Tuesday, November 25, 2008

Nabe


မနေ့က မြန်မာမိသားစုအိမ်မှာ နဘဲနဲ့ အကြော်မျိုးစုံ၊ ခေါက်ဆွဲကြော်နဲ့အတူ ဘီယာသောက်ကြတယ်။ မဇနိကတော့ နဘဲကြိုက်လို့ ဗိုက်တင်းအောင်စားခဲ့တယ်။ မဇနိကြိုက်တဲ့အစားက ရှားပါးတော့ နဘဲတွေတအားစားတဲ့ မဇနိကို သူတို့အံ့သြနေတယ်။ အစားဂျီးများတာ သူတို့တွေသိနေတာကိုး။ ဒါနဲ့ အပြန်မလေးခေါက်ဆွဲကြော်ထည့်ပေးလိုက်တဲ့အပြင် ဒီနေ့စားဖို့ နဘဲတခါချက် အစုံအလင်ထည့်ပေးလိုက်သေးတယ်။
မိဆိုးဟင်းအနှစ်၊ ကြက်သားမှုန့်၊ ကင်မ်ချီအနှစ်၊ အသီးအရွက်အစုံ ထုတ်ပိုးသယ်လာလို့ ခုပဲ ချက်လိုက်တယ်။
နဘဲက ပါတီတွေမှာလဲ ဂတ်စ်မီးဖိုတည်ပြီး အိုးကြီးထဲကနေ ပန်းကန်အသေးလေးတွေနဲ့ တပျော်တပါးစားကြရတယ်။
ဂျပန်ရိုးရာအရတော့ ချစ်ခင်မှုနဲ့ အိုးတလုံးထဲကနေ အတူတကွ ခပ်စားကြတယ်လို့လည်း ပြောပါတယ်။
အဓိက မိဆိုးဟင်းနှစ်ပါပဲ။
မဇနိက အသားမကြိုက်လို့ လုံးဝမထည့်ပါဘူး။
ငါးသေးသေးလေးတွေနဲ့ ငုံးဥပဲ ထည့်ပါတယ်။
ရာသီဥတုအေးရင် မီးဖိုပေါ်က ပူပူလေးခပ်စားရတာ မဇနိကတော့ ကြိုက်လှပါတယ်။
ဒီနေ့လည်း တကယ်က ပါတီပြန်လာလာချင်း ချက်လိုက်တာပါ။
ပါတီမှာ ဆုရှီအ၀စားပါတီဖြစ်ပေမယ့် ဘယ်လိုမှမကြိုက်တော့ သိပ်မစားခဲ့ပါဘူး။
ပိုက်ဆံကတော့ ယမ်း ၅၀၀၀ ပေးခဲ့ရပါတယ်။
ကိုယ်ကြိုက်တာ မစားရရင် ဗိုက်မပြည့်တဲ့အကျင့်အတိုင်း နဘဲချက်လိုက်တယ်။
မနက်ကချက်တဲ့ ဒန်ပေါက်လိုလို ပဲထမင်းလိုလိုကို နွှေးစားလိုက်ပါတယ်။
ထမင်းကြော်နဲ့လည်း တွဲစားလို့ကောင်းမယ်။
ထမင်းကို ကြက်သား၊ အသီးတချို့နဲ့ မနက်က ချက်ခဲ့တာပါ။
သူနဲ့ ဝေးကွာနေလို့ အားငယ်နေတဲ့ မဇနိကို ချစ်ခင်စွာလာရောက် အားပေးစကားပြောပေးကြတဲ့ အကို၊ အမ၊ မောင်လေး၊ ညီမလေး၊ မိတ်ဆွေ သူငယ်ချင်းများအားလုံးကို မဇနိကလည်း ချစ်ခင်စွာချက်ကျွေးလိုက်ပါတယ်။
ပျော်ရွှင်ကြပါစေ။









မဇနိ

13 comments:

  1. အရင်ဦးအောင်စားသွားပြီ..
    ကြိုက်တယ်..နိနိ...

    ReplyDelete
  2. ပေါက်က..မိဆော့..မကြိုက်ဖူး..
    မိဆော့..ဟင်းရည်လည်းမကြိုက်ဖူး..
    ဒီနဘဲ့ကိုတော့...ဟင်းသီးဟင်းရွက်များလိုက်..အ၀စားသွား
    ပါတယ်လေ..ဟိ

    ReplyDelete
  3. ပေါက်. နောက်မှ ရောက်လာပြီးတော့။..

    နဘဲဆိုတာ ဘာလဲ.

    လာပြန်ပြီ.. မိဆိုးဟင်း အနှစ်တဲ့. ရန်ကုန်သူ မသိပါ..
    တခါမှ မစားဘူးလို့ အသည်းယားယားနဲု့မြည်းကြည့်သွားပါကြောင်း.

    ReplyDelete
  4. နဘဲ ဆိုတာ ဘာမှန်းမသိပေမဲ့ ဟော့ပေါ့လို ဟာမျိုး၊ ချစ်ခင်သူတွေ အတူ စု စားကြရတဲ့ဟာမျိုး လို့ ထင်ရတာပဲ။ အဲဒါကို နိနိ တယောက်တည်း စားနေတော့ အဖော်ရအောင် မကြိုက်သော်လည်း မမ kom တို့ ပေါက်တို့နဲ့ အတူ တို့လဲ လာထိုင် စားသွားပါတယ်။
    ထည့် ထည့် နိနိ၊ ထပ်ထည့် စား။

    ReplyDelete
  5. အသီးအရွက်တွေက လတ်ဆတ်ပြီး ချိုမယ့်ပုံပဲနော်။ ရှလွတ်..။

    ReplyDelete
  6. နိနိရေ...ညဘက်ကြီး လာလည်မိတာ ဒုက္ခရောက်ပြီ။ နဘဲ့ကြည့် ပြီး ဗိုက်ဆာလာလို့ ..ရှလွတ်ပလွတ်။ အမလဲ နဘဲ့ကြိုက်တယ် :P

    ReplyDelete
  7. ဟင့် သိပ်တောင်မကျန်တော့ပါလား။ ရှေ့ ကလူတွေ စားသွားတာ။ ကျန်ကောက်ကောက်ပြိးတီးသွားတယ်။ ထပ်ချက်ပါအုန်း

    ReplyDelete
  8. မဇနိ ရေ..
    နဘဲစားသွားတယ်နော်.. အိုအိရှီးးးးးးး)

    ReplyDelete
  9. အစ်မချက်တဲ့ အစားအစာတင်တိုင်း နောက်ကျမှ ရောက်တတ်ပေမယ့် နှစ်သက်ပါတယ်။ ဒါပေမယ့် (နဘဲ)နဲ့(မိဆိုးဟင်း)ဆိုတာတော့ သေချာ မသိခဲ့ပါဘူး။
    http://winzaw-mdy.blogspot.com

    ReplyDelete
  10. မစားဖူးဘူး မမနိ ဟော့ပေါ့ လိုပဲထင်တယ် ဘာပဲဖြစ်ဖြစ် အသီးအရွက်တွေများကြီး ကြိုက်တယ် :D

    ReplyDelete
  11. အလိုလေးဗျာ
    မိဆိုးတဲ့၊ မိဆော့တဲ့၊ နဘဲတဲ့
    မသိပါဘူး ရွာကကလေးတွေများလားလို့။ နောက်မှ ဂျပန်စာတွေ ဖြစ်နေတယ်။ စား စား မမနိရေ။ ကိုကိုနိကို လွမ်းလွမ်းနဲ့ စား။

    ReplyDelete
  12. မကွိ ... နဘဲ ရှိသေးလားဗျာ ၊၊ ကုန်သွားပြီလား ၊၊ ထပ်မချက်တော့ဘူးလား ၊၊ဗိုက်စာလို့ ၊၊ လာငြီကြတာဗျ ၊၊ ကွိကွိ

    ကိုကြီးဝီ

    ReplyDelete
  13. မဇနိချက်ထားတဲ့ နဘဲကို ကြည့်ပြီး စားချင်လိုက်တာ.. အမက ကိုယ်တိုင်တော့ တခါမှမချက်ဖူးဘူး.. ဆိုင်မှာတော့ ၁ ခါ ၀ယ်စားဖူးတယ်.. သိပ်တောင်မမှတ်မိချင်တော့ဘူး.. မဇနိဆီလာလည်ရင် ပြန်မှတ်မိသွားအောင် ချက်ကျွေးနော်.. ကိုဇနိကို သတိရတယ်ပြောပြီး ငိုရင်းနဲ့ နဘဲတွေ မစားနဲ့ဦးနော်... :)

    ReplyDelete