

    ReplyDelete
  5. ဟာ မလင်း စိတ်ပုပ် :P မမနိ ဖွက်ထားတဲ့ ပန်းကန်ထုတ်လိုက်ပါ ဟဲဟဲ စိတ်ရှည်ပြီးချက်လိုက်တာနော် ချပါတီတောင် ကိုယ့်ဘာသာလုပ်စားတယ် စလုံးကိုပဲပြောင်းလာပါတော့ဗျိုး

    ReplyDelete
  6. တွေ့လို့ အပြေးလာတာ ၊၊ သာမီးခွိ ပြောသလို ကိုနိ မနိ စလုံးကိုပြောင်းလာပါဗျို့ ၊၊ ချပါတီ စားမယ် ၃ပွဲတစ်ခါတည်း ပေးပါခင်ဗျ

    ReplyDelete
  7. ကိုဇနိက နောက်နေ့ကျရင် လုပ်ကျွေးမယ်တဲ့ ဟုတ်တယ်ဟုတ် ကိုဇနိ...း)

    ReplyDelete
  8. ဒီနေ့ တို့ လည်းအာလူးပူတီဝယ်စားတယ်။ ထမင်းမစားချင်လို့ လေ။

    ReplyDelete
  9. နိနိရယ်...ဒီနေ့လဲ .. နှိပ်စက်ပြန်ပြီကွယ်။

    ReplyDelete
  10. ဂျုံတောင် လှိမ့်တတ်တဲ့ ကုလားမကြီးပုံ့မြင်ယောင်လိုက်တယ်။ ခွီခွိ..

    ReplyDelete
  11. တို့ကို ၂ ပွဲ.

    ReplyDelete
  12. တို့လဲမနက်က တိုရှည် ဝယ်စားတယ်။ နိ.. တိုရှည်ရော လုပ်တတ်လာ။။စိန် ခေါ်လိုက်ဦးမှ....

    ReplyDelete
  13. စားချင်လိုက်တာ...
    ဒီလမ်းထဲကို နောက်တစ်ခါ ဘယ်တော့မှ မလာတော့ဘူး လို့  ဆိုရမလိုဖြစ်နေပြီ...
    နိနိလေး ရက်စက်တယ်...

    ReplyDelete
  14. ဒါက လုပ်ရခက်မှ မမနိ ကတော်တော် တော်တယ်း) စားချစ်စရာဖြစ်အောင် အမျိုး၂ ချက်ကျွေးနေတယ် ။

    ReplyDelete
  15. မဇနိက ချာပါတီတောင်လုပ်တတ်တယ်... တရုတ်၊ မြန်မာ၊ ဂျပန် ၊ အိန္ဒိယ အစားအစာ.. ဘာကျန်သေးလဲ.. အမျိုးမျိုးချက်ကျွေးနေတာ.. ကိုဇနိတော့ ၀ိတ်ကျဖို့ လမ်းမမြင်.. :)

    ReplyDelete
  16. ကိုနိ…ကိုနိ...နဂိုထဲက …ဝတတ..ဆိုရင်..နိ နဲ့ယူပြီးရင် ဘယ်နဲ့ လုပ်မလဲ။။။စားလို့ကောင်း...စားရင်းနဲ့၊။။။။။။။ဝ။။။။။.ဝ။။။။။။။။။။ဝ။။။။။။။။။

    ReplyDelete