Tuesday, September 9, 2008

မနက်စာ


လက်ဖက်ရည်နဲ့ မုန့်မစားတတ်သူအတွက် မနက်စာက နည်းနည်း အလုပ်ရှုပ်ပါတယ်။ ဒါပေမယ့် ထမင်းလေး စားလိုက်ရမှ နေတတ်တာဆိုတော့ ပြင်ဆင်ရတာပါပဲ။ ကျောင်းတက်တုန်းကဆို မနက်ခင်းအစော ထမင်းပူပူလေးထချက်ရတာ အလုပ်တခုကို ဖြစ်လို့။ မချက်ဖြစ်ရင် တခြားရှိတာလေး စားသွားမယ်ဆို လိုင်းကားမစီးနိုင်တော့ပါဘူး။ အဆောင်ကထွက် သမိုင်းလမ်းဆုံနားရောက်ရင် ခေါင်းတွေမူးနေပြီ။ အခန်းဖော်သူငယ်ချင်းနဲ့လည်း ဆန့်ကျင်ဖက်။ သူက မနက်စာ ထမင်းဆို မုန်းကိုမုန်းတယ်လို့ ပြောပါတယ်။ ကော်ဖီလေးနဲ့ မုန့်စားရမှ သူက ကျေနပ်တတ်တဲ့သူ။ ကိုယ်ကလည်း ထမင်းတွေတပြင်ပြင်။ ဒါနဲ့ပဲ စားပွဲတချပ်မှာ ထမင်းစားသူနဲ့ ကော်ဖီသောက်သူနှစ်ယောက် စကားတွေ လက်ဆုံကျခဲ့ဖူးတယ်။ အဆောင်နားက လက်ဖက်ရည်ဆိုင်မှာ ပဲထမင်းပူပူလေးနဲ့ ကော်ပြန့်ကြော် စားလိုက်ရရင်လည်း သဘောကျမိတယ်။ ထမင်းမှမစားရရင်လည်း မုန့်ဟင်းခါးကို အီကြာကွေးနဲ့ စားချင်တယ်။ တခါတလေလည်း မုန့်ဟင်းခါးသုပ်ပေါ့။


အခုလည်း ကိုယ့်မနက်စာ ကိုယ်တိုင် ပြင်ဆင်လိုက်တယ်။ စားလို့ကောင်းတဲ့အခါရှိသလို မကောင်းတဲ့အခါလည်းရှိတာပေါ့။ သေချာတာတော့ တယောက်ထဲစားရတဲ့ မနက်စာက သူငယ်ချင်းတွေနဲ့ စားခဲ့ရတာလောက် မကောင်းတာအမှန်ပါပဲ။ အဆောင်မှာဆို အဆောင်ရှေ့က အကြော်စုံဝယ်ပြီး ခရမ်းချဉ်သီး ပူစီနံနဲ့ သုပ်လိုက်တယ်။ ရေနွေးကြမ်းလုပ်ပြီး ပဲထမင်းပူပူလေးနဲ့ သူငယ်ချင်းတွေ လုယက်စားခဲ့ရတဲ့ မနက်စာကတော့ ပိုလို့အရသာရှိတာပေါ့။

အမဲသားကြော်၊ ခရမ်းချဉ်သီး၊ နံနံပင်၊ ကြက်သွန်ဖြူဆီချက်ရယ် မြန်မြန်ဆန်ဆန်သုပ်စားလိုက်တဲ့ မနက်စာတမျိုးပါ။ ချဉ်ပေါင်ဟင်းနဲ့ ငါးသေးသေးအခြောက်ကြော် ထမင်းသုပ်။



ကြက်သွန်ဖြူဆီချက်၊ သံပုရာသီး၊ နံနံပင်၊ မုန့်ကြွပ်၊ ပဲမှုန့်အကျက်၊ ဝက်အူချောင်းနဲ့ မုန့်ဖတ်ကို ချဉ်ငံစပ်သုပ်လိုက်တော့ မုန့်ဖတ်သုပ် မနက်စာတမျိုးရပါတယ်။


ကုလားပဲနဲ့ မုန့်ဟင်းခါးဟင်းချက်ပြီး အရည်ပျော်လုပ်စားဖြစ်တဲ့ မနက်စာပါ။


ကုလားပဲနဲ့ အုန်းနို့မှုန့်ကို အုန်းနို့ခေါက်ဆွဲ ချက်စားလိုက်လည်း မနက်စာရတာပဲ။


အခုရက်ပိုင်း လုပ်စားဖြစ်တဲ့ မနက်စာတွေကို အမှတ်တရ တင်လိုက်ပါတယ်။

မဇနိ

18 comments:

  1. ၀ါး ..မမနိ breakfast တွေကကောင်းမှကောင်းဗျာ ၊၊ စ လုံးမှာ ဆို .. မ KOM.. မမေမိုး တို့ပါ ခေါ့်ပီး ထမင်းဆိုင်ဖွင့်လိုက်ရင်တော့ သူငှေးဖြစ်ပီ ၊၊ဟီး

    ReplyDelete
  2. အစ်မဇနိ ..နှိပ်စက်တယ် နှိပ်စက်တယ်ဗျို့  မခံစားနိုင်ဘူးး ။ မနက်စာ အဲ့လိုမျိုးစားချင်တာ အခုတော့ ကော်င်္ဖီပဲ သောက်နေရတာ မုန်းလာပြီူးးး ကုလားပဲနဲ့ မုန့်ဟင်းခါးဟင်းချက်ပြီး အရည်ပျော်လုပ်ထားတာ အရမ်းစားချင်တာပဲ အခုတော့ ကွန်ပျူတာကြီးကိုပဲ လျှာနဲ့  တို့ သွားတယ်း)

    ReplyDelete
  3. ဤကား နှိပ်စက်နည်းတစ်မျိုးတည်း။
း)

    ReplyDelete
  4. မဇနိရေ… တို့ လဲ မနက်စာကို ဘိုလိုမစားတတ်ဘူးလေ… ထမင်းလေးဝင်လိုက်မှ ရင်အေးတယ်… ကော်ဖီ လဘက်ရည်လဲ မသောက်တတ် ပေါင်မုန့် လဲ မကြိုက်ဆိုတော့ ဒီနိုင်ငံမှာ အတော်ခက်တယ်… ပိတ်ရက်တွေဆို လုပ်စားဖို့  အချိန်ရတယ်လေ… မဇနိမနက်စာလေးတွေက အချိန်ကုန်သက်သာပြီး စားလို့ ကောင်းမှာမို့  အတုယူသွားပြီ… မဇနိပြောမှ အကြော်စုံသုပ်လေးတောင် စားချင်သွားတယ်…

    ReplyDelete
  5. မဇနိရေ
    မနက်စာ ဘယ်အချိန်စားတတ်သလဲ။ လမ်းကြုံသလိုလိုနဲ့ ၀င်စားမလို့ပါ။
    ဒီညတော့ ဘလော့ဂ်လည်တာ ရွာသားလေးကလဲ လက်ဖက်သုပ်တဲ့၊ မဇနိကလဲ မနက်စာ ဖွယ်ဖွယ်ရာရာ နဲ့။ ဒုက္ခတော့ ရောက်ကုန်ပါပြီ။ ခုညတော့ အိပ်နိုင်မယ် မထင်ဘူး။ ဗိုက်ဆာလို့လေ။

    ReplyDelete
  6. ပုံလေးတွေ ကြည့်တာနဲ့ကို စားချင်စိတ်တွေ တဖွားဖွား ပေါ်လာပြီဗျာ .....

    ReplyDelete
  7. မနက်စာ သရေယိုသွားတယ် မမဇနိရေ... :)
    မမဇနိလို အမမျိုးတစ်ယောက်လောက် အလိုချင်သား...
    ကိုဇနိတို့ ကံကောင်းချက်... အားကျပါ့...

    ReplyDelete
  8. မဇနိရေ...စားချင်လိုက်တာနော်.. မနက်စာကို တကူးတကလေး ချက်စားတာ ကောင်းလိုက်တာ.. အမကတော့ .. အပြောတော့ပါဘူးလေ.. သူများတွေ သိကုန်ရင် ရှက်စရာ... (အိပ်ယာထ နောက်ကျလို့ အဲဒီလိုမျိုး ဖွယ်ဖွယ်ရာရာတွေ ချက်မစားဖြစ်ဘူးလို့ ပြောမလို့ပါ.. ):P အိမ်နားနီးရင် ကောင်းမှာပဲနော်.. :D

    ReplyDelete
  9. သူ့ အပျော် လုပ် ပြီး စားတာ ကလဲ တို.တွေ တမင် လုပ်စား တာထက် တောင် သာ သေးတယ်။ အင်း ဒါလဲ အခက်.

    ReplyDelete
  10. အခုတော. ပေါင်မုန်.နဲ. နွား နှိုနဲ. သွားစား လိုက် ဦးမယ် သေငှေး ဆိုတော.။

    ReplyDelete
  11. ဓါတ်ပုံတွနဲ့ နှိပ်စက်တယ်... :)

    ကွန်ပျူတာကြီးကို လျှာနဲ့  တို့ သွားတယ်.. ရှလွတ် ရှလွတ်... :P

    SMNTL

    ReplyDelete
  12. မနိလက်ချက်ကြောင့် ဒီမနက်မှစ၍ အရင်လို ကော်ဖီနဲ့ မုန့်အစား ထမင်းပြင်ဆင်ကြွေးရပါကြောင်း......
    နောင်ရက်များအတွက်ပါ မနက်စာကို လေ့လာရှာကြံရလုပ်ပေးရတော့မှာ ဖြစ်ပါကြောင်း....

    ReplyDelete
  13. ဒီမှာလည်းမနက်စားပဲကိုး... မနက်စာတွေလွမ်းနေတာ... ကျွန်တော်က အခုမှဖတ်မိတာ... ကျွန်တော်တောင်လွမ်းလို့ မနက်စာအကြောင်းအခုပဲရေးထားတာ...

    ကိုဇနီရေးတဲ့ အညာကရွာကိုဖတ်ပြီး ငယ်ငယ်ကအကြောင်းတွေ ပြန်တွေးမိနေတာလေ

    ReplyDelete
  14. ထမင်းဆိုင်လာဖွင့်မယ် ကိုကြီး ၀ီ တို့ဆီ :P

    မောင်မျိုးရေ ထင်တော့ ထင်သား အမကွန်ပြူတာကြီး ဘာဖြစ်သွားတာပါလိမ့်လို့..

    မနှိပ်စက်ရပါဘူး ကိုတားမြစ်ထားသောရေ ..

    အကြော်စုံသုပ်လေးနဲ့ ထမင်းပူပူလေးလည်း စားချင်သေးတယ် အမတန်ခူး

    မမမိုးချိုသင်းရေ ဘယ်ချိန်လာလာ ပြင်ဆင်ကျွေးပါ့မယ်ဗျာ

    အကို Littlemoon က အိမ်မှာ သားသားရော အမရော တူတူစားရတာ ပိုပျော်စရာ ကောင်းမှာပါ

    ညီမသက်တန့်လည်း လာစားလို့ရပါတယ်နော

    မမနုစံက အလုပ်များလို့ပါ လာလည်ပါ ညီမချက်ကျွေးပါ့မယ်

    မမကေအိုအမ်ကလည်း မမဆီမှာ တိုရှည်ရှိနေပီ ဘာလိုသေးလဲ

    ညီမ SMNDTL အဲလို မလုပ်ရဘူးလေ

    ဟား ဟား မဇနိတော့ တရားခံဖြစ်ပြီလား ညီမမြရွက်ဝေ

    အဲဒီက မနက်စာ လာငေးအုံးမယ် ကိုပီတိ

    လာလည်ကြတာ ကျေးဇူးအများကြီး တင်ပါတယ်

    ReplyDelete
  15. မဇနိက မနက်စာတွက် အချိန်တော်၂ယူသားပဲနော် ။ ကျမကတော့ မနက်ဆို ထမင်းမစားနိုင်တဲ့လူထဲ ပါတယ် ။ အရင်ကတော့ မနက်စာကို အချိန်ပေးမစားဖြစ်ဖူး ။

    ခုတော့ မနက်စာဆိုတာ တနေ့လုံးတွက် အရေးကြီးတယ်ဆိုတာ သိလာတော့ ၊ အနည်းဆုံး ပေါင်မုန့် ၂ချပ် နဲ့ နွားနို့ တခွက်တော့ သောက်လိုက်တယ် ။ အချိန်ရရင်တော့ ကြက်ဥကြော် ၊ hash brown , baked beans , sausage တွေပါ tea တခွက် ၊ orange juice တခွက်နဲ့ ထည့်စားဖြစ်တယ် ။ တခါတလေလည်း cereal & milk ကို အမြန်မျှောချပေါ့ ။

    မြန်မာအစားအစာရတဲ့နေရာဆိုရင်တော့ မနက်ကို ပဲပြုတ် နံပြား ၊ ပဲပလာတာ ၊ ကောက်ညှင်းပေါင်း ၊ မုန့်ဟင်းခါး စားရတာ ကြိုက်တယ် ။ မနက်စောစော ရှမ်းလက်ဖက်ခြောက် မွှေး၂လေးနဲ့ သောက်ရတဲ့ ရေနွေးကြမ်းလေးနဲ့ဆို သိပ်ကောင်းတာပဲလေ ။

    ReplyDelete
  16. အဟင့်.. စားချင်လိုက်တာ ရှလွတ် :P

    ReplyDelete
  17. အဟင့်.. စားချင်လိုက်တာ ရှလွတ် :P

    ReplyDelete
  18. အမဂျစ်တူးရဲ့ မနက်စာတွေကလည်း စားချင်စရာပါဗျာ။

    ညီမ ဝေလေး သွားရည်ကျနေတာလား ယူသွား ယူသွား။

    ReplyDelete