Friday, December 26, 2008

“ဒီဇင်ဘာ နေပါဦး... ”

သံသရာဟာစက်ဝိုင်းဆိုရင်
ပထမဆုံးနဲ့အနီးဆုံး ဟာ
နောက်ဆုံးပဲဖြစ်ရမယ်
အဲဒီလိုအယူအဆနဲ့
ဒီဇင်ဘာကတော့..
လှပနေမြဲပါ။
မဖြစ်တာတွေ
ပျက်တာတွေ
ရှုံးတာတွေ…..
ဆုံးတာတွေ…
တစ်နှစ်တာအတွက်
ဘယ်လိုပဲအပစ်ကျ
ဒီဇင်ဘာက
ခဝါချမြဲ..။
မသွားနဲ့ဆိုလည်း
ထားခဲ့မှာ…
ကျန်ရစ်ခဲ့သူတွေကို
ရဲရဲကြီးချန်ပစ်
မာန်အသစ်နဲ့….
တဝင့်ဝင့် ဒီဇင်ဘာရယ်။

7 comments:

  1. ကျန်ရစ်ခဲ့သူတွေကို
    ရဲရဲကြီးချန်ပစ်
    မာန်အသစ်နဲ့….
    တဝင့်ဝင့် ဒီဇင်ဘာရယ်။

    နောက်ဆုံး အပိုဒ်လေးကို ကြိုက်ပါတယ်။
    ဒီဇင်ဘာမှာ ပျော်ကြပါစေ။

    ReplyDelete
  2. အတွေးလေးကောင်းသလိုအရေးလေးလဲကောင်း။

    ReplyDelete
  3. ကဗျာလေး ကိုကြိုက်ပါတယ် ၊၊ဒီဇင်ဘာလည်း ကြိုက်ပါတယ်၊၊ ရုံးပိတ်ရက်တွေ လည်း အများကြီးရလို့ပါ ၊၊

    ReplyDelete
  4. ပထမနဲ့အနီးဆုံးဟာနောက်ဆုံးတဲ့။ ကောင်းလိုက်တဲ့အတွေး။

    ReplyDelete
  5. မမေအောင်က ကဗျာအရေးကောင်းတယ်ဗျို့။း)

    ReplyDelete
  6. သံသရာဟာစက်ဝိုင်းဖြစ်ရင်..ဘ၀ဆိုတာ အဆုံးတစ်နေ့မှာ အစပြန်ရောက်လာလိမ့်မယ်..လွှတ်ချခြင်း စွန့်ပစ်ခြင်းတွေကလည်း..တည်မြဲခြင်း ဆုပ်ကိုင်ခြင်းတွေ ဖြစ်လာလိမ့်မယ်..နှစ်တစ်နှစ်ရဲ့ ညီထွေးဟာ ဒီဇင်ဘာ..နှစ်တနှစ်ရဲ့ အကြီးဆုံးဟာ ဇန်န၀ါရီ..သူတို့ကျောချင်းညီညီကပ်ခဲ့တာ..
    စက်ဝိုင်းတစ်ခုရဲ့ နိယာမထဲမှာဘဲလေ..။

    ကဗျာလေးကို ဖတ်ပြီးစိတ်ထဲရှိရာကို မန့်ပေးခဲ့တာပါ။
    ဖတ်လို့ကောင်းတဲ့ ကဗျာလေးမို့ ချီးကျူးပါတယ်ဗျာ။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  7. ဒီဇင်ဘာသည် ထူးလေသည်လို့ တွေးမိနေချိန်
    ဒီဇင်ဘာနဲ့ အတူ ဖြစ်လာတဲ့
    တွေးတတ်၊ ရေးတတ်သူတွေကြောင့်
    ဒီဇင်ဘာဟာ တစ်မူထူးနေတော့တယ်...

    တို့ကတော့ ..အောက်တိုဘာ...
    (ဟေ့ တစ်လွဲမတွေးနဲ့)

    ReplyDelete