Wednesday, August 13, 2008

မြင်ကွင်း

မြင်ကွင်း

အစအခြေ
မမျှနေတဲ့
ဘဝတွေထဲမှာ
လဲသူက လဲ
စွဲသူက စွဲ
သဲသူက သဲ လို့
ရဲသူကလဲ.. ရဲနေကြပြန်တယ် ။

ပန်းချီဆေးစက်တွေမှာ
အဘက်ညီအောင်
အဝါရင့်ထက်
အနီဆေးစက်တွေပက်တင်
ရက်စက်တယ်ထင်ရင်လဲ မမှု့။

ခဏလေးများစွာအတွက်
သူ့မူနဲ့သူ
စတေးလိုက်ကြသူတွေမှာ
တစ်ချို့က
ဂုဏ်သိက္ခာအတွက်
တစ်ချို့က
သစ္စာတရားအတွက်
တစ်ချို့က
အမျိုးအနွယ်အတွက်
မြင့်မြတ်မူ့သက်သက်နဲ့
ဘဝတွေကို သဂြိုလ်ပစ်ခဲ့ကြပြီး…..
တစ်ချို့ကျပြန်တော့
ငြူစူအတိ
အယူသာရှိပြီး
ကိုယ့်အတွက်ကိုယ်ကြည့်ရင်း
စာနာတတ်တဲ့ ကိုယ်ကျင့်တရားမြတ်ကို
နင်းသတ်ပစ်လိုက်ဖို့ပဲ……
ကြံစည်နေတတ်ကြတယ်။

5 comments:

  1. ဒီကဗျာကိုဖတ်တော့ အခု သတင်းတွေမှာတွေ့နေရတဲ့ ရုရှ-ဂျော်ဂျီယာကို မျက်လုံးထဲမှာ မြင်လာတယ်။

    ဒါပေမဲ့ ကဗျာလေးကတော့ ဒီ့ထက်ပိုလို့ လေးနက်မယ်ထင်ပါတယ်။

    ReplyDelete
  2. ဒီကဗျာလေး ကြိုက်တယ်ဗျာ အဲ့ တစ်ချို့ ချို့ ဆိုတာတွေမှာ ကျနော်လည်းပါနေသေးတယ် ။

    ReplyDelete
  3. ကဗျာ ရဲ့ ဆိုလိုရင်း မြင်ကွင်း ကိုခံစားလို့ရပါတယ် ၊၊
    အနက်အဓိပ္ပါယ် ရှိတဲ့ ကဗျာ တစ်ပုဒ်ပါ မမေအောင် ၊၊
    အားပေးပါတယ် ဗျာ ၊၊ ၊၊

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. မြင်ကွင်းတွေက သိပ်ထင်ရှားလွန်းရင် မျက်စိတင် မကဘူး ရင်ထဲကပါ ကျိန်းစပ်စပ် ဖြစ်လာတယ်

    ပုံ
    မျက်မှန်စိမ်းတပ်ထားသူ

    ReplyDelete