Friday, October 10, 2008

အာလူးထမင်းနယ်


အဆောင်မှာ သူငယ်ချင်းတွေ မွေးနေ့ ဒါမှမဟုတ် ညဖက်ပျင်းတဲ့အခါ လုပ်စားဖြစ်တာက အာလူးထမင်းနယ်၊ ငါးထမင်းနယ်။ အခုလုပ်စားဖြစ်တာက အာလူးထမင်းနယ်ပါ။ လုပ်ရတာ အလွန်လွယ်ကူပါတယ်။ စားရတာလည်း ကောင်းပါတယ်။



အာလူးကို ပြုတ်၊ အအေးခံထားလိုက်၊ ထမင်းကိုလည်း နည်းနည်းအေးအောင် အိုးအဖုံးဖွင့်ထားတယ်။ ကြက်သွန်ဖြူဆီချက်ရယ် ထမင်းရယ် အာလူးရယ်ကို ဇလုံခပ်ကြီးကြီးမှာ ထည့်နယ်ရပါတယ်။ အာလူးကလည်း စီး၊ ဆန်ကလည်းစီးတော့ သေချာနယ်ရတာ လက်ဖနောင့်တောင် နာတယ်။ အာလူးနဲ့ထမင်း တသားထဲဖြစ်မှာ စီးစီးလေး စားကောင်းတာဆိုတော့ အနာခံရတာပေါ့နော်။ အဆောင်မှာတော့ ရခိုင်ဘင်္ဘောသီးသုပ်စားရင် နယ်တဲ့ ဇလုံအကြီးကြီးနဲ့ နယ်ရတာ။ သူငယ်ချင်းတွေများရင် ထမင်းဆုပ်ကို တယောက် ၂ ဆုပ် လောက်ပဲ ဝေစုရတော့ ဘယ်ထမင်းဆုပ်က ပိုကြီးသလဲ နယ်နေတုန်းကတည်းက ကြည့်ထားရတယ်။

"စားလို့ရပြီ"လို့ ပြောလာမယ့်အချိန်ကို ကိုယ်မှတ်ထားတဲ့ ထမင်းဆုပ်မပျောက်အောင် မျက်တောင်မခတ်တမ်း ကြည့်ထားရတာ။ အခုတော့ ဘယ်သူမှ လုမယ့်သူမရှိတော့ဘူး။ ဒါပေမယ့် စိတ်က ခပ်ကြီးကြီးထမင်းဆုပ်လေးကို အရင်ထည့်စားဖြစ်နေတယ်။ လူတွေအများကြီးဆို အဆုပ် ၃၀၊ ၄၀ လုပ်ရတာကိုး။ အာလူးထမင်းနယ်က ခပ်စီးစီးဆိုတော့ စားရတာ အီလွယ်တယ်။ ငရုပ်သီးလှော်၊ ပဲပုပ်ကြော်၊ ငါးသေးခြောက်ကြော်၊ ပူစီနံ၊ နံနံပင် လေးတွေ ထည့်စားပေါ့နော်။

ငါးရံ့ခြောက်ဖုတ်လည်း ဆီဆမ်းထားတယ်။
ဂျူးမြစ်ပါထည့်စားရရင် သိပ်ကောင်းမှာ။ အခုတော့ မရှိဘူး။
ဓါတ်ပုံထဲက ခလယ်က ထမင်းဆုပ်ကြီးကြီးဆို အီသွားပြီ။

မဇနိ

13 comments:

  1. စားချင်စရာ အာလူး ထမင်းနယ် ပါလား နိနိရေ။
    လုပ်ရတာလဲ လွယ်တယ်နော်။ စမ်းလိုက်အုံးမယ်။

    ဒါနဲ့ ဒီလိုလေးတွေ လုပ်တတ်၊ ချက်တတ်အောင် ဘယ်သူများ သင်ပေးပါလိမ့်၊ အမြဲတမ်း စားချင်စဖွယ် ဖြစ်နေလို့ပါ။ အိမ်ချင်းနီးရင် သိပ်ကောင်းမှာ။

    ReplyDelete
  2. နိနိရေ..
    မကေအိုအမ်ဆီမှာတွေ့လို့ အပြေးလာစားတာ..
    အခုတော့..မချိုသင်းက ဦးသွားပြီ

    ReplyDelete
  3. MCT က အလကား ကြားကောင်းအောင် ပြောသွားတာ။ သူ အဖြစ် မရှိဘူးတဲ့။ အစ် မကိုဝန်ခံပြီးသား။ လူအထင်ကြီးအောင် ပြောခဲ့တာတဲ့။ မရဘူးလေ။ မြွြေျေမွ ချင်း ခြေမြင် တာပေါ.။ အစ် မက ဒါမျှူိုးတွေ ပြောလာတာ အံတို နေပြီ။

    ရှိပါသေးတယ် ပေါက်ရယ် ထမင်းဆုပ် ကလေးတွေ မှ အများကြီး။

    ငါးရန်းခြောက် ဖုတ်စားချင်တယ်။ စားချင်တယ်။ စားချင် ပါတယ်ကွယ်။

    ReplyDelete
  4. ဟုတ်ကဲ့ပါ..မကေအိုအမ်
    သေချာ..အသေးလေးတွေပဲရွေးစားပါ့မယ်..
    ဟိ

    ReplyDelete
  5. မြည်းကြည်ဦးမယ်။ မှန်းစမ်း ..ကောင်းလားလို့  ။
    ကောင်းတယ်ဝေ့ ငါးခြောက်ဖုတ်နဲ့ ဆိုတော့ ။
    အလယ်က အကြီးကြီး တစ်လုံးပဲ စားသွားတယ်။
    ဟီးဟီး

    ReplyDelete
  6. ပေါက်ကလေးက သနားစရာ။ တို့ အကြီးကြီး ယူပြေးပြီ။

    ReplyDelete
  7. ဟင်းး..ဒါလည်းတစ်ခါမှ မစားဖူးဘူးး တကယ်စားကောင်းမယ့် ပုံပဲ ကျနော်တို့ အောက်ပြည်မှာက သွားရည်စာရှားတယ် မိုက်ဘူးးးး

    ReplyDelete
  8. စားချင်လို့ ပြေးလာတာ ။ အကုန်မသွားကြပြီကိုး၊ ငါးခြောက်ဖုတ်လေး နဲ့ ဘဲကျေနပ်လိုက်ရတယ်

    ReplyDelete
  9. မင်္ဂလာပါအစ်မ
    သိပ်ကြိုက်တဲ့ အာလူးထမင်းနယ်ကို လာငမ်းသွားပါတယ်
    မစားရအညော်ခံပြီး ပြန်သွားရတာမို့ စိတ်ထဲ ခိုးလုခိုးလုနဲ့ပါပဲ
    လေးစားတဲ့ - ဝင်းဇော်
    www.winzaw-mdy.blogspot.com

    ReplyDelete
  10. မမနိ က အမျိုးမျိုးလုပ်စားတယ်ဗျာ ၊၊ဒီမှာတော့ ဓာတ်ပုံ နဲ့ပဲ အမြဲသွားရည်ကျနေရတယ် ၊၊ ကိုနိ ရေ ဖိတ်စာ ဘယ်တော့ ပို့မှာလဲဗျာ ၊၊ ကိုနိ နဲ့ မနိ ပွဲကြ ရင်တော့ အားမနာတမ်း စား ပစ်မယ် ၊၊ သိလား မမကွိ ၊၊
    စာကျက်ပါ ၊၊

    ကိုကြီးဝီ

    ReplyDelete
  11. မမချိုသင်း စမ်းကြည့်ပြီးရင် လာစားမယ်နော်။ အိမ်နားမနီးပေမယ့် ဘလော့ဂ်နားက နီးနီးလေးရယ်။
    ချက်တတ်အောင်လို့ ပါးစပ်က သင်နေတာ မမရေ။ ဟီး ဟီး။

    ပေါက်ရေ ကျန်သေးတယ် အများကြီးလုပ်ထားတာ။

    စားချင်ရင် ယူသွားပါ မမကေအိုအမ်ရယ် တူလေးမျက်နှာရှိနေတော့ ပေးမယ်နော်။

    အကြီးကြီးဆို ဗိုက်ဝပြီမောင်ငယ်။

    ပေါက်ရယ် မမချိုသင်းရယ် လုနေကြတယ်။

    ဒါကြောင့် အညာသူကိုရှာပါလို့ အကြံပေးနေတာနော် မောင်မျိုး။

    လင်းရေ ငါးခြောက်ဖုတ်လေးကလည်း ကောင်းတယ်နော်။

    စိတ်ထဲ ခိုးလုခိုးလုမဖြစ်ပါနဲ့ ၀င်းဇော်ရေ။ အိမ်မှာလုပ်စားနော်။ မဟုတ်လည်း နောက်မှ အိမ်ကိုလာလည်ပါ။

    ကိုကြီး ၀ီကိုကျွေးချင်လို့ ပွဲကြီးပွဲကောင်း လုပ်ချင်နေပီရယ်။

    ReplyDelete
  12. ကိုကြီး ၀ီကိုကျွေးချင်လို့ ပွဲကြီးပွဲကောင်း လုပ်ချင်နေပီရယ်။
    အဟစ် ဟစ်..

    ReplyDelete
  13. အမလည်း ငါးရံ့ခြောက်စားချင်တယ်.. မစားရတာ ကြာပြီ။ တခါတလေ ထမင်းပူပူလေးနဲ့ ငါးခြောက်လေးနဲ့ဆိုလည်း စားကောင်းတာပဲ.. :(

    ReplyDelete