Thursday, September 25, 2008

ခေါက်ဆွဲသုပ်နဲ့ ငါးကြော်



Macaroni လေးတွေကို ၁၅ မိနစ်ခန့် ပြုတ်ပြီး ရေအေးနဲ့ဆေး အအေးခံထားလိုက်တယ်။
ခရမ်းချဉ်သီးနဲ့ ကြက်သားကို ရေစပ်စပ်လေးချက်ထားတယ်။
ပဲသီးတောင့်လေးတွေ နုတ်နုတ်လှီးပြီး ဟင်းထဲထည့်ချက်ထားပါတယ်။
နံနံပင်ကြိုက်တတ်ရင် ထည့်စားပေါ့နော်။
ကြက်သားဟင်းက မွှေးလို့လားတော့ မသိဘူး စားရတာ မွှေးမွှေးလေးဖြစ်နေတာ သတိထားမိတယ်။



ခေါက်ဆွဲနဲ့တွဲစားဖို့ ငါးသေးသေးရလာလို့ ကြော်လိုက်ပါတယ်။
ငါးကို ရေဆေး၊ ဆားဆနွင်းနယ်ပါတယ်။
ဆန်မှုန့်ကို ရေနည်းနည်းနဲ့ ခပ်ပျစ်ပျစ်နယ်ထားပါတယ်။
ဆီပွက်ပွက်ဆူလာရင် ငါးလေးတွေကို ဆန်မှုန့်နယ်ထားတဲ့အထဲမှာ လူးပြီး ကြော်လိုက်တယ်။
ငါးဟင်းမကြိုက်ပေမယ့် ငါးကြော်လေးတော့ အကြိုက်သား။

မဇနိ

15 comments:

  1. ငါးကြော်မကြိုက်တဲ့ ကြောင်မရှိဘူးတဲ့ အဲ့တော့ကား ဘူမှမစားသေးခင် သုတ်သွားပြီး အပေါ်ပန်းကန်က ဖြူဖြူအတုံးလေးတွေက ဘာလေးတွေလဲ......။

    ReplyDelete
  2. မမနိ ချက်တာကြည့်ပြီးတိုင်း တံတွေးမျိုချနေရတာ ဒီခေါက်ဆွဲတော့မကြိုက်တော့ လွဲပြီမှတ်တာ ငါးကြော်က ဂလု ဂလု ဂလု :D

    ReplyDelete
  3. နိရေ...အီတာလီခေါက်ဆွဲပြားမကြိုက်လို့..
    ငါးကြော်ပဲစားသွားတယ်နော်...ဟီးဟိ
    ငါးဆိုရင်..ဘယ်လိုစားရစားရ..
    စကားမစပ်...
    အညာကလူတွေနဲ့ အထက်က လူတွေ ငါး သိပ်မကြိုက်ကြဖူးနော်..
    အိမ်ကမောင်လေးလည်း..ငါးဟင်းမကြိုက်ဖူး..
    ပေါက်က..
    အလယ်က လူ..
    စကားဝဲ၏။။
    ကိုမောင်မျိုးရေ..
    ဖြူဖြူအတုံးလေးတွေက
    အီတာလီခေါက်ဆွဲပြားဖြစ်လိမ့်မယ် ထင်တယ်..
    ယောင်ရွှီးလုပ်လိုက်တာ..

    ReplyDelete
  4. မမနိ ရေ ..ညဘက် မှာ ပုံထဲက ဟင်းတွေကြည့်ပြီး ရေပဲ သွားသောက်နေရပါတယ် ၊၊ အဲလို မလုပ်နဲ့ ဗျာ မမကွိ ၊၊ ကိုနိ ရေ ... မမနိ ကို ဆိုင်ဖွင့်ခိုင်းပါ ၊၊ လုံးဝ အောင်မြင်မယ် ၊၊ ဟီး ( တွေ့တယ်နော် မမကွိ .. ဘက်လိုက်တာ)

    ReplyDelete
  5. အပေါ်က ခေါက်ဆွဲလေးတွေကိုခုမှတွေ့ ဖူးတယ်။ အဲဒါလေးတွေကို တစ်ခုလောက်
    ကောက်မြည်းသွားပါတယ်။ ငါးကြော်ကတော့ ကလေးတွေကိုကြော်ကျွေးနေကျမို့ လို့  ကလေးတွေအတွက်ပဲ ထားခဲ့လိုက်တယ်နော်။

    ReplyDelete
  6. နေတိုင်းကို နှိပ်စက်နေတာပါလားနော်။ စားစရာတွေ တမျိုးပြီး တမျိုးနဲ့  ပရိသတ်ကိုနှိပ်စက်နေပါတယ်ဗျို့ ။

    ReplyDelete
  7. ငါးကြော် ကို ကြွပ်ကြွပ်မြည်အောင် ၀ါးသွားတယ် နိနိရေ။ ငါးကြော်ကို ဘာနဲ့ ကြော်သလဲ။ deep frier နဲ့ ကြော်တာလားဟင်။ ဆီရွှဲမနေဘဲ ကြွပ်တဲ့ပုံစံ ဖြစ်နေလို့။ အမကြော်ရင် ဒီလိုပုံကို မရလို့ပါ။
    သြော် သူများတွေများ လုပ်တတ်ကြပါပေတယ်။

    ReplyDelete
  8. နိနိရေ... (ချိုသင်းခေါ်သလို ခေါ်ကြည့်တာ... ချစ်စရာ)

    ဒီမှာတော့ ခေါက်ဆွဲအစိုရတာမို့  Macaroni ကို မသုံးဖြစ်ဖူး။ အခုလိုလေးမြင်ရတော့လဲ စားချင်စရာ...။
    ငါးက ဘာငါးလဲဟင်...။ အကြွပ်ကြော်ထားတာဆိုတော့ အရိုးရော ၀ါးစားလို့ ရသလား...။ နယ်ထားတာက ဆန်မှုန့် နဲ့ လား Tempura နဲ့ လား..။
    မေးခွန်းပေါင်းများစွာနဲ့  သက်ဝေရဲ့  Comment ပေါ့နော်...။

    ReplyDelete
  9. မဇနိရေ.. အဲဒီခေါက်ဆွဲ မစားဖူးဘူးကနေ စလိုက်ဦးမယ်.. :P ဟို ရိုးရိုးခေါက်ဆွဲနဲ့သုပ်တာ စားချင်တယ်.. ငါးကြော်တော့ နည်းနည်းစားသွားမယ်နော်... ငါးကြော် ကြော်ထားတာ ရုတ်တရက် အမ ကြည့်လိုက်တာ ဘူးသီးကြော်လို့ ထင်တာ.. မုန့်နှစ်နဲ့ ကြော်ထားတာလားဟင်.. :)

    ReplyDelete
  10. စိတ်ဆိုးသွားပြီ။ တော်တော်ကို စိတ်ဆိုးသွားပြီ။
    မမနိနိကို ကိုကိုနိနိနဲ့ တိုင်မယ်။
    တစ်နေကုန် မနက်စာလေးပဲ စားရသေးလို့ ဗိုက်တွေဆာနေတဲ့အချိန်မှာ အစားအသောက်နဲ့ လာတိုးနေတယ်။ လုပ်ရက်တယ်။ ခေါက်ဆွဲကြီးကလဲ အမျှင်လဲမဟုတ်ဘူး။

    ReplyDelete
  11. စိတ်ဆိုးသွားပြီ။ တော်တော်ကို စိတ်ဆိုးသွားပြီ။
    မမနိနိကို ကိုကိုနိနိနဲ့ တိုင်မယ်။
    တစ်နေကုန် မနက်စာလေးပဲ စားရသေးလို့ ဗိုက်တွေဆာနေတဲ့အချိန်မှာ အစားအသောက်နဲ့ လာတိုးနေတယ်။ လုပ်ရက်တယ်။ ခေါက်ဆွဲကြီးကလဲ အမျှင်လဲမဟုတ်ဘူး။

    ReplyDelete
  12. စိတ်ဆိုးသွားပြီ။ တော်တော်ကို စိတ်ဆိုးသွားပြီ။
    မမနိနိကို ကိုကိုနိနိနဲ့ တိုင်မယ်။
    တစ်နေကုန် မနက်စာလေးပဲ စားရသေးလို့ ဗိုက်တွေဆာနေတဲ့အချိန်မှာ အစားအသောက်နဲ့ လာတိုးနေတယ်။ လုပ်ရက်တယ်။ ခေါက်ဆွဲကြီးကလဲ အမျှင်လဲမဟုတ်ဘူး။

    ReplyDelete
  13. စိတ်ဆိုးသွားပြီ။ တော်တော်ကို စိတ်ဆိုးသွားပြီ။
    မမနိနိကို ကိုကိုနိနိနဲ့ တိုင်မယ်။
    တစ်နေကုန် မနက်စာလေးပဲ စားရသေးလို့ ဗိုက်တွေဆာနေတဲ့အချိန်မှာ အစားအသောက်နဲ့ လာတိုးနေတယ်။ လုပ်ရက်တယ်။ ခေါက်ဆွဲကြီးကလဲ အမျှင်လဲမဟုတ်ဘူး။

    ReplyDelete
  14. စိတ်ဆိုးသွားပြီ။ တော်တော်ကို စိတ်ဆိုးသွားပြီ။
    မမနိနိကို ကိုကိုနိနိနဲ့ တိုင်မယ်။
    တစ်နေကုန် မနက်စာလေးပဲ စားရသေးလို့ ဗိုက်တွေဆာနေတဲ့အချိန်မှာ အစားအသောက်နဲ့ လာတိုးနေတယ်။ လုပ်ရက်တယ်။ ခေါက်ဆွဲကြီးကလဲ အမျှင်လဲမဟုတ်ဘူး။

    ReplyDelete
  15. အော်. ဒုက္ခ ဒုက္ခ မြင်ရက်နှင့် မကြင်ရ ..
    အဟင့်.. ဗိုက်ဆာနေတာ.. စားချင်လိုက်တာ ဂလု.. ငါးကြော်လေးရော.. ခေါက်ဆွဲလေးရော.. ဒါနဲ့ အစ်ကိုတော် မောင်မျိုးမေးသလိုပဲ အဲဒီဖြူဖြူလေးတွေက ဘာလဲဟင် ခေါက်ဆွဲလား တစ်ခါမှမမြင်ဖူးဘူး ဟိ

    ReplyDelete