Thursday, December 4, 2008

"ကြိုပွိင့် အလွမ်းပွင့်"
သစ်ရွက်တွေစီ
ရောင်စုံခြယ်ပန်းချီလို
စိမ်း… ဝါ ..နီ
အလှတွေအလီလီပြောင်း
မိုးနှောင်းရဲ့ ဆောင်းဦးရာသီ။
ခါတော်မီ ပသာဓကို
တသသ ဖြစ်အောင်
ခြယ်မှုန်းပန်းချီ
ဖွဲ့သီတေးချင်း
ရိုက်ကွင်းနဲ့ စာကဗျာ
(အနုပညာရပ်ဝန်းကလဲ…)
မှော်အသက်သွင်းနေတယ်…။
အရင်းအစစ်
တစ်ဆောင်းလွင်လွင်သစ်ရင်တော့
နှင်းစင်ရိုက်ခတ်
ရွက်ပြတ်တွေလွင့်စင်
ရိုးတံညိုနဲ့
ရွက်အိုတို့တမ်းချင်းမှာ…သာ
အလွမ်းပွင့်တွေ ဝေ။

5 comments:

  1. ဂွတ်ထ.. ဂွတ်ထ.. ရှယ်ပဲ.. သားသားကြိုက်တယ်...

    စာကြွင်း။ ။ ပသာဒ က "ဒဒွေး" နဲ့ "ဒ" တာဗျို့...။

    ReplyDelete
  2. ကဗျာလေးကို သေသေချာချာ ဖတ်ပြီး
    ကဗျာမပီ စာမပီ အတွေးလေးတွေ သီကုံးလိုက်တယ်။

    ရာသီပြောင်းချိန် ဆိုတဲ့ ခေါင်းစဉ် လေးကိုပဲ ယူသုံးလိုက်တယ်။

    လာဖတ်ပါဦး။

    ReplyDelete
  3. စကာလုံးတွေ က ပြောင်မြောက်လှချည်လား

    ReplyDelete
  4. မမေအောင် ..မင်္ဂလာပါဗျာ၊၊ ကဗျာလေး ကောင်းပါတယ်ဗျာ ၊၊

    ReplyDelete
  5. ရွက်အိုတို့တမ်းချင်းမှာ
    အလွမ်းပွင့်တွေ ဝေ.. ဆိုတာလေးကို သဘောကျပါတယ်။ ကြိုပိုင့်အလွမ်းတွေပေါ့ ခင်မျာ။

    သုခမိန်(E-Journal)

    ReplyDelete