Sunday, November 2, 2008
ယနေ့စားစရာ
ဒီနေ့ ဘလော့ကြွလာ မိတ်သဟာ အပေါင်းကို မဇနိရဲ့ ထမင်းဟင်းတွေနဲ့ ဧည့်ခံပါတော့မယ်ဗျ။
ကျနော်ကတော့ ဒီဘလော့ဂ်ထမင်းဆိုင်က စားပွဲထိုး ကိုဇနိပါ။
ဒီဆိုင်မှာက မှာချင်ရာ မှာစားလို့ မရပါဘူး။
မဇနိရဲ့ ရင်တွင်းက ချင်ခြင်းဖြစ်လို့ စားချင်မှ ချက်တဲ့ ရင်းတွင်းဖြစ်ဟင်းတွေပဲ စားလို့ရတာပါ။
ကဲ စလိုက်ကြအောင်...
ဒီနေ့တင်မှာ ဘာဟင်းတွေပါလိမ့်...
ဒီနေ့ထမင်းဝိုင်းမှာကတော့
၁ ။ ထမင်းဖြူ
၂။ ခရမ်းကြွတ်သီး နဲ့ နံနံပင်
၃။ ဝက်သား၊ ဇီးဖြူသီးခြောက်၊ပုန်းရည်
၎။ ခရမ်းချဉ်သီးငပိချက်
ဒီလို ဟင်းလျာတွေက ကျနော် ရန်ကုန်ကို ပြန်တုန်းက မဇနိက နေ့တိုင်းလို ချက်ကျွေးခဲ့တာပါ။
အခုတော့လည်း သူသည်လည်း တစ်ယောက်တည်းစားလို့ ကျနော်သည်လည်း တစ်ယောက်တည်း ငေးလို့...
သနားစရာကောင်းလိုက်တာ...
ဒီမောင်နှံကို ခွဲထားတဲ့ ကံကြမ္မာရယ် ရက်စက်ပါပေ့...
(ကြုံတုန်းအလွမ်းသယ်နေတာ)
ကဲ ကဲ ကျနော်လေရှည်နေတာနဲ့ စာဖတ်သူတွေလည်း စားချင်တာ မစားရ ဖြစ်နေဦးမယ်...
ဓာတ်ပုံကိုသာ ကြည့်ပြီး တဝကြီးစားကြပေတော့ဗျာ..
ကိုဇနိ
17 comments:
  1. ဟယ်။ မဇနိ က ချင်ခြင်းဖြစ်နေပြီဆိုဘဲ။
    ReplyDelete
  2. ထမင်းလေးက ဝဘူး။ ထပ်ထည့်ပေးပါ။ အများကြီး။
    ReplyDelete
  3. ဟင်းချိုလေးလုပ်ပါဗျို့။ရန်ကုန်သူ မှ ပွဲ တောင်းသည်။ ရန်ကုန်သူ များ အရည် မပါ မစားတတ် သကဲ့သို့ဖြစ်သည်။ ချဉ်ရည် သို့မဟုတ် ဟင်းချို အမြဲ ပါသည်။( မိဘ လက်ထက်တွင် ရှိ စဉ် ကဖြစ်သည်. KMSL လက်ထက်တွင် တော့ ထမင်းတောင် နပ် မမှန်ပါ.။ဟင်းချိုပါ ဘို့ နေနေ သာသာ။ )
    ReplyDelete
  4. သနားပါတယ် ကွယ်တို့ ။ နွဲ့ယဉ်ဝင်း သီချင်းလို့ ရွှေပင်လယ်ကြီး ခြားလို့ အမြန် ဆုံးနီးပါစေဗျာ။
    ( ကိုဇနိ ဘက် က ကျွန်တော် ပိုခံစားရတယ်ဗျာ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ က မစားရတဲ့ သူ မို့လို့ပါ။ လွမ်းရတာချင်း အတူတူ.)
    ReplyDelete
  5. အရမ်းစားချင်တယ်။ အရမ်းစားချင်ပါတယ်ကွယ်။ ခရမ်းသီးကို ကျွတ်ကျွှတ် မြည်အောင် ကိုက်ဝါးစား နံနံပင် ကလေးကိုတို့။ ငပိချက်နဲ့ ထမင်းကို နယ်။ ပုန်းရည်ကြီးဝက်သားကို အရသာ ခံပြီး ပါးစပ်ထဲ မှာ တမြုံ့မြုံ့ဝါး။ ကောင်းလိုက်တာကွယ။် ဒီလိုမျှိုးဘယ်တော့စားရမလဲ။ရန် ကုန်ရောက်ရင် လိပ်စာပေးပါကွယ်။ ထမင်းစားချိန်နီးရင် လာလည်ချင်လို့ပါ။ “ဒန်ပေါက်ဝယ်လာပြီးလဲ စားပါ့မယ်။
    သော်တာဆွေ ဝတ်ထုထဲ က လိုပေါ့။ သူ့သူငယ်ချင်း က ဒန်ပေါက်တွေဝယ်လာပြီး သော်တာဆွေ လင်မယားအပြင်သွားတုံးရောက်လာပြီး။ သု့မိန်းမ ချက်ထားတာတွေ အားလုံးစားသွားပြီး ဒန်ပေါက် ထားခဲ့တယ် ဆိုတာမှိုးပေါ့ကွယ်။
    မဇနိကတော့ စိတ်ကောက်တော့မှာဘဲ အရှည်ကြီး ကို ဇနိကိုရေးတယ် ဆိုပြီး။ အစားနဲ့ မျှားတာကိုညီမရယ် အစ် မ က ဒါ မှူိး စိတ် မခိုင်ဘူး။
    ReplyDelete
  6. ဟိဟိ..ကို/မဇနိရယ်..ခွဲနေရတဲ့ နိမောင်နှံကို ရီတာမဟုတ်ဘူးနော်
    မမကေအိုအမ် မန့်တာကိုကြည့်ပြီးရီတာပါ..
    ReplyDelete
  7. ကြည့်ရတာ..မမကေအိုအမ်ပျော်ရွှင်ပုံပဲ...
    နိနိရေ...
    ပေါက်အတွက် အသားကို မမကေအိုအမ်ကိုပဲပေးစားလိုက်ပါနော်..
    ပေါက်ကထမင်းလေးနဲ့ခရမ်းချဉ်သီးငပိချက်နဲ့
    ခရမ်းကျွတ်သီးဆိုတော်ပါပြီ..
    ReplyDelete
  8. ဟီးဟီး ထမင်းလာစားတာ .. မမခင်ဦးမေ ရဲ့
    ဟာဒရရွှင်ဆေးနဲ့ တိုးနေတယ်။ အဲဒီတော့
    ပြုံးပြုံးကြီးနဲ့ ထမင်းတွေစားသွားပါတယ်.မဇနိ နဲ့ ကိုဇနိ တို့ရေ..း)
    သြော်..စိတ်ကောင်းဘူး..
    ရွှေပင်လယ်ကြီးခြားနေတဲ့ အတွက်.
    အမြန်ဆုံးပြန်လည်ပေါင်းဆုံနိုင်ကြပါစေလို့
    ဆုတောင်းပေးသွားပါတယ်နော်။
    ခင်တဲ့
    ReplyDelete
  9. မခင်ဦးမေ comment ထဲကလိုပေါ့... အမလည်း ထမင်းကို ခရမ်းချဉ်သီးငပိချက်နဲ့ နယ်ပြီး ခရမ်းကျွတ်သီးလေး တို့စားမလို့... ၀က်သားလည်းပါတယ်.. ဒါပေမယ့် ကိုဇနိလေး အလွမ်းသယ်တာ မြင်ရတော့ မစားရက်တော့ဘူး..သနားပါတယ်..... :(
    ReplyDelete
  10. မမကွိရေ ၊ မကြီးဂွိ ဘာတွေလာသောင်းကျန်းသွားတာလဲဗျ၊၊
    ဗိုက်ဆာတယ်ဗျာ .. မမနိ ဟင်းချက်တဲ့ ပို့စ်တွေအားလုံးက ဟင်းတွေကို စားချင်တယ်၊၊ကိုနိ ကြီးရေ ..ကံကောင်းတယ်နော် ၊၊ မမကွိ က ဘက်စုံ တော်တယ်၊၊
    ကိုကြီးဝီ
    ReplyDelete
  11. မမခင်ဦးမေမန့်တာကြည့်ပြီး ပြုံးမိသွားတယ်...
    စားချင်စရာပဲ.... ထမင်းဝင်စားသွားတယ်. နည်းနည်းပဲစားတာပါ. သိပ်မစားပါဘူး..... :P
    စားပြီးတော့ ဆုတောင်းပေးသွားမယ်
    ကိုဇနိနဲ့ မမဇနိ မြန်မြန်ပြန်ဆုံနိုင်ကြပါစေ...... :D
    ReplyDelete
  12. ကိုနိ လာလဲမပြောဘူး :'( ကုန်ပြီလားမသိ ငပိချက်နဲ့ နံနံပင် တို့စားရတာကြိုက်တယ် ကိုနိ ၊မမနိ တို့အမြန်ဆုံးနီးပါစေနော်
    ReplyDelete
  13. ကိုနိ နဲ့  မမနိ အ၀ါဟ ၀ိဝါဟ မင်္ဂလာဆောင်ပြီးရင် အဲ့လိုမျိုးအပြင်မှာတကယ်ကျွေးနော်း)
    ReplyDelete
  14. ရော့ ရော့ ကိုနိပိုစားလိုက်..လွမ်းနေတာဆိုတော့။
    အမ အတွက်ပါ ပိုစားလိုက်။ အမ မစားတော့ဘူးနော်..
    ဂလု..။
    ReplyDelete
  15. ဟင့် အကျန်လေးဘဲ ကပ်တီးသွားရတယ်။ မkom အကုန်တီးသွားလို့ ။ ခရမ်းကျွတ်သီးလဲမကျန်၊ ၀က်ပုန်းရည်လေးနည်းနည်းကျန်တာနဲ့  ခရမ်းချဉ်သီးငပိချက်လေးကို ကျန်လူးလေးထမင်းနဲ့လူး ပြီးဝါးတီးပေးသွားတယ်။ နောက်ပို့ စ်တွေ စားစရာမတင်ရလို့ အမိန့် ထုတ်ရမလို ဖြစ်နေပြီ။စားစရာတွေ ပြပြပြီးညှင်းပန်းနှိပ်စက်နေပါတယ်ဗျို့ 
    ReplyDelete
  16. ပင်ပန်းပြီး အစားအသောက်ပျက်နေတာနဲ့ အတော်ပဲ… ဇီးဖြူပုန်းရည်ဝက်သားလေးကလဲ ခံတွင်းတွေ့ … ခရမ်းကျွတ်သီးလေးကလဲ တို့ လို့ ကောင်း… ချက်ပေးတဲ့ ညီမလေးနိနိကိုလဲ ကျေးဇူး… ဝေမျှကျွေးတဲ့ မောင်လေးကိုဇနိကိုလဲ ကျေးဇူး… အမြန်နီးရပါစေလို့ ….
    ReplyDelete
  17. မKOMတို့ကတော့ မနိုင်ဘူး။ လွှတ်စားတော့တာပဲ။ နောက်လူအတွက် ချန်အုံးဗျ။ ဟီးးးးး
    ReplyDelete