Monday, July 14, 2008

ကာလိုမန်ပန်းခြံ


ကာလိုမန်ပန်းခြံဆိုတာက ကျနော်တို့နေတဲ့ အဆောင်နားမှာပါပဲ။ လမ်းလျှောက်သွား နာရီဝက်ဆိုရောက်တာပါပဲ။ အဲဒီပန်းခြံကို မကြာခဏရောက်ဖြစ်ပါတယ်။ ပန်းခြံအကြောင်းတော့ အကျယ်မပြောတော့ပါဘူး။ ဒီမှာဖတ်ကြည့်လိုက်ရင်လည်း သိသွားမှာပါ။ မော်စကိုမြို့မှာ ဒီလို စိမ်းစိမ်းစိုစို သစ်တောအုပ်ကြီးနဲ့ အလွန်ကျယ်ဝန်းလှတဲ့ ပန်းခြံရှိနေတာ အံ့သြစရာပါပဲ။ အဲသလိုပန်းခြံတွေ အခြားနေရာတွေမှာလည်း ရှိသေးတယ်။ သစ်တောပန်းခြံတွေလို့ခေါ်တယ်ထင်တယ်။ မှတ်မိသေးတယ် သူငယ်ချင်းတစ်ယောက်က မော်စကိုကို စရောက်တော့ လေဆိပ်မှာ သွားကြိုတာ၊ သူလေယာဉ်ပေါ်ကကြည့်နေတာတဲ့ သစ်တောအုပ်တော့ မနည်းပဲတဲ့၊ လေဆိပ်နဲ့ မော်စကိုမြို့က အတော်ဝေးသလားတဲ့။ အတော်ကြီး ဝေးလှတာတော့လည်း မဟုတ်ပါဘူး။ အဲသလိုပဲ ဒီမှာက သစ်ပင်တွေရှိပဲနေတာလား၊ မခုတ်လို့ကျန်နေတာလား၊ ခုတ်မရလို့ကျန်နေတာလား မသိပါဘူး။ ကျနော် ဗော်လဂါမြစ်ဘေးက အနားယူအပန်းဖြေစခန်းကို သွားနေတုန်းကလည်း မနက်လင်းလာရင် တောထဲ ရောက်သွားတော့တာပဲ။ လျှောက်သွား ဟိုရှာ ဒီရှာ၊ ဟိုသွား ဒီသွားပေါ့။ မြစ်ဘေးမှာ လှေတွေလည်းရှိတော့ လှေတွေလည်း စီးလိုက်၊ ရေးကူးလိုက် တောထဲသွားလိုက်နေတာပေါ့။ ဗော်လဂါမြစ်ဘေးမှာ ဗော့ဒကာနဲ့ သိပ်ဇိမ်ကျတာ ပြောရင်း သူငယ်ချင်းတွေကိုတောင် လွမ်းလာပြီ။ ဗော်လဂါမြစ်ကမ်းဘေး စခန်းပုံတွေတော့ ဒီနေရာနဲ့ ဒီနေရာမှာသာကြည့်တော့ နက်ထဲရှာထားတာ။ အခုတော့ ကာလိုမန်ပန်းခြံက ဓာတ်ပုံတချို့ကြည့်ပါဦး။ အလှကြီးတွေတော့ ဟုတ်ပါဘူး။ အမှတ်တရပေါ့ စိမ်းစိမ်းလေးတွေမြင်ရလို့ မျက်စိအေးသွားလည်း နည်းတာမှတ်လို့နော။


ပန်းခြံက မော်စကိုမြစ်ဘေးမှာရှိတာ။ အဲသလို စိမ်းစိမ်းလေး၊ တောအုပ်ကလေးတွေနဲ့။



ဒီလိုလမ်းကလေးတွေ


ဒီအဆောက်အဦးကြီးကတော့ သမိုင်းဝင်ဆိုလားပဲ၊ မနှစ်တုန်းကတော့ ပြင်နေတာ၊ အခုတော့ သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းနေတယ်။



ဒါကတော့ ပန်းသီးပင်အုပ်တွေ။ အခုတော့ အသီးမရှိဘူး။ နောက်ကျရှိလာမယ်။ အဲဒီတော့လည်းသွားရသေးတာပေါ့၊ ပန်းသီးက အကောင်းစားမဟုတ်လို့လားဘာလာတော့ သိဘူး၊ သီးနေရင် ခူးစားချင်စားလို့ရတယ်။ ခူးပြီးသယ်သွားချင်ရင်လည်းရတယ်။


ဒီအသီးလေးနာမည်မေ့သွားပြီ၊ အဖွားကြီးတစ်ယောက်ကိုမေးတော့ ပြောပြတယ်၊ စားလို့ရတယ်ဆိုလို့ စားကြည့်တာ မဆိုးဘူး အရသာက။(((နောက်တိုး - အသီးနာမည်ကိုပြန်သတိရလို့ရေးလိုက်တာ - ရုရှားလို вишня - အင်္ဂလိပ်လို cherry တဲ့။ ချယ်ရီကို အဲသလိုဆိုတာကို သိဘူး။ ဒီမှာ နီနီအလုံးလေးတွေက ပေါသကိုး။ ကိုယ်က အ တော့ မခွဲ၊မခြား၊ မသိဘူးပေါ့။)))



ဒါတွေကတော့ နှင်းဆီတွေထင်တယ် သေချာသိဘူး။


ဒါက ဘာအဆောက်အဦးလဲတော့ သိဘူး၊ အကောင်နှစ်ကောင် ရှေ့မှာ ကားကားကြီးနဲ့။ တို့ဆီက ဘုရားတွေ့ရှေ့မှာကြနေတာပဲ။ သူများ ဓာတ်ပုံရိုက်တော့ ကိုယ်လည်းရိုက်တာပေါ့နော။


ဓာတ်ပုံတွေမှာ ဒိတ်ကတရက်လွဲနေတယ် ချောတီး။
Мы из будущего. - ပေါ့။
အဓိပ္ပါယ်က We are from the future.

10 comments:

  1. လှတဲ့ ပန်းခြံပဲ။ မြင်ကွင်းကျယ်ရိုက်ထားတဲ့ ပုံတွေကို သဘောကျတယ်။

    ဒါနဲ့ သူတို့ပန်းခြံတွေကရော အတွဲရှိလားဟင်။ (ဒါမှမဟုတ် သွားချောင်းတယ်ထင်ပ။)

    ReplyDelete
  2. ပန်းခြံက စိမ်းစိမ်းစိုစိုနဲ့ အတော်အေးချမ်းတယ်နော်။ အဲဒီမှာတော့ သဘာဝတွေ အများကြီးရှိနေသေးတယ်ထင်တယ်။ ဒီမှာတော့ လူလုပ်ထားတဲ့ ပန်းခြံတွေများတယ်။ မြစ်တွေ၊ ချောင်းတွေ၊ ပင်လယ်တွေကို မြေဖို့၊ အသားမသေသေးသ၍ အပေါ်မှာ ပန်းခြံတွေ ကစားကွင်းတွေ လုပ်ထားတယ်။ မြေသားမာသွားရင် ပန်းခြံကို ဖယ်ပြီး တိုက်ဆောက်ကြရော။ ဒီမှာ မြေကြီးစနင်းတုန်းက လန့်သွားသေးတယ်။ အမြဲတန်း ကတ္တရာ၊ ကွန်ကရစ်တွေဘဲနင်းနေရတာ ပန်းခြံထဲရောက်တော့ မြေကြီးနင်းရပြီလို့ တွေးလိုက်တာ နင်းမိခြင်းမှာဘဲ မြေကအိကျသွားတော့ ကြက်သီးထသွားတယ်။ မြေများ ပြိုသလားပေါ့။ နောက်မှသိတယ်။ မြေကြီးအစစ်မှမဟုတ်တာဘဲ။ သစ်ဆွေးလို အမှုန်စတွေ။ recycle လုပ်ပြီး မြေဖို့ထားတာ။ အပေါ်မှာ မြက်ခင်းစိမ်းစိမ်းတွေလဲ ပေါက်နေတော့ ကိုယ့်ဆီမှာလိုဘဲထင်လိုက်တာ။ နဲနဲတော့ စိတ်လေသွားတယ်။
    ပန်းခြံအကျယ်ကြီးထဲရောက်တော့ ကိုဇနိတော့ မဇနိကို လွမ်းလွမ်းတွေဖြစ်နေမှာပေါ့။ စိတ်ကူးရုပ်ရှင်ရိုက်လေ "နှစ်ယောက် တစ်နိ" :P

    ReplyDelete
  3. ကိုဇနိ စာနဲ့ ဓာတ်ပုံတွေကြည့်ပြီး ကာလိုမန်ပန်းခြံ ကြီး ကိုရောက်ဖူးခဲ့ပါတယ် ၊၊
    ကျေးဇူး ... ကိုဇနိ ရေ ၊၊

    ReplyDelete
  4. နှင်းဆီတွေလို့သေချာမကြည့်တတ်ဖူး?
    နှင်းဆီနံ့မမွှေးဘူးလား?
    ပန်းမခူးရလို့ရောရေးထားလား?
    ပန်းခြံကိုပြေးလာကြည့်ချင်အောင် တစ်ကွက်ချန်ရေးထားတာ
    ဟင်းးးချိတ်တိုတယ် တကယ်။

    ReplyDelete
  5. အကိုဇနိကလည်းဗျာ

    ဆိုလားပဲ
    မသိဘူး
    မေ့သွားပြီ
    မသေချာဘူး
    လွဲနေတယ်
    အင်းးးးးးးးးးးးးးးး

    မေတ္တာဖြင့်

    ReplyDelete
  6. ကိုဇနိ...ဓာတ်ပုံတွေက တော်တော်လှတာပဲ။

    ReplyDelete
  7. Very nice place to visit and feel cool and quiet to see your photos.

    Good Job!

    ReplyDelete
  8. အဟီး.. အမလည်း ကိုတောင်ငူပြောသလိုပဲ ပြောမလို့ သူဦးသွားလို့ မပြောတော့ဘူးနော်.. :P ပန်းတွေက နှင်းဆီပန်းစစ်စစ်တွေပါ။ အသီးကလည်း ချယ်ရီအသီး။ အမက အဲဒီလို အသီးတွေ ခူးပြီး စားချင်တာ။ ဒီမှာတော့ အရမ်းဈေးကြီးတယ်။ ပန်းသီးလည်း ခူးချင်တာပဲ။ ပန်းခြံကြီးထဲမှာ လမ်းလျှောက်နေရင် စိတ်ချမ်းသာဖို့ကောင်းမှာပဲနော်.. ပတ်ဝန်းကျင်က စိမ်းစိုနေတာပဲ။ ကိုဇနိတော့ မပြောတတ်ဘူး အမတော့ ရှုခင်းတွေကြည့်ရင်း လွမ်းချင်လာပြီ.. ကိုဇနိရေ.. ပန်းခြံထဲ လမ်းလျှောက်ရင်း မဇနိကိုလွမ်းလို့ တရှုံရှုံ မငိုနဲ့နော်... :D

    ReplyDelete
  9. ကိုဇနိတို့ ရေ...
    ခဏခဏ အလည်ရောက်ပါတယ်။
    စာတွေလဲ အကုန်ဖတ်ဖြစ်ပါတယ်။
    ကော်မန့် သာ မရေးဖြစ်ခဲ့တာပါ။
    သိပ်လှတဲ့ ရှုခင်းတွေကြည့်ရင်း မနုစံပြောသလိုဘဲ လွမ်းချင်ချင်...

    ReplyDelete
  10. ကိုဇနိရဲ့ သဘာဝရှုခင်းဓာတ်ပုံလေးတွေက လှတယ်ဗျို့...

    ReplyDelete