Saturday, November 8, 2008

အသုပ်စုံ


ဒီနေ့ပျင်းပျင်းရှိတာနဲ့ အခန်းထဲမှာ အသုပ်စုံရောင်းတမ်းကစားလိုက်တယ်။ လုပ်ရတာလည်း မြန်ပါတယ်။ ခေါက်ဆွဲ၊ မုန့်ဟင်းခါးဖတ်၊ ကြာဇံ၊ အာလူး ပြုတ်ပြီး ကြက်သွန်ဖြူဆီချက်၊ ငရုပ်သီးဆီချက်၊ ဂေါ်ဖီ၊ ကြက်သွန်ဖြူ၊ နံနံပင်၊ မန်ကျည်းမှည့်နဲ့ ချဉ်ငံစပ်သုပ်စားတာပါ။ ပထမတပွဲက ငရုပ်သီးမပါဆီဖြူနဲ့သုပ်တယ်။ ဗိုက်ဆာနေတော့ နောက်တပွဲလည်း ကုန်တာပဲ။ နောက်တပွဲကတော့ ကြက်သားလည်း ထည့်လိုက်သေးတယ်။ ငရုပ်သီးပိုစပ်တယ်။ ဟင်းချိုအတွက် ဂျင်း၊ ကြက်သွန်ဖြူ၊ ဂေါ်ဖီ၊ နံနံပင်နဲ့အတူ ပုဇွန်လေးငါးကောင်လောက် ပစ်ထည့်လိုက်တယ်။ ဒါနဲ့ ပဲမှုန့်ကို တို့ဟူးမဖြစ်ခင် ခပ်ပျော့ပျော့ဖြစ်အောင် လုပ်ထားတာလည်း ထည့်သုပ်ပါတယ်။










မဇနိ

13 comments:

  1. မမကွိ အသုပ်စုံကို လာစားတာဗျာ ၊၊ များကြီးထည့်ပေးပါ ၊၊ ပွဲကြီး extra large နော်၊၊ ဗိုက်ဆာလို့ ၊၊ ဂွိဂွိ တို့ ခွိခွိ တို့မလာခင်လက်ဦးအောင် စားချင်လို့ပါ ၊၊ အကုန်သာထည့်ဗျာ ၊၊ ဟီး

    ကိုကြီးဝီ

    ReplyDelete
  2. မဇနိ..နောက်တစ်ပွဲက အစပ်များများလေးဆိုတော့ ပိုစားကောင်းတယ်။ အများကြီးစားလိုက်ပြီနော်။ ဟင်းရည်ကမ၀သေးဘူး..ထပ်ထည့်ပေးဦးနော်။

    ReplyDelete
  3. စပ်စပ်လေး တစ်ပွဲပေးပါ...
    အငန်လျှော့ပါ..
    ဟင်းရည်မှာငြုပ်ကောင်းများများလေး..
    နိနိရေ...
    နေကောင်းလား...
    စိတ်ပျော်ရဲ့လား...

    ReplyDelete
  4. အတော်ပဲ… ခပ်ထိထိလေးတစ်ပွဲလောက်… အစပ်တော့ နဲနဲလျော့ထည့်ပေးပါနော်… အစာအိမ်ပြန်ဖြစ်မှာစိုးလို့ … တစ်ပွဲဘယ်လောက်လဲဟင်…

    ReplyDelete
  5. အမယ်လေး နောက်ကျတော့မလို့ ညနေကလာချောင်းသေးတယ် ချဉ်ငံစပ် ၁ပွဲပေးပါ မမနိ ပိုထည့်ပေးနော် ၂ယောက်စာ :D

    ReplyDelete
  6. စားချင်လိုက်တာ နိနိရေ...
    စားချင်စိတ်တွေသာ ကိုယ်နဲ့ အပြည့် ရှိပြီး ကိုယ်တိုင် လုပ်ရမှာကျတော့ ပျင်း...။ အင်း... တော်တော်တော့
    မကောင်းတာပါကွယ်...။
    နိနိကိုတော့ တကယ်ချီးကျူးပါတယ်... စားစရာ
    အစုံ လုပ်တတ်တဲ့အပြင် အမြင်လှအောင်လဲ လုပ်တတ်ပါပေတယ်...။

    ReplyDelete
  7. တစ်ပုံပြီးတစ်ပုံသေချာကြည့်၊စေ့စေ့စပ်စပ်ကြည့်..
    သွားရည်မျိုချ.....သက်ပြင်းတစ်ချက်ချ၊ ပြန်ပါပြီကွယ်..

    ReplyDelete
  8. မှားပါတယ် ။ လာဖတ်မိပြန်ပြီ ။ :P
    ဂလု ။:D မထူးပါဘူး စားသွားတာပဲကောင်းပါတယ် ။

    ReplyDelete
  9. မဇနိရေ.. တရေးနိုးကြီးလာလည်တာ အသုပ်စုံတဲ့.. ချဉ်ငံစပ်လေး တစ်ပွဲလောက်.. မေမိုးလေး ပြောသလို ၂ ယောက်စာ.. အဟီး.. တကယ်စားချင်နေတာ... :D

    ReplyDelete
  10. စားသွားတယ်ဗျို့.... နေ့လည်စာ စားချိန်နဲ့ ကွက်တိပဲဗျာ..

    ReplyDelete
  11. မဇနိ: အစ်မကိုလည်း တ့ပွဲ ချဉ်ငံစပ် ကလေး။ ဂြီ..ဂြီ..(ဗိုက္မွ သံစံဳ မြည်နေသည်)

    ReplyDelete
  12. တော်တော်ကို သွားရည်ကျချင်စရာ ကောင်းတယ်။။ ၀ိုး..။

    ReplyDelete
  13. နိနိရယ်

    တော်လိုက်တာ... :)
    ချက်တာ စွယ်စုံပဲ
    အသုတ်စုံ ချဉ်ချဉ် ငံငံ စပ်စပ် (ဂလု ဂလု)

    ခင်မင်စွာဖြင့်
    တင်ဇာ
    (^_^)

    ReplyDelete