Wednesday, September 24, 2008
ကန်စွန်းရွက်သုပ်
အဆောင်မှာ သူငယ်ချင်းတွေနဲ့ ညဖက်မှာ သုပ်စားကြတဲ့ ကန်းစွန်းရွက်သုပ်ပါ။ နူးညံ့ပြီး အရသာရှိတယ်။ အပျင်းပြေစားလို့ကောင်းတယ်။
ကန်စွန်းရွက်ကို ရေနွေးဖျောပြီး ရေစစ်ထားလိုက်ပါတယ်။
ကြက်သွန်ဖြူဆီချက်တယ်။
ကြက်သားကို အမွှာလေးတွေ နွှာထား၊ ကြက်သွန်နီ၊ ဂေါ်ဖီ ကို ပါးပါးလှီး ရေဆေး ရေစစ်ထားလိုက်တယ်။
ငရုပ်သီး သုံးလေးတောင့်ကို လှော်ထားတယ်။
လှီးထားတဲ့ခရမ်းချဉ်သီးရယ် ဂေါ်ဖီ၊ ကြက်သွန်နီ၊ ကြက်သားမွှာ၊ ဆီချက်၊ ပဲမှုန့်အကျက်တို့ကို ထည့်ပြီး သံပရာရည်လေးပါ ညှစ်ထည့်ပါမယ်။
ကန်စွန်းရွက်ကို ရေစင်အောင်ညှစ်ပြီး ကပ်ကြေးနဲ့နုပ်နုပ်ကိုက်၊ စောစောကပြင်ထားတာတွေထဲမှာ ထည့်လိုက်ပါတယ်။
ဆားသင့်တင့်အောင်မှန်းထည့်ပြီး ခပ်စေးစေးလေးနဲ့ အသားကျအောင် သေချာနယ်လိုက်ရင် သွားရည်စာစားလို့ကောင်းတဲ့ ကန်စွန်းရွက်သုပ်လေးရပါပြီ။
ရေနွေးကြမ်းနဲ့ ဒီအသုပ်လေးကိုစားပြီး စာကြည့်မယ်ဆိုရင် ဇိမ်ကို ကျနေတာပါပဲ။ စာရတာ မရတာတော့ မသိဘူး ခဏခဏသုပ်စားချင်အောင် အရသာရှိရှာပါတယ်။
ငရုပ်သီးစိမ်းနဲ့သုပ်တာထက် ငရုပ်သီးလှော်လေးနဲ့သုပ်တာ ပိုလိုက်ဖက်ပါတယ်။
မဇနိ
20 comments:
  1. ၀ါး ... မမနိ ..ကန်စွန်းရွက်သုတ် က ရှယ်ပဲဗျာ ၊၊
    ဓါတ်ပုံကြည့်ပြီး စားချင်လာပီ၊၊ ကျန်သေးလား ၊၊ ကုန်သွားပီလား ၊၊ ဂလု ဂလု
    မမကွိ .. အဲလို ပုံတွေကြည့်ပီး မစားရတာတော့ များပီဗျာ ၊၊
    ReplyDelete
  2. ကန်စွန်းရွက်သုပ်နဲ့ကျွေးရင်ကော ကိုဇနိက ပန်းကန်ခေါက်တာဘဲလား?
    မနိစီက အကြံရသွားပြီ၊ ဒီတခေါက် ကန်စွန်းရွက်ဝယ်ရင် သုပ်စားကြည့်ရမယ်။
    ReplyDelete
  3. ကန်စွန်းရွက်က သုတ်စားလို့ လည်းရတယ်လား တစ်ခါမှကိုမစားဖူးဘူး တကယ်ပဲ ဒါလေးက လွယ်သား ကျနော်လည်း အားရင် လုပ်စားအုံးမယ်း)
    ReplyDelete
  4. အမလေးးး အစားတွေကို တမျိုးပြီးတမျိုးပါလား၊ ဖြစ်သလို စားနေရတဲ့သူတွေကို သနားပါအုန်း
    ReplyDelete
  5. Wow... ကန်စွန်းရွက်သုတ်...
    ကြိုက်တာပဲဗျို့...
    အသားဟင်းတွေထက် အသုတ်လေးတွေကို ပိုကြိုက်တယ် မမနိရဲ့... :)
    ReplyDelete
  6. အစ်မ
    ကန်စွန်းရွက်သုပ်ဆိုလို့ အမီလိုက်လာတာ။ အသီးအရွက်သုပ်ဆို အကုန်နှစ်သက်တယ်။ သုပ်နည်းလေးတော့ ကွာတာပေါ့နော်။
    အစ်မက ကန်စွန်းရွက်နဲ၂နဲ့ အစာများ၂ သုပ် ထားသလားပဲ၊ ဒါပေမယ့် စားချင့်စဖွယ်ပါပဲ၊ ကျေးဇူးပါ ရှယ်ပေးတဲ့အတွက်။
    ReplyDelete
  7. ကန်စွန်းရွက်သုပ် လည်းကြိုက်တယ် ဒါပေမဲ့ မမနိနည်း နဲ့မစားဖူးသေးဘူး။ နည်းအသစ်ရပြီ ရှဲရှဲ :D
    ReplyDelete
  8. ဓါတ်ပုံကြည့်ပြီး စားချင်လာပြီ၊၊ ဒီနေ့ ထမင်းစားမကောင်းလို့ ...။
    ReplyDelete
  9. ကန်ဇွန်းရွက်သုတ်တာ၁ခါမှမစားဖူးသေးဘူး
    အမလေးး...
    ငါလည်း...
    နိလုပ်သမျှမစားဖူးတာချည်းပါ့လား..အဟိ
    ReplyDelete
  10. မေမိုး ကတော.ဟုတ်တိပတ်တိ နဲ. အခု ဘဲ ပြေး သူတ် တော့မဲ့ပုံ နဲ့. ရှဲရှဲ တဲ့။ သူ့လက်ရာ တော. တခါ မှ မမြင် ဘူးဘူး . ။ ဘာ ဖြစ် လို့ မပြ ချင် တာ လဲ ဆို တော့ခဏခဏ ချက်ကွေျးှ ပါဦး လို့ ဝိုင်း ပြီး တောင်းပန် ကြ မှာ စိုးလို့ မ show ပါရစေနဲ့ လို့. အစ် မကို ပြောတယ်။ ဒီမှာ က ရန် များတယ် လေ။ ကိုနိ တို့ ဂွိ တို့ က တနင်္ဂနွေ တိုင်း အိမ် လာလည် နေရင် အခက်ဘဲ လို့စဉ်းစားပြီး မပြ လိုပါဘူးတဲ့။
    တခါ မှ သုပ်မစားဘုး ပါ။ ဒါနဲ လက်ဖက်သုပ်ပါဦး စားချင်လို့.
    ReplyDelete
  11. တော်တော်မြည်းလို့ ကောင်းမှာပဲ။
    ReplyDelete
  12. အဟိ.. ဒီတခါ မခင်ဦးမေ နောက်က တိတ်တိတ်လေး လာချောင်းပြီး ကြည့်သွားတယ်.. :P ကန်စွန်းရွက် တခါမှ မသုပ်စားဖူးဘူး.. Pauk ပြောသလိုပဲ အမလည်း ပြောလိုက်ဦးမယ်.. မဇနိလုပ်သမျှ အမလည်း တခါမှ မစားဖူးတာချည်းပဲ.. အဟိ.. လုပ်စားကြည့်ဦးမယ်ဆိုတာ လေထဲ တိုက်အိမ်ဆောက်နေသလိုပဲ.. စိတ်ကူးထဲမှာ ချက်စားနေတာတွေ... :D
    ReplyDelete
  13. မဇနိ ပို့ စ်တွေဖတ်ပြီး တို့ မနေ့ ကဘယာကြော်ဝယ်ပြီးသုပ်စားတယ်။
    ဒီနေ့ တော့ ညီမရဲ့ ဒီပို့ မတက်လာခင်တည်းက ဟင်းနုနယ်ရွက်သုပ်စားမိသေးတယ်။
    နောက်နေ့ တို့ ဟူးသုပ်လေးရေးဦးနော်။
    ReplyDelete
  14. ကြက်သားက ဘယ်လို လုပ်ထားရမှာလဲ
    ပြုတ်ထားရမှာလား
    ReplyDelete
  15. မဇနိရေ…တခါမှ သုတ်မစားဘူးဖူး… အိမ်ကလူကို လုပ်ကျွေးလိုက်ဦးမယ်… တို့ ကတော့ အစာအိမ်ပြန်ဖြစ်ပြီး stomach flu တဲ့ဖြစ်ပြန်ပြီ… ခုထိဆန်ပြုတ်နဲ့ နှစ်ပါးသွားရတုန်း… စားစရာတွေ သိပ်မတင်ပါနဲ့ ကွယ်… မချိမဆန့် ခံစားရလွန်းလို့ …
    ReplyDelete
  16. မမကွိက ကျွေးပါတယ်နော် ကိုကြီးဝီကသာ ဒန်ပေါက်သွားစားနေတာ
    အသားမပါရင်တော့ ကိုဇနိက ခေါက်တာပဲ ညီမမြရွက်ဝေရေ
    အားရင်သုပ်စားကြည့် မောင်မျိုးရေ
    လင်း ဖြစ်သလိုဆိုတာ အစုံနဲ့စားနေတာမဟုတ်လား
    မဇနိလည်း အသုပ်တွေကိုပိုကြိုက်တာ ညီမသက်တန့်နဲ့တူတယ်
    အစာများတာက ကန်စွန်းရွက်ဈေးကြီးနေလို့ ကိုဝင်းဇော်
    နည်းအသစ်ရတော့ သုပ်နေပြီလား ညီမငေးမေမိုး
    စားချင်လာရင် စားသွား ညီမ ပန်းခရမ်းပြာ
    ဟဟ ပေါက်က မနိလုပ်သမျှ မစားဖူးဘူးတဲ့နော် အားတောင်ငယ်လာပြီ
    မမကေအိုအမ် လက်ဖက်သုပ်ရင် လက်လာတို့ပါ့မယ်
    ဟုတ်မယ်ထင်တယ် ကိုအမည်မသိ
    မမနုစံ လေထဲတိုက်ဆောက်နဲ့ တကယ်လုပ်စား ဟိုအကိုကြီးအတွက်
    ကြက်သားက ပြုတ်ထားတာပါ ကို/မ အမည်မသိ
    ဟင်းနုနယ်ရွက်သုပ်လေးလည်း စားချင်တယ် မမယုဝရီ
    တို့ဟူးသုပ် ဟိုနေ့က သုပ်စားဖြစ်သေးတယ်
    အမတန်ခူး အစာအိမ်ပြန်ဖြစ်နေတယ်ဆို ဂရုစိုက်ပါနော်
    အစားတွေ မတင်သေးဘဲ ရပ်ထားမှထင်တယ်
    အိမ်က အမတန်ခူးရဲ့ မောင် ကိုတော့ လုပ်ကျွေးလိုက်ပါအုံး
    ReplyDelete
  17. မတန်ခူးကတော့ အစာအိမ်ပြန်ဖြစ်လို့ မချိမဆန့် ဖြစ်တာ၊ အမကတော့ ကန်စွန်းရွက်သုတ် မကျန်တော့လို့ မချိမဆန့် ဖြစ်ရတာ။
    မချက်တတ် မပြုတ်တတ် တဲ့ တို့တွေကို အဝေးကနေ ပြုစုနေတော့ ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား နိနိ။
    ReplyDelete
  18. အဲ ဒီအသုတ်လည်းကြိုက်တာပါပဲလေ.. ဟီးးး
    ဝေလေးလဲ အသားဟင်းတွေထက်စာရင် အသုတ်တွေပိုကြိုက်တယ်.. ပုံကိုထပ်ခါထပ်ခါကြည့်ကာ သွားရည်ယိုသွားပါသည်... :P
    ReplyDelete
  19. ပုံတွေကြည့်ရင်း စားချင်တာက တစ်မျိုး..
    ချက်တတ်ပြုတ်တတ်လွန်းတဲ့ မဇနိကို အားကျမိတာက တစ်မျိုး..
    မမခင်ဦးမေရဲ့ Comments တွေကို ဖတ်ရင်း ရယ်ရတာက တစ်မျိုး..
    ရသပေါင်းစုံ ပေးစွမ်းနိုင်သော မဇနိ၏ ပိုစ့်တစ်ခု ဖြစ်ပါသည်...။
    ReplyDelete
  20. အမချိုသင်းကတော့ လုပ်ပီ
    ကျောင်းမှာ အမကွန်းမန့်ဖတ်ပြီး တယောက်ထဲဘေးဘီလေးကြည့် ရယ်နေတာ တခွိခွိ ပေါ့
    အနီးကပ်ပြုစုပါ့မယ် အမချိုသင်း သက်ဆိုင်သူတွေတော့ ခေါ်လာရဘူးနော်
    အဲ အသုပ်လေးလည်း ယူသွားနော် ဝေလေး
    အမသက်ဝေ စုစုပေါင်း ရသ သုံးမျိုးလား ဗျ
    ReplyDelete