Monday, August 25, 2008

one million kiss

တနေ့သ၌ ကျွန်ုပ်တို့၏ ပွဲတိုင်းကျော်ဇာတ်လိုက်ကြီး ကိုဇနိနှင့်မဇနိတို့ online ပေါ်တွင် microphone နှင့်စကားပြောနေကြရာ….
မနိ။ ။ ကိုနိ ရှင် ကျွန်မကိုတကယ်ချစ်ရဲ့လား၊ ဟလိုကြားရဲ့လား။
ကိုနိ။ ။ အမ်၊ နိနိကလဲ တကယ်ချစ်တာပေါ့ကွာ။
မနိ။ ။ ဟုတ်လို့လား၊ ဟွန်း။ ကဲ ဒါဆိုပြောပါဦး ဘယ်လောက်ချစ်လဲ ကွန်မကို။
ကိုနိ။ ။ မိုးလောက်ကြီးဂျစ်၊ မြေလောက်ကြီးဂျစ်၊ ဂေါ်ဇီလာလောက်ကြီးဂျစ်၊ များကြီးများကြီးဂျစ်။
မနိ။ ။ ဟလို၊ ကိုနိကြားလား။ တဂျစ်ဂျစ်နဲ့ဘယ်လိုဖြစ်။ လိုင်းမကောင်းလို့လား။
ကိုနိ။ ။ ဟုတ်ဘူး၊ ဟုတ်ဘူး။ ဂျစ်တယ်လို့ပြောတာ။
မနိ။ ။ အော်၊ ဒါဆိုလဲပြီးရော ဟွန့်။ အနမ်းလေးတွေရောပေးချင်ရဲ့လား ပြောပါဦး။
ကိုနိ။ ။ ပေးချင်တာပေါ့၊ အရမ်းပေးချင်တယ်။
မနိ။ ။ ဒါဆို ဘယ်လောက်များများကြီး ပေးချင်လဲဟင်…။
ကိုနိ။ ။ one million လောက်ကြီးပေးချင်တာပေါ့ နိနိရယ်။
မနိ။ ။ ဒါဆို ခု phone ထဲကနေ မနားတမ်း one million kiss ပေး။
ကိုနိ။ ။ အမ်၊ ဒါ…ဒါကတော့။
မနိ။ ။ မဒါကတော့နဲ့။ ဟွန်း… ဒါတောင် :* ကို one million ရေးခိုင်းမလို့။ ရှင် copy and paste လုပ်ပြီး လူလယ်ကျမှာကျွန်မသိလို့။
နောက်ဆုံးကြားသိရသောသတင်းအတင်းများအရ၊ ကိုဇနိ၏ one million kiss mission ကြီး၊ မပြီးဆုံးသေးပဲ၊ ကစ်မြဲကစ်လျက်ရှိပါကြောင်း…

9 comments:

  1. ဟားဟား ကိုဇနိ နဲ့  မဇနိ တကယ်ကြီးလားး) အူတွေယားလိုက်တာ ကြည်နူးစရာကြီးနော့် ဂယ်ကြီးဂျစ်တာပါဆို မကျေနပ်သေးတော့ မိုးလောက်ကြီးဂျစ်ပြီး one million kiss ပေးကြတာပေါ့ တော်ပြီး လူပျိုလေးရှက်တယ် ပြန်တော့မယ် ဂျစ်ကြ ဂျစ်ကြ :)

    ReplyDelete
  2. ဟိုက်!! ဒါတော့ ကွန့်မန့်ပွတ်ရမှာ မီးမီးချက်ချက်၊ ပြန်တော့မယ်နော်။ အဟီး :P :D

    ReplyDelete
  3. ခုရောပြီးသေးဘူးထင်တယ်နော်..one million kiss ဆိုတော့... ဆက် kiss ဆက် kiss ....

    ReplyDelete
  4. ကိုဖြူကြီး လူနောက်..
း)

    ReplyDelete
  5. ပွဲကြမ်းကုန်ပြီ. ဟီဟိ။ .မီးမီး ရှက် ရှက်.

    ReplyDelete
  6. ကစ်ပေးရင် မျှက်မှန် ချွှတ်စရာ လိုသလားဟင်.့ ကွိကွိ.

    ReplyDelete
  7. ကိုဇနိ က မျက်မှန်တတ်ထားသလား ချွတ်ထားသလားကို သတိထားမိမယ် မထင်ပါဘူးဗျာ.... :D

    ReplyDelete
  8. တကယ်ဟုတ်တယ်ဗျို့.ဟိုတနေ့က
    ကိုဇနိတဂျစ်ဂျစ်နဲ့ ဗျာ..မပြောချင်ပါဘူးဗျာ.
    ကြားချင်တယ်ဆို..နောက်နေ့မှထပ်ပြောပြမယ်..

    ReplyDelete
  9. ဟီး ..ကိုကိုနိ one million မပြည့်သေးဝူးပေါ့ ၊၊ ဘာမှ မပူနဲ့ဗျ ၊၊ သချာင်္က linearity derivation ဖော်မြုလာတစ်ခု ထုတ်လိုက်၊၊ upper /lower limit ထည့်လိုက်ရင် ခနလေးပြည့်ပီ ၊၊ မမနိ ... ကိုကိုနိ ..အမြဲပျော်ရွှင်ပါစေ....

    ReplyDelete