Friday, September 12, 2008

ထမင်းစားလို့သိပ်မကောင်းတဲ့အခါ



နေမကောင်းပြီးခါစ ဘာဟင်းမှ မစားချင်သလို ဖြစ်နေလို့ တို့ဟူးသုတ်ချဉ်ငံစပ် သုပ်စားကြည့်လိုက်တယ်။ ထမင်းပူပူလေး နဲနဲရယ် တို့ဟူးသုပ်လေးရယ် ခံတွင်းတွေ့တယ်ပေါ့။ ပဲမှုန့်အစိမ်းကို ရေနဲ့ဖျော်ထားလိုက်တယ်။ ဂျင်း၊ ကြက်သွန်ဖြူထောင်းပြီး ပဲမှုန့်ထဲထည့်မွှေလိုက်ရင် တို့ဟူးရတဲ့အခါ မွှေးမွှေးလေးရအောင်လို့ပါ။ မုန့်ကြွပ်လေးကြော်ပြီး ပန်းကန်ခြောက်ခြောက်ထဲ ထည့်ထားလိုက်တယ်။ စိုက်ထားတဲ့ အိုးခင်းထဲက နံနံပင်နဲနဲ ခူးထားလိုက်ပါတယ်။ ငရုပ်သီးဆီချက်၊ ကြက်သွန်ဖြူဆီချက်၊ မန်ကျည်းမှည့်ဖျော်ကို အဆင်သင့်ပြင်ထားရပါတယ်။ ပဲမှုန့်ဖျော်ရည်ကို မီးဖိုပေါ်တင်ပြီး ခပ်ပျစ်ပျစ်ဖြစ်လာတဲ့အခါ မီးပိတ်ပြီး ပန်းကန်မှာ တို့ဟူးကိုထည့်၊ အအေးခံထားလိုက်ပါတယ်။ တို့ဟူးတုံး အေးလာရင် ခပ်သေးသေး အတုံးလေးတွေလှီး၊ ငံပြာရည်၊ ဆီချက်၊ မုန့်ကြွပ်၊ နံနံပင် လိုသလိုထည့်ပြီး ချဉ်ငံစပ်လေး သုပ်စားလိုက်ရင် နေမကောင်းတဲ့သူပါ ချွေးထွက်ကုန်ပါတယ်။



ကြက်သားဟင်းစားရတာလည်း ကြာတော့ငြီးငွေ့လာပါတယ်။ ထမင်းစားပျက်နေတဲ့ အချိန်မျိုးဆို ကြက်သားဟင်းကို မမြင်ချင်အောင်ဖြစ်ရပါတယ်။ ဒါဆိုရင် ဘာလုပ်စားရပါ့မလဲ။ စိတ်အပြောင်းအလဲလေးဖြစ်အောင် ကြက်သားကို ကြော်စားမယ်စိတ်ကူးလိုက်မိတယ်။ ကြက်သားကို အတုံးသေးသေးလေးတွေတုံးပြီး ရေစင်အောင် ဆေးပါတယ်။ ဂျင်း၊ ကြက်သွန်ဖြူထောင်းပြီး အသားကို ငံပြာရည်နဲ့ရော နယ်လိုက်ပါတယ်။ ဆနွင်းနဲနဲထည့်ပြီး ရေနဲ့ ပြုတ်လိုက်ပါတယ်။ ရေခမ်းသွားရင် ဆီပူပူမှာ ထည့်ကြော်ပါတယ်။ ကြက်သားအရောင်ရဲလာရင် ကြက်သွန်ဖြူထောင်းထားတာကို ထည့်မွှေလိုက်ပါတယ်။ အနံ့မွှေးအောင်လို့ပါ။ အနေတော်ကျက်လာတဲ့အခါ ငရုပ်သီးအကြမ်းမှုန့်လေးပါဖြူးပြီး မွှေချ ချလိုက်ရင် မွှေးကြိုင်တဲ့ ကြက်သားကြော်ရပါပြီ။


အမဲသားကြော်ကလည်း နေမကောင်းတဲ့အချိန်၊ နေပြန်ကောင်းခါစဆို စားချင်စိတ်ဖြစ်တတ်ပါတယ်။ အမဲသားကိုလည်း အတုံးသေးသေလေးတွေလှီးပြီး ဂျင်းများများ၊ ကြက်သွန်ဖြူထောင်းပါ ရောပြီး ဆနွင်းမှုန့်အနည်းငယ်ထည့် သေသေချာချာလေး နယ်ပါတယ်။ ရေထည့်ပြုတ်ပြီး ရေခမ်းသည်အထိပြုတ်ပါတယ်။ ဂျင်းအရသာတွေပါ အသားထဲစိမ့်ဝင်အောင်လို့ပါ။ ဆီပူပူမှာကြော်ပြီး အသားအတော်ကြွပ်လာပြီဆိုရင် ကြက်သွန်ဖြူလှီးထားတာလေးတွေ အုပ်လိုက်ပါတယ်။ အသားလည်းအတော်ကြွပ်၊ ကြက်သွန်ဖတ်လည်းကျက်ရင် အရသာရှိလာတဲ့ အမဲသားကြော်ရပါပြီ။


ဒီနေ့တော့ ပုဇွန်ခြောက်ဆန်ပြုတ်လေးကို ငရုတ်ကောင်းလေးဖြူးလိုက်ပြီး သောက်လိုက်၊ အမဲသားကြော်လေးစားလိုက် တို့ဟူးသုပ်လေးစားလိုက်နဲ့ ရာသီဥတုအပြောင်းအလဲကြောင့် ဖျားနေတာ ပျောက်သလောက်ဖြစ်သွားပါပြီ။

မဇနိ

21 comments:

  1. မဇနိက သိတ်ရယ်ရတာဘဲ. ဖျားနေ လို့သာဘဲ. ချက် စားလိုက် တာ စုံလို.။ ဖျားများမ ဖျားရင် ဆိုင် ဖွင်.မလား အလှူ လုပ် မလား မသိ။ မင်္ဂလာသာ ဆောင်လိုက် ပါဗျာ။ အားလုံးကို ခေါ် ကျွေးရမယ်နော။် မဇနိရယ် အခုလောလောဆယ် ပါဆယ် နဲ.ပိုလိုက်ပါ.။ စားချင်လို.ပါ။ အိမ်ချင်းနျိးချင်လိုက် တာနော။်

    ReplyDelete
  2. မမနိ ..ရပီ ..သေချာပါတယ်ဗျ ၊ ဒီလောက် ဟင်းစုံရင် ဆိုင်ဖွင့်လို့ရပါပီ ၊၊
    ပုံထဲကဟင်းတွေကြည့်ပီး ဗိုက်တောင်ဆာလာပီဂျာ ၊၊

    ReplyDelete
  3. ဟုတ်တယ်။ မြန်မာ ဆိုင် အချှိုတောင် မဇနိလောက် မကောင်းဘူး။

    ReplyDelete
  4. လုပ်ပြန်ပြီ။

    ဓါတ်ပုံတွေနဲ့ နှိပ်စက်တယ်။

    စားခြင်တယ်ဗျို့။ ဟင့် ဟင့်

    SMNTL

    ReplyDelete
  5. မဇနိရေ.. အမလည်း တိုဖူးသုပ်စားချင်နေတာ.. ဒါပေမယ့် ကျိုတာက အရမ်းမွှေရတယ်ဆို ဟုတ်လားဟင်.. အကြာကြီးမွှေပေးနေရတာလား.. မစားရတာကြာတော့ စားချင်တယ်.. အခုလို ပုံမြင်ရတော့ ပိုတောင် ဗိုက်ဆာလာပြီး စားချင်လာတယ်... ဟင်း.. (သက်ပြင်းချသံ.. :D)

    ReplyDelete
  6. စားလို.ကောင်းမယ်. တိုဖူးသုတ်

    ReplyDelete
  7. စားချင်စရာတွေ...
    တိုဟူးတောင် ကိုယ်တိုင်ကျိုတတ်တယ်ဆိုတော့...
    အစွမ်းအစကို တွေးကြည့်မိပါတယ်...။
    ကိုဇနိကြီး ကံကောင်းတာပေါ့ဗျာ...

    ReplyDelete
  8. အောင်မယ် ။ ပုဇွန်ချဉ်တောင်လုပ်တတ်သေးတယ်။ မယုံရင်လုပ်ခိုင်းကြည်.။

    တို.ဟုးသည် ပဲမှုန့်  အစိမ်းမှ ဖြစ်လာ သည် ဆိုသည် ကို ကြားရသော သကလ အန်မတန်မှ အံသြမိသည်။ ဘဝတွင် ပထမဆူံး ကြားဘူးခြင်းပေတည်း။ ညာမပြောပါ.။ to be honest

    ReplyDelete
  9. အင်းမ်... မနိလက်ရာတွေမြင်ပြီး စားချင်တယ် စားချင်တယ် လုပ်နေလို့ ခေါင်းဆင်နင်းနေပြီဗျို့။ မKOM လို လိုက်ပြောလိုက်ဦးမယ် "တို.ဟုးသည် ပဲမှုန့်  အစိမ်းမှ ဖြစ်လာ သည် ဆိုသည် ကို ကြားရသော သကလ အန်မတန်မှ အံသြမိသည်။ ဘဝတွင် ပထမဆူံး ကြားဘူးခြင်းပေတည်း။ ညာမပြောပါ.။" :D

    ReplyDelete
  10. ဟူး...မဇနိလုပ်ပုံနဲ့ တော့နော် ဘီလိုလုပ်ရပါ့ ပါစပ်ကြီးက သွားရည်ကျကျနေလွန်းလို့  အမဲသားကြော်အရမ်းကြိုက်တာ စားလို့ ကောင်းမှကောင်း ၊တို့ဟူးသုတ်လည်းကြိုက်တယ် အညာဘက်မှာအစားများကြတယ်နော် ။ ဟင်းကလည်း ကောင်း ပြင်ထားတာလေးတွေကလည်း စားချင်စရာ ဒါလည်း အနုပညာတစ်မျိုးပဲ အစ်မနုစံဆိုလည်း ဟင်ပွဲပြင်ထားတာလေးတွေ လှမှလှ အရသာမသိသေးဘူးစားချင်နေပြီး....အင်းးးးး ကိုယ့်အစ်မတွေလိုမျိုး ရှာမှ ရှာမှ တွေ့ မှတွေ့ ပါ့မလားးး :)

    ReplyDelete
  11. ဟောဗျ ... ဒီလောက်ကောင်းတာတွေကို ဖွယ်ဖွယ်ရာရာလေး လုပ်စားမှတော့ ဘယ်အဖျားကခံနိုင်မှာလဲ ပျောက်ရောပေါ့။

    ReplyDelete
  12. အယ် .. စားချင်တယ် စားချင်တယ်
    တို့ဟူးသုတ်လဲစားချင်တယ် အမဲသားကြော်လည်းစားချင်တယ် ကြက်သားကြော်လည်းစားချင်တယ် .. အင်း ထူးပါဘူး အကုန်စားချင်တယ် အဟီးး....
    တော်လိုက်တဲ့ မမ.......
    ပုံတွေကြည့်ပြီး သွားရည်ယိုသွားတယ် အဟင့် .. စားချင်လိုက်တာ.. ကိုယ့်ဘာသာလုပ်စားတတ်ဘူး.. အမှန်ပြောတာ ညာဘူး :P

    ReplyDelete
  13. မမကေအိုအမ် အိမ်ချင်းမနီးချင်ဘူး။ မမက ဘလော့ဂ်ကို တက်သုတ်ရိုက်လည်နေလို့ လုံချည်လိုက်ကောက်ပေးနေရမှာ ကြောက်လို့ ကွိ ကွိ

    ကိုကြီး ၀ီ နော် ၀ယ်မစားရင် တွေ့မယ်

    မနှိပ်စက်ရပါဘူး ညီမSMNDTL

    အမနုစံရေ တို့ဟူးကျိုတာ မကြာဘူး လွယ်လွယ်လေးဗျ
    ၅ မိနစ်လောက်ပဲကြာတာ။ မကျိုခင်သာ သေချာမွှေထားပေး။ လေနဲ့အလုံးလေးတွေပါ ကျေအောင်မွှေထားရင် မီးဖိုပေါ်က ခဏပဲရတယ်။ လုပ်စားကြည့်နော်

    ရှမ်းခေါက်ဆွဲလေးလည်း စားချင်တယ် Sai Tun

    ကျေးဇူးပါ မမသက်ဝေ ကိုဇနိလည်း စားချင်နေရှာတယ်

    မမကေအိုအမ် တို့ဟူးသည် ပဲမှုန့်မှရပါတယ် နော်။
    ငါ့မမနဲ့တော့ ခက်ပီ

    မောင်မျိုးရေ မဇနိကို အားကိုးမလား။ ညီမလေးလိုက်ရှာလိုက်မယ်။

    ကျန်နေသေးတဲ့အဖျားက အကို့ဆီရောက်မှ ဆိုဖာနဲ့တွေ့ပြီး ပိုလန့်ပျောက်သွားတာဗျ

    ညီမ ဝေလေး စားချင်ရင် ချက်ကျွေးမယ် ဒီမှာ စားမယ့်သူမရှိလို့ တယောက်တည်းပျင်းနေတာ

    ReplyDelete
  14. ညီမမြရွက်ဝေ မဇနိကို မေတ္တာပို့နေပီလားမသိ ။
    ခေါင်းဆင်နင်းနေလို့တဲ့။ ချက်ပြီး သွားပို့လိုက်ရမလား ဘယ်လိုလုပ်ရပါ့

    ReplyDelete
  15. မမနိ...
    တို့ဟူးသုပ်အသံ ကြားလို့လိုက်လာတာ...
    ဒီရောက်တော့ တို့ဟူးသုပ်တင်မကဘူး...
    ကြက်သားကြော်ရော၊ အမဲသားကြော်ရော၊ ပုဇွန်ခြောက်ဆန်ပြုတ်ရော... ရှယ်တွေပဲ...
    ရှလွတ်...ရှလွတ်... ရှလွတ်...
    သရေတွေကျလို့ ဒီဘလော့ဂ်တောင် မျောသွားနိုင်တယ်... :P

    ReplyDelete
  16. ဟင်းချက်ကောင်းတဲ့ ကျွန်တော်တို့ မမကြီး မဇနိ မြန်မြန်နေကောင်းပါစေဗျာ။ ချက်ထားသမျှလည်း အွန်လိုင်းက အားပေးသွားပါတယ်။

    ReplyDelete
  17. မာမီရယ် ဝယ်ကျွေးကွယ်၊ တိုဟူးသုပ်စားချင်တယ်~~~

    ReplyDelete
  18. ဒီဘလော့ဂ်တော့ မမျောပါစေနဲ့အုံးနော် ညီမသက်တန့်

    ကိုဖိုးသောကြာ ပို့သတဲ့မေတ္တာကြောင့် နေပြန်ကောင်းချင်လှပီဗျာ

    အိမ်ပြန်ရတော့မယ် ငိုနဲ့ ကိုမောင်ဖြူ

    ReplyDelete
  19. မနိရေ.. ကျမ တို့ ဖူးကျိုတာ ဆင်ခေါင်းပဲအစိမ်းဘဲ ၀ယ်လို့ ရတယ်။ အဲဒါနဲ့ ရေထဲ့ကြိုတာ ပဲအနံ့ နံ လို့ အတော်ကြာအောင် အနံ့ ပျောက်အောင် ကြိုရတာ။ မနိက ၅မိနစ်ထဲကြိုတာ ဆိုတော့ပဲမှုန့် အကျက်နဲ့ များ ကြိုတာလားဟင်

    ReplyDelete
  20. ညီမရေ… ပိတ်ရက်က အလုပ်ရှုပ်နေလို့  မလည်အားတာ ခုတော့ တို့ ဘူးသုတ်လေးက ကြိုလို့ … အစာအိမ်ပြန်ဖြစ်လို့  ဆေးသောက်နေရတာ တို့ ဘူးသုတ်နဲ့  ဘယ်လောက်ဝေးနေဦးမလဲ မသိဘူးလေ… တို့ တို့ ဘူးကြိုရင် ဂျင်း၊ကြက်သွန်ဖြူ အရည်မညှစ်ပဲ ကြိုတာ ခုတော့ မဇနိဆီက နည်းလေးသိသွားပြီ… အမဲကြော်လေး စားချင်သွားတယ် ရုံးကပြန် အမဲသားဝင်ဝယ်ဦးမှ…

    ReplyDelete
  21. ညီမဆောင်းရေ တို့ဟူးကျိုတာ အဆင်ပြေပြီလား

    အမတန်ထူး အစာအိမ်ပြန်ဖြစ်နေရင် မတည့်တာတွေ မစားချင်နဲ့နော်
    နောင်ခါမှ အညာကို အလည်လာခဲ့ပါ ချက်ကျွေးပါ့မယ်

    ReplyDelete