Tuesday, July 1, 2008

ဖတ်ဖူးတဲ့ ဟာသလေးတွေ


အရင်တုန်းက ဖတ်ဖူးတဲ့ ဟာသလေးတွေပါ။ ဘယ်မှာ ဖတ်ဖူးတာလဲ မသိတော့ဘူး။ မှတ်မိနေလို့ ပြောပြပါဦးမယ်။ အလုပ်ထဲမှာ ပင်ပန်းနေတုန်း နည်းနည်း ပြုံးလိုက်ရရင်တောင် မဆိုးဘူးမဟုတ်လား။

ဦးအောင် ပြေးထားမှ...

သုဿန်ဝန်းတစ်ခုထဲမှာ လူနှစ်ယောက်က အုတ်ဂူတစ်လုံးပေါ်မှာ ထိုင်ပြီး တောထဲက ခူးလာခဲ့ကြတဲ့ သစ်သီးတွေကို ခွဲဝေယူနေကြသတဲ့။ သုဿန်ခြံစည်းရိုးက အပင်တွေနဲ့ဆိုတော့ အထဲက သူတို့နှစ်ယောက်ကို လမ်းသွားလမ်းလာတွေက မမြင်ရဘဲ သူတို့ အသံတွေပဲ ကြားရပါတယ်။
“ရော့ မင်းတစ်ခု ငါတစ်ခု”
“ရော့ မင်းတစ်ခု ငါတစ်ခု”
“ရော့ မင်းတစ်ခု ငါတစ်ခု”
......
......
အဲဒီအချိန်မှာ ကောင်လေးငယ်ငယ်လေးတစ်ယောက်က သုဿန်ခြံစည်းရိုးဘေးက လမ်းပေါ်ကနေ ဖြတ်အလျှောက် “ရော့ မင်းတစ်ခု ငါတစ်ခု” ဆိုတဲ့အသံတွေကြားတော့ သကြားမင်းနဲ့ယမမင်း လူ့ပြည်က လူတွေကို တစ်ယောက်တစ်ဝက်ခွဲယူနေပြီဆိုပြီး အတွေးပေါက်သွားတယ်။ မဖြစ်ဖူး အဖိုးကို သွားပြောမှပဲ ဆိုပြီး အိမ်ကို အပြေးပြန်တာပေါ့။ အိမ်ရောက်တော့ “အဖိုးရေ ..... အဲသလိုပဲဗျ” ဆိုပြီးပြောတာကို အဖိုးက “ငါ့မြေးရာ မဖြစ်နိုင်တာ၊ ကဲ လာ အဲဒီဆီကို အဖိုးလိုက်ခဲ့မယ်၊ သွားစို့” ဆိုပြီး မြေးလက်ကိုဆွဲပြီး အဲဒီ သုဿန်ဆီကို ထွက်လာခဲ့ကြတယ်။ အဲဒီအချိန်မှာ ဟိုမှာက သစ်သီးတွေခွဲနေတုန်း သစ်သီး အကြီးတလုံးရယ်၊ အငယ်တလုံးရယ်က သုဿန်ထဲကနေ လမ်းမဘက်ကို လိမ့်ပြီး ထွက်သွားတယ်။ တိုက်တိုက်ဆိုင်ဆိုင် မြေးအဖိုးနှစ်ယောက်လည်း အဲဒီနားရောက်ရော...အထဲက ပြောသံကြားလိုက်ရတယ်...
“အပြင်ဘက်လမ်းမပေါ်က အကြီးရယ်၊အငယ်ရယ်ကို ခွဲယူလိုက်ရင် မင်းနဲ့ငါ ညီပြီ”
အဲဒီအသံလည်းကြားရော အဖိုးက အော်ပြီး ထိပ်ဆုံးက ပြေးပါလေရော။
“ မြေးရေ မင်းပြောတာ ဟုတ်တယ်ဟ ပြေးထား”


အဟိ! ပြေးတော့

ကောင်လေးငယ်ငယ်လေးတစ်ယောက်က ခြံတံခါးဝတစ်ခုမှာ မမှီတမှီ ခုန်ခုန်ပြီးတော့ လူခေါ်ခေါင်းလောင်း ခလုတ်ကို နှိပ်နေသတဲ့။ မနှိပ်မိသေးဘူးပါဘူး။ ခုန်ဆွ ခုန်ဆွနဲ့ပေါ့။
အဲဒီအချိန်မှာ ဘုန်းကြီးတစ်ပါးက ကြွလာတာ၊ ကောင်လေး ခုန်ဆွခုန်ဆွလုပ်နေတဲ့နားရောက်တော့ အင်း ကူညီလိုက်ဦးမှပဲဆိုပြီး စိတ်ကူးရလို့ လူခေါ်ခေါင်းလောင်းလေးကို နှိပ်ပေးလိုက်တယ်။
ဘုန်းကြီးက ကောင်လေးကို “ဒကာလေး ဘာဆက်ကူညီရဦးမလဲ”ဆိုပြီး ကောင်လေးကို မေးလိုက်တယ်။
ကောင်လေးက “အဟိ! ပြေးတော့”ဆိုပြီး ထွက်ပြေးသွားပါလေရောတဲ့။

15 comments:

  1. ဟုတ်ကဲ့..ပြေးပီနော်..ကိုဇနိ
    ပျော်ရွင်ပါစေဗျာ..အမြဲအားပေးလျက်ပါ

    ReplyDelete
  2. ဟုတ်ကဲ့..ပြေးပီနော်..ကိုဇနိ
    ပျော်ရွင်ပါစေဗျာ..အမြဲအားပေးလျက်ပါ

    ReplyDelete
  3. ကိုဓနိရေ...အဲ.. မွှားလို့ ၊မွှားလို့။....ကိုဇနိ...ရေ... ပြေးဟ။ နောက်ကလိုက်လာနေပြီ။

    :P

    ReplyDelete
  4. ကို/မဇနိ
    နှစ်သက်စွာ ဖတ်ရှုသွားပါတယ်။
    ကျွန်တော်လဲ ပြေးပြီဗျာ ....

    ReplyDelete
  5. တခါတုန်းက ကုလားမကြီးတယောက် နေစရာမရှိလို့ မြန်မာဘုန်းကြီးကျောင်းမှာ ခိုကပ်နေရသတဲ့။
    ကုလားမက ဘုန်းကြီးကျောင်းနားမှာပဲ အကြော်ကြော်ရောင်းပြီး နေလာတာ။
    နောင် နှစ်တွေကြာလာတော့ တနေ့မှာ ဘုန်းကြီးက ပြောသတဲ့ “ဟဲ့ကုလားမ နင်အသားတွေဖြူလာသလိုပဲနော်“ လို့။
    ကုလားမက ဘယ်အသားဖြူပါ့မလဲ မဲတူးနေတာကိုး။
    ဒါနဲ့ ကုလားမလည်း နောက်နေ့မှာ ဘုန်းကြီးကျောင်းက ထွက်ပြေးသွားပါလေရော။
    အဖေပြောပြောပြတဲ့ ဟာသတွေထဲက တခုပါ ကိုဇနိရေ။
    အဖေကပြောတတ်တယ် “ ကုလားမ အသားဖြူရင် ပြေးဖို့သာပြင်“တဲ့။
    ကိုဇနိလည်း ကျုပ်ကို အသားဖြူတယ်ပြောရင်တော့ ကျုပ်လည်း ပြေးဖို့ပြင်ထားလိုက်အုံးမယ်နှော။

    ReplyDelete
  6. ဒုတိယ ပုံပြင်ကို ပိုသဘောကျတယ်.. အဟိ.. ပြေးပြီ။

    မဇနိရေ.. ဘယ်ကိုပြေးမှာတုန်း..တော်ကြာ ကိုဇနိငိုနေရဦးမယ်.. :D

    ReplyDelete
  7. စာတွေလုပ်ပြီးပင်ပန်းနေတုန်း
    ပြုံးရုံမက ရီသွားရကြောင်းပါ။

    ReplyDelete
  8. :P... :D... :)... ကိုဇနိ+မဇနိ ဟာသကောင်းပဗျာ...

    ReplyDelete
  9. This comment has been removed by the author.

    ReplyDelete
  10. This comment has been removed by the author.

    ReplyDelete
  11. ကိုဇနိရေ ကျွန်တော်လဲပြေးပြီဗျာ။
    :D

    ReplyDelete
  12. အဟိ! ဘုန်းဘုန်းတော့ သနားပါတယ်။ :)

    ReplyDelete
  13. ဒီpostဖတ်ပြီးရီလိုက်ရတော့ပင်ပန်းနေတာပေါ့သွားတယ်။Thanks.ပြေးပြီနော်။

    ReplyDelete