Wednesday, December 10, 2008
ကပါရစေ…
ဒီအရပ်နဲ့ ဒီဇာတ်မှာ
မင်းသားလုပ်ပါရစေ…
မဆိုတတ် မကတတ် အရပ်ပျက်
ဇာတ်သံထွက်တယ်ဆိုလို့
အသံပြဲနဲ့အော် တတ်တာတခုရယ်…
ဟန်ကိုယ့်ဖို့ ရင်ကိုကော့လို့
လက်ကလေး ရမ်းကာ ရမ်းကာ
ဟန်ပါပါနေတတ်တာရယ်…
ဇာတ်ထောက် အကူသမား
ရှားနေသလား…
လာထား ညီလေး
လက်တို့လှမ်းခေါ်
အဲဒီအရပ်မှာ အရမ်းပေါတယ်
မင်းတလှည့် ငါတလှည့်..
ဝေလေလေ… ဝေလေလေ…
ဝေလေလေ… ဝေလေလေ…
ဝေလေလေ… ဝေလေလေ…
ဒီဇာတ် မပျက်
ခံနိုင်ရိုးလား ပရိတ်သတ်ရယ်..
အဆို မရ
အငို မပိုင်
ဘယ်သူတွေ ကြာကြာထိုင်ကြည့်နိုင်မှာလဲ။
ဒါပေမယ့်လေ ကပါရစေ
ဝေလေလေ… ဝေလေလေ…
ဝေလေလေ… ဝေလေလေ…
ဝေလေလေ… ဝေလေလေ…
11 comments:
  1. အရင်ဆုံးရေးရပြီကွ။
    ReplyDelete
  2. လူလိုရင် ခေါ်လိုက်ပါအုန်း၊ ဒီကလည်း ဝေလေလေ တစ်ယောက်ပါ
    http://winzaw-mdy.blogspot.com/
    ReplyDelete
  3. မင်းတလှည့် ငါတလှည့်..
    ဝေလေလေ… ဝေလေလေ…
    ဒါပေမဲ့လေ...ကိုဇနိရေ
    ကပါရစေ ဝေလေလေပဲပေါ့။
    ReplyDelete
  4. ကိုနိရေ့ လာထား ညီလေး ဆိုလို့အပြေးကို လာခဲ့တယ် ဝေလေလေ မောင်ရိုးး ၀ါးး =)
    ဒီဇာတ် မပျက်
    ခံနိုင်ရိုးလား ပရိတ်သတ်ရယ်..
    အဆို မရ
    အငို မပိုင်
    ဘယ်သူတွေ ကြာကြာထိုင်ကြည့်နိုင်မှာလဲ။
    မကြည့်နိုင်တော့လည်း ကျနော်ကတော့ သတင်းစာလေးခင် နေကြာစေ့လည်းဝါးပြီး ငိုက်ငိုက်နဲ့အားပေးမယ် ။
    ReplyDelete
  5. သားသားလည်း.. ဝေလေလေလိုက်ဦးမယ်..
    ReplyDelete
  6. တယ်ကောင်းပါလားဝေ့
    ReplyDelete
  7. မင်းသားကြီး ကိုနိ...
    ကတာလဲ..မလှဘူး
    မျက်မှန်က တ၀င်းဝင်းနဲ့...
    ဟီးဟိ
    ReplyDelete
  8. မနက်က ကိုနိ ကဗျာလေးရုံး ကဖတ်ဖြစ်ပီးသားပါ ၊၊ ကောင်းတယ်ရေးထားတာလေး ၊၊ ကျနော်လည်း ညောင်ပင် တစ်စ္ဆေ ပါဗျာ ၊၊ ကာရံညီသွားတာပေါ့ ကိုနိ နဲ့ ၊၊ ကွိကွိ ကြီးကိုအလိုမလိုက်ပါနဲ့ ကိုနိရေ ၊၊ ရန်စသွားပါတယ် ၊၊ :P
    ကိုကြီးဝီ
    ReplyDelete
  9. ဝေလေလေနဲ့  ဝေးနေတော့ ဝေလေလေချင်တယ်…
    တခါတခါ စည်းမျည်းဘောင်တွေ ကြားထဲက ခုန်ထွက် အဲဒီလို ပျော်ပျော်ရွှင်ရွှင် ဝေလေလေ ကပစ်လိုက်ချင်တယ်… ဒါလွတ်လပ်မှုရဲ့ အရသာပေါ့…
    ReplyDelete
  10. (၁)
    ဝေလေလေဘဝငါမရချင်။
    (၂)
    အများထိုင်မကြည့်တဲ့ဇာတ် ပရိတ်သတ်ပျက်ချင်ပျက်ပါစေ၊ လာ.. တို့ဆက်ကမယ်။
    (၃)
    ဝမ်းရေးက လွမ်းရေးကိုနိုင်တယ်ဆိုရင် ငါ-ကချင်မှ ကဖြစ်တော့မယ်။
    (၄)
    ဟန်ကိုယ့်ရင်ကော့၊ မတတ်တဲ့ အဆိုအက၊ ဒီအရပ်နဲ့ဒီဇာတ် မင်းသားတော့ မဖြစ်ချင်၊ အပြစ်မြင်ငြိုငြင်မနေ့ တို့ဝမ်းရေးကခက်ကနဲ့ပါကွယ်။
    သုခမိန်(E-Journal)
    ReplyDelete