Friday, June 6, 2008

မွေးနေ့ကျေးဇူးတင်စကား နှင့် အကျွေးအမွေး


၆ ရက်ဇွန်လ မှာ ကျရောက်တဲ့ ကျနော့်ရဲ့ မွေးနေ့မှာ အမှတ်တရ ဆုတောင်းပေးတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ၆ - ရက် ဇွန်လ နေ့ဟာ ကျနော့်ညီလေးရဲ့မွေးနေ့လည်းဖြစ်ပါတယ်။ တစ်မိသားစုထဲက မွေ့နေ့တူ ၂ ယောက်ရှိတာပါ။ နောက်ထပ်တိုက်ဆိုင်တဲ့သူ တစ်ယောက်ကတော့ ရုရှားစာရေးဆရာ အကျော်အမော် ပူရှကင်ပါ။ သူကတော့ ၁၇၉၉ ခုနှစ်မှာ မွေးခဲ့တာဆိုတော့ ကျနော့်ထက် အသက်တွေ အများကြီးကြီးတာပေါ့လေ။ ကျနော်နဲ့သူ စာပေမှာ အဆင့်အတန်း မိုးနဲ့မြေ ကွာခြားပေမယ့် ကျနော်က ကိုယ့်ကိုကို ဒုတိယ ပူရှကင်လို့ ပြောတတ်ပါတယ်။ ထူးခြားပြောင်မြောက်တဲ့ သူနဲ့ မွေးနေ့တူတော့ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ ဒီနေ့ ကျနော့်ရဲ့မွေးနေ့မှာ မွေးမိခင်၊ဖခင်ဆီကို ဖုန်းဆက်ပြီး ကန်တော့ပါတယ်။ သူတို့ကလည်း အောက်ပြည်က နာဂစ်ဒုက္ခခံလိုက်ရတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းကို ကျနော်တို့ ညီအကို နှစ်ယောက်အတွက် ရည်ရွယ်ပြီး ငွေလှူလိုက်ပါတယ်တဲ့။ ၀မ်းသာရပါတယ်။

အခုတော့ ကျနော့်ရဲ့ မဇနိက မွေးနေ့လာရောက်သူတွေအတွက် ချက်ပြုတ်ပြင်ဆင်ပေးထားတာတွေနဲ့ ဧည့်ခံလိုက်ပါတယ်။ အွန်လိုင်းမှာ ကျွေးတာဆိုပေမယ့် သူမကတော့ အမှန်အကန်ချက်ပြုတ်ထားတာပါ။ တစ်ယောက်တည်းဖြစ်နေတဲ့အတွက် စာပွဲကြီးကိုကြည့်ပြီး ငိုနေရပါသတဲ့။ သူငယ်ချင်းတို့က အွန်လိုင်းကနေပြီး ၀ိုင်းကူစာပေးလိုက်ကြပါဦး။


၁။ ဒါကတော့ ကန်စွန်းရွက်ကြော်(ရှားပါးပစ္စည်း)
၂။ ဘာဂါ


၃။ အအီိပြေ နာနတ်သီးစိတ်လေး


၎။ ပုဇွန်ကြော်


၅။ ထမင်းလိပ်(ရေညှိနဲ့လိပ်ထားတာ)


၆။ လိုက်ဖက်တာ မလိုက်ဖတ်တာအသာထား၊ orange juiceရယ်၊ ရေနွေးသောက်ပြီး ပျော်ပျော်ပါးပါးကြီး စားသွားကြပါဦး။



7 comments:

  1. ပျိုဇနိနှင့်
    ဘဝဆက်ဆက်
    ပေါင်းဖက်နှစ်ဖြာ
    ဆုံဖူးစာတွင်
    သစ်နှစ်ပင်ကောင်း
    ငှက်နှစ်သောင်းနား
    ဆွေဖော်များ၏
    ချစ်အားကိုးရာ
ှဗိမာန်သာကို
    လျင်စွာတည်ဆောက်နိုင်ပါစေ။

    ReplyDelete
  2. စားလို့ကောင်းတယ်ဝေး...ကိုဇနိ ဟိုဟာလဲ ပါဘူး..နော်..အဟီး...

    ReplyDelete
  3. မမေအောင်ရေ - ကဗျာဥာဏ်ကလော်တိုင်းထွက်
    ကျေးဇူးတင်ပါ့ဗျာ
    မဇနိနဲ့နှစ်ယောက်ပေါင်းပြီး ငှက်နှစ်သောင်း နားနိုင်တဲ့ဘ၀လည်း ရောက်ချင်ပါတယ်ဗျာ။ ကြိုးစားပါဦးမယ်။
    ကိုကြီးလုံး ဟိုဟာက ပြီးမှ စက်ဘီးနဲ့ ဂိတ်ပေါက်ကို သွားမယ်လေဗျာ.. ဟ ဟ

    ReplyDelete
  4. ကန်ဇွန်းရွက်နဲ့ ဟိုအရည်လေးပါရင် ပိုကောင်းမယ်ဗျ ဟီးဟီး
    Happy birthday ပါခင်ဗျာ

    ReplyDelete
  5. စားချင်လိုက်တာ။ ဒီမှာ ကန်ဇွန်းရွက်ကြော်မရှိဘူး။ ပုဇွန်လဲမရဘူး။ ပြန်ရောက်မှ အကုန်လုံး သွားရည်ကျသွားအောင် ဗမာဟင်းမျိုးစုံ၊ မုန့်မျိုးစုံ ဓာတ်ပုံရိုက်ပြီး တင်ပစ်ဦးမယ်(ပြောသာပြော တင်လို့ ရပါ့မလား မသိ၊ connection က သိကြတဲ့အတိုင်း)။ တို့က စားရခါနီးနေပြီ။

    ReplyDelete
  6. “HAPPY BIRTHDAY” BDAY PRESENT ကိုလည်း မေးလ်နဲ့ပို့လိုက်ပါပြီ :P

    ReplyDelete
  7. စားပွဲကိုကြည့်ပြီး မျက်ရည်လည်နေတယ်ဆိုလို့သာ ဝင်အားပေးရတာ။ တယ်ကယ်လဲ စားရဘူး။ တစ်ကယ်ဝယ်ကျွေးအုံးနော်။

    ReplyDelete