Friday, November 21, 2008

ပဲ့ပဲ့


ညီလေး ပဲ့ပဲ့
အကိုကြီး ပဲ့ပဲ့
ဆရာကြီး ပဲ့ပဲ့
တပည့်ကြီး ပဲ့ပဲ့
အပဲ့ သံသရာ
အပဲ့ ဒီကမ္ဘာမှာ
အပဲ့များစွာ နေကြလေသတည်း။

ငါပဲ့နေလည်း
သူသိသားပဲ
သူပဲ့နေလည်း
ငါသိသားပဲ
သို့သော်ပေငြား
ငါပဲ့တာကို
သူမသိသလို
သူပဲ့တာကို
ငါမသိသလို
ဟန်ဆောင် ပဲ့ကြပါလေသည်။

ဤသို့ဖြင့်…
ပဲ့ခြင်းကမ္ဘာ
ပဲ့ဒေသမှာ
ပဲ့ခြင်းတေးသံ
ပဲ့ညံနေလျက်
ပဲ့ခြင်း ရွဲ့ခြင်း
ထုံထုံသင်း၍
နှစ်ပေါင်းများစွာ
အပဲ့သံသရာ
ပဲ့ကာ ပဲ့ကာ လည်တော့သည်။

16 comments:

  1. ညီလေး ပဲ့ပဲ့ရောက်ပါပြီ..
    ကိုကြီး ပဲ့ပဲ့ရဲ့ ပဲ့ပဲ့ကဗျာလေးက ပြောစရာမရှိအောင်ကို
    ကောင်းပါတယ် ကဗျာရဲ့ အစက ကျွန်တော်နဲ့စထားတာပဲ..ညီလေး ပဲ့ပဲ့တဲ့ :(

    ReplyDelete
  2. အပဲ့..အပဲ့ချင်းတွေ့နေကြတယ်..
    နာတို့က ပကတိအကောင်းစားလေးတွေ..(ဟဲဟဲ)

    ReplyDelete
  3. ကဗျာလေး က ပျော်စရာ ကောင်းတယ်ဗျာ ကိုနိ ၊၊သရုပ်လည်းပေါ်တယ် ၊၊ တစ်ခါကျက်ရင် မမေ့တော့မယ့် ကဗျာလေးတစ်ပုဒ်လိုပါပဲ ကိုနိရေ ၊၊
    မင်္ဂလာနံနက်ခင်းပါ ၊၊

    ကိုကြီးဝီ

    ReplyDelete
  4. ကိုကြီးပဲ့ပဲ့ ဘယ်ချိန်က ကဗျာစပ်လိုက်တာလဲ။ အဲဒီလို စောင်းချိတ်မပြောပါနဲ့လေ။
    သမီးပဲ့ပဲ့

    ReplyDelete
  5. မြင်သာပါပေရဲ့ ကိုဇနိရေ....
    သက်ဆိုင်သူတွေကို တိုက်ရိုက်ပဲ ဟ. ဟ .ဟဟဟ

    ReplyDelete
  6. ငပဲ့တစ်ယောက် ပဲ့ပဲ့ ကဗျာလေးကို မှတ်တမ်း တင်သွားကြောင်းပါ...

    http://winzaw-mdy.blogspot.com

    ReplyDelete
  7. သာမီး ပဲ့ပဲ့လည်း လာဖတ်သွားပါတယ် :P

    ReplyDelete
  8. Blogger ဇနိ said...

    “ဟဲ့ ရှင်မဆက်တာတောင် ကြာနေပြီ ဘယ်တွေပျောက်နေတာတုန်း”

    `အင်း မဆက်ဆို မအားလို့ ဟေ့။ ဟဲ့ပြောရအုန်းမယ် သိပြီးပြီလား
    လင်း မင်္ဂလာဆောင်တော့မယ်တဲ့

    `ဟယ် တကယ်ကြီးလား?´

    ` သြော် ဒါဘာဟုတ်သေးလို့ လဲ ဒီထက်တောင် ဆိုးသေး
    မနက်ဖြန်တဲ့တော့
    ` ဟုတ်ပါ့မလားဟယ်´

    `သေချာပါတယ်ဟယ် ပြောထဲလူကတော့
    ဘလော့ဂါတွေ အားလုံး လက်ဖွဲ့မယူလာရဘူးဆိုပဲ

    `အေး အဲဒါဆိုလဲ ပြီးရော။ ဟိုတစ်ယောက်ကိုဆက်ပြီး ပြောပြလိုက်အုန်းမယ်'

    `ကျုပ့်ဆီက ကြားတယ်တော့ မလုပ်နဲ့ နော်။ ဒီတိုင်းဘဲ ကြားတယ်လို့ ပြော´
    သူက လက်ဖွဲ့မပါရင် သွားတတ်တာမဟုတ်လို့လေ

    `အေးပါဟယ်။ စိတ်ချ စိတ်ချ´
    ဒီလိုနဲ့ မဇနိတယောက် ဘယ်လိုလေး ရှိုးထုတ်သွားရလဲ စဉ်းစားလိုက်တာ ဟင်းအိုးတူးသွားပါပကော
    မဇနိ

    November 21, 2008 7:31 PM

    ReplyDelete
  9. ဒီကဗျာတော့ ကိုနိရေးတာ ဟုတ်ပါတယ်နော်..
    မနေ့က ပဲ့သွားလို့ အဲလေ.. မှားသွားလို့ :P
    ပုံ
    မမပဲ့ပဲ့

    ReplyDelete
  10. ဘာများပဲ့ပါသွားတာမှတ်လို့ ကိုပဲ့ အဲလေ ကိုဇနိရာ။

    ReplyDelete
  11. ကိုဇနိရေ.. ပဲ့ပဲ့... တွေချည်းပါပဲလား...

    ReplyDelete
  12. ပဲ့၇ုံ ပဲ့တာ တော်သေးတာပေါ့

    ReplyDelete
  13. အစ်ကို တော်တော် ပဲ့ တယ်ဗျာ ။ :P

    ReplyDelete
  14. ကိုနိ ပဲ့ ညီလေးပဲ့ လာသွားတယ်း) ဒီမှာလည်း တော်တော်ပဲ့နေုပြီးး ဟိဟိ ဘာပဲ့တာလည်းတော့မသိ ။

    ReplyDelete
  15. အာ..
    အတော်ပဲ့တဲ့ ကဗျာ။

    သုခမိန်(E-Journal)

    ReplyDelete