Thursday, November 20, 2008

အဆုံးများစွာ ရဲ့ ရင်ခွင်

ဒီရင်ခွင်ဟာ..
ကိုယ့်ဘဝရဲ့
ပထမဦးဆုံး ရင်ခွင်ဖြစ်သလို
ဘဝအဆုံးထိ
နောက်ဆုံးခိုလှုံသွားမဲ့
အတွယ်တာဆုံးရင်ခွင်..ဖြစ်တယ်။
ဒီရင်ခွင်မှာ
အမြတ်နိုးဆုံးတွေကို
အနွေးထွေးဆုံး မြှူပ်နှံ
ရင်ခုံသံတွေ အဆုံးမှာ
အမုန်းတွေလည်း
ပြိုလဲကျဆုံးသွားခဲ့။
ဒီရင်ခွင်မှာ
အဆိုးရွားဆုံး ..ဆိုတာတွေ
ကြုံတွေ့လာခဲ့ရင်
အရှုံးကျိန်စာသင့်သူလို့သာ
ကိုယ့်ကိုကိုယ်ယူဆ
မည်သူ့ကိုမှ
တုံ့မယူလို ပါ။
……
ဒီရင်ခွင်ကနေပဲ
မဂ်လမ်းဆုံးဆီကိုသွားဖို့
အဆုံးမရှိတဲ့
သံသရာမှာ
ခဏသာကျင်လည်မယ်လေ။

17 comments:

  1. ကာယကံရှင်ကို တည့်တည့်ရေးထားတဲ့
    ကဗျာကောင်းလေး...
    အဆုံးများစွာ ရဲ့ ရင်ခွင် က ခေါင်းစဉ်နော်....
    ခေါင်းစဉ်နဲ့ စာနဲ့ font တူ ၊အရောင်တူဖြစ်နေလို့
    အောက်က စာလို ခေါင်းစဉ်က သိသာထင်ရှားရင်ပိုကောင်းသလားလို့..
    ကိုယ်တိုင်ဘာမှမတတ်ပဲ အာချောင်သွားပါကြောင်း

    ReplyDelete
  2. အေးခဲတဲ့ ဆောင်းရောက်ခါမှ အနွေးဆုံး ရင်ခွင်ကို တမ်းတဖော်ရတယ်၊ လူဆိုး .. ..
    (စတာပါ)

    http://winzaw-mdy.blogspot.com

    ReplyDelete
  3. ကဗျာလေး သေချာဖတ်သွားပါတယ် :)

    ReplyDelete
  4. အဆုံးများစွာရဲ့ ရင်ခွင်။
    ကဗျာလည်းဆုံးရော ခေါင်းစဉ်ရဲ့ အဓိပ္ပါယ်က ပိုလို့လှလာပါလေရော...

    သုခမိန်(E-Journal)

    ReplyDelete
  5. မမေအောင်..ကဗျာလေးကိုခံစားသွားတယ်..

    ReplyDelete
  6. ပိုလှချည်လား။ လိုသေးတယ်လို့ပြောဦးမလား. :P

    ReplyDelete
  7. ဟုတ်ကဲ့ ၊၊ ခုလို ကဗျာလေးကိုသေချာဖတ်သွားပေးလို့ သာမီး ခွိခွိ ကို ကျေးဇူးတင်ပါတယ်ဗျ ၊၊ :P

    ReplyDelete
  8. ကဗျာလဲ ရတာပဲလား နိနိရေ။

    ခိုလှုံပါ ခိုလှုံပါ ခိုလှုံကြပါ..

    ReplyDelete
  9. အရာအားလုံး ကိုနားလည်သွားတာ ထင်တယ်၊၊ ငြိမ်းချမ်းမှုကိုရှာတွေ့သွားတာ ဖြစ်မယ်ဗျာ ၊၊
    ထင်တာပြောသွားပါတယ် ခင်ဗျာ၊၊

    ReplyDelete
  10. ဟီးး..မချိုသင်း(မထုံသင်းနော်)
    လူမှားနေပြီ..
    ကဗျာရေးတာက..မမေအောင်ရေးတာ..

    ပေါက်

    ReplyDelete
  11. ကောင်းလိုက်တဲ့ ကဗျာလေးဗျာ ။ နုလွန်းတယ် ။
    ဒီရင်ခွင်ကနေပဲ
    မဂ်လမ်းဆုံးဆီကိုသွားဖို့
    အဆုံးမရှိတဲ့
    သံသရာမှာ
    ခဏသာကျင်လည်မယ်လေ။

    အဲဒါလေး စားတယ် ။ :)

    ReplyDelete
  12. ပေါက်ရေ.. လှထုံတော့ တလွဲလုပ်ပြန်ပေါ့ တခါ..

    ကဗျာလေးက ကောင်းလွန်းတော့ နိနိ ထင်ပြီး နောက် မိတယ်။ ကိုAndy ဆီမှာ တွေ့မှ ရေးတာ မေအောင် မှန်း သိတယ်။
    ဒု က္ခ ပါ ပဲ...

    ReplyDelete
  13. အခုမှတော့..ဒုက္ခတလို့မရတော့ဘူး
    ဘုန်းကြီးထိပ်ခေါက်ပြီးမှ..ကန်တော့..ကန်တော့လို့
    ပြောလို့ရကြေးလားးးး
    မရဘူး...
    (ဟိ..ဟိ)

    ReplyDelete
  14. အဲဒီလိုခံစား၇တာတွေနောက်ထပ်မကြုံချင်တော့ဘူး

    ReplyDelete
  15. မမေအောင်..ကဗျာလေးကိုခံစားသွားတယ်..နောက်ဆုံး အပိုဒ်လေးက လှသဗျ။

    ReplyDelete
  16. မမေအောင်..ကဗျာလေးကိုခံစားသွားတယ်..နောက်ဆုံး အပိုဒ်လေးက လှသဗျ။

    ReplyDelete
  17. အဆုံးကို ရှာဖွေနေဆဲ
    မဆုံးသေးတဲ့ ခရီးခဲမှာ...
    အဆုံးများစွာရဲ့ ရင်ခွင်တဲ့
    မှင်သက်လို့ ...
    ကိုယ့်ရင်ခွင်ကို ပြန်ငဲ့ကြည့်
    အဆုံးဆိုတာ ဗလာနတ္တိ
    ရော်... ခက်ပါဘိ
    ရှာနေတာက အဆုံး... အမိ။

    ReplyDelete