Friday, November 14, 2008
ခေါက်ဆွဲပြုတ်
ခုရက်ပိုင်း အလုပ်တွေရှုပ် စိတ်တွေညစ် ညတွေ မအိပ်ရ၊ အိပ်မပျော်ဘူးပေါ့။ ဟင်းလည်းချက်မစားနိုင်။ ဒါနဲ့ပဲ ခေါက်ဆွဲနဲ့ အသီးအရွက်လေးတွေ ဖြစ်သလိုစားနေတာပါ။ ဒီနေ့တော့ ဟင်းချက်စားမယ်။ မစားရသေးဘူးပေါ့လေ။ ရာသီဥတုအေးနေတော့လည်း ခေါက်ဆွဲပူပူလေးက စားလို့ကောင်းပါတယ်။ ပဲငံပြာရည်နဲ့ ကိုယ်ဟာကိုယ်လုပ်တဲ့ ramen ခေါက်ဆွဲပေါ့။ နောက်တမျိုးကတော့ ခေါက်ဆွဲချက်လို့ ခေါ်ရမလား။ အသားနဲ့ အသီးအရွက်တွေနဲ့ ချက်စားလိုက်တာပါ။
ဒါက ဆိုင်မှာ စားဖြစ်တဲ့ ခေါက်ဆွဲ..
ဒါတွေကတော့ အိမ်မှာ လုပ်စားဖြစ်တဲ့ ခေါက်ဆွဲပြုတ်..
စားစရာလာမေးတဲ့ မေမိုးနဲ့တကွ အလည်လာသူတွေ အားလုံးပဲ ဓာတ်ပုံတွေကြည့်ပြီး အဝစားသွားကြပါ...
မဇနိ
11 comments:
  1. အစ်မရေ
    ဒီအိမ်ရောက်ရင် တစ်ခုခု စားရမယ်ဆိုတာ သိလို့ ဦးဆုံးရောက် လာတယ်။ အိမ်က ခေါက်ဆွဲပြုတ်က ပိုအရသာရှိမဲ့ပုံပါပဲ၊ သူက ပုဇွန် နိုင်းချင်းနဲ့မို့ပါ။ ကျေးဇူး ....
    Http://winzaw-mdy.blogspot.com
    ReplyDelete
  2. မရောက်တာကြာလို့ ရောက်လာကြည့်တော့ သဘောကောင်းတဲ အစ်မဇနိက ခေါက်ဆွဲကျွေးနေတာ မြင်တယ်။ =) ဒါနဲ့ပဲ ပုဇွန်နှိုက်စားသွားပါတယ်။
    ReplyDelete
  3. အောက်ကနှစ်ပန်းကန်လုံးမသွားပြီ ။ နောက်လူတွေဖို့ ဆိုင်ကဟာပဲချန်ခဲ့တယ် ဟီးဟီး :P
    ReplyDelete
  4. ယောက်ကျားယူကာနီး အပိန်ကျင့်တယ်လို့ ဝန်ခံလိုက်စမ်းပါ။
    ReplyDelete
  5. ခေါက်ဆွဲခြောက်ပြုပ်မကြိုက်ဖူးအေ..
    အရင်နေ့ကခေါက်ဆွဲသုတ်ပဲစားတော့မယ်..
    ReplyDelete
  6. အညာစာ အပြင် တရုတ်စာလဲ ရတာပါပဲလားဟ။
    လစ်မှ.. ဂလု..။
    ReplyDelete
  7. အမက ramen တော့ ကြိုက်တယ်.. လုပ်နည်းမသိတော့ ဆိုင်မှာပဲ ၀ယ်စားဖြစ်တယ်.. အဟီး.. ဒီနေ့ညစာ ကောင်းကောင်းမစားထားတော့ ဓာတ်ပုံမြင်ပြီး ဗိုက်ဆာလာပြီ.. အိမ်လည်ထွက်နေတာ မပြီးသေးဘူးရယ်.. ဆက်လည်လိုက်ဦးမယ်... :D ကျန်းမာရေးတော့ ဂရုစိုက်ပါနော်.. ရာသီဥတု ပြောင်းလာပြီ မယ်မျှင်လေးရေ... :)
    ReplyDelete
  8. မဇနိလက်ရာလေးက ပိုစားကောင်းမယ့်ပုံပဲနော်။
    ReplyDelete
  9. မမကွိ အလုပ်တွေရှုပ် စိတ်တွေညစ်နေရတာလား ၊၊ မပူပါနဲ့ဗျာ ၊၊အားလုံးအဆင်ပြေမှာပါ ၊၊ဒီလိုပါပဲလေ ၊၊
    ကိုကြီးဝီလည်း တူတူပါဗျာ ၊၊ အေးဆေးပေါ့ ၊၊ ဟုတ
်ဝူးလား ၊၊ ခေါက်ဆွဲပြုတ်လေးသောက်လိုက်အုံးမယ် ၊၊ ပြီးမှ ဆက်ပြီးအရှုပ်တွေလုပ်ကြစို့ မမကွိ ၊၊
    အားရင် ကိုကြီးဝီ ဆီလာလည်ဗျာ ၊၊ ကွိကွိ ဂွိဂွိ ခွိခွိ တို့လာရင် ပျော်တယ်ဗျ ၊၊
    ReplyDelete
  10. ခေါက်ဆွဲပြုတ်က ပုံထဲမှာကို စားချင်စရာကြီး.... မိုက်တယ်။
    ReplyDelete
  11. မဇနိ ရေ ..
    အိမ်မှာလုပ်စားတဲ့ ခေါက်ဆွဲ က ပိုအရသာရှိမယ့် ပုံပဲ။
    ဟီးဟီး..ပုဇွန်လေးတွေ နှိုက်စားသွားတယ်။
    ကိုဇနိ က ဒီတခါ စာပွဲ မထိုးပေးဘူးလား။း)
    ခင်တဲ့
    ReplyDelete