Wednesday, June 25, 2008

ဘလော့ဂင်း၊ ဘလော့ဂင်း


အခုတလော ကျနော်နဲ့မဇနိ အဆင်မပြေကြပါဘူး။ မဇနိတယောက် ကျနော့်ကို တတွတ်တွတ်နဲ့ အပြစ်တွေတင်နေတာပါ။ သူမက “ရှင့်ကြောင့်လေ ရှင့်ကြောင့်”တဲ့။ ကျနော်ကလည်း “ဟာကွာ ငါ့ကြောင့်ချည်းပဲ မဟုတ်ပါဘူးဟ။ တခြားလူတွေလည်း ရှိတာပဲ။ သူတို့ကိုလည်း ပြောဦးမှပေါ့” ဆိုတာလည်း သူမက မရပါဘူး လူရင်းဆိုတော့ ကိုယ့်ပဲ နာနာနှက်နေတော့တာပေါ့။ ခက်တော့တာပဲ။ ကျနော်လည်း ဘယ်သူ့ပြန်နှက်ရမှန်းမသိတော့ အဲဒါကြောင့် ဒီ ဂူဂယ်ကို ခက်တယ်ပြောတာပေါ့။ ရှိရှိသမျှ အကုန်အလကားပေးနေ။ အလကားရတော့ လက်အငြိမ်မနေနိုင်။ အလကားရတဲ့ ဇော်ဂျီကို အင်စတောလုပ်ပြီး ဘလော့ဂင်းနေမိတာပေါ့။ (ကျေးဇူးရှင်တွေကို စိတ်ထဲက စော်ကားသေးတာ။) ဘလော့ဂင်းနေတော့ ဘလော့ဂ်ကို လာလည်တဲ့သူ နည်းရင် ဒီပြဿနာကပေါ်လာတာပဲ။


ဘလော့ဂ် လူလာနည်းလို့ အပြစ်ပြောမယ်ဆိုလည်း ပြောလောက်ပါတယ်။ အခုဖြစ်နေတာက ဘယ်အချိန်ရိုက်သတ်သတ်ရတယ်၊ အဲဒါ ကိုယ်ခြံထဲက ကြက်လို့ ယူဆထားတဲ့ ကိုမောင်ဖြူတို့၊ ကိုမောင်လုံးတို့ကတောင် ဒီဘလော့ဂ် ဘက်ကို ခြေမချ၊ ခြေဦးမလှည့်တော့ပါဘူး။ ရေးဖော်ရေးဖက် စစ်ကိုင်းသူနဲ့ မမေအောင်တို့ကလည်း ဘယ်နေရာမှာပျော်မွှေ့နေပြီလဲ။ ခြေရာတွေပျောက်နေပါရောလား။ သံယောဇဉ်များ ဖြတ်နိုင်လိုက်ကြတာ ကိုပီဆာကျယ်နဲ့ ကိုအန်အေဆိုတာ ယောင်လို့တောင် လှည့်ကြည့်ရဲ့လားမသိ။ စာရေးကောင်းလို့ ခေါ်ထားရတဲ့ ကိုလူအေးကလည်း ဘလော့ဂ်ကို အရှင်လတ်လတ်နဲ့ ဖြတ်ထားရစ်ခဲ့ပြန်တယ်။ သံယောဇဉ် ဖြတ်ပြီး ကွန်ထရီဗြူတာလစ်(စ)ကတောင် ထွက်နိုင်သေးတာ၊ အလည်လည်း ရောက်တော့မယ်မထင်ပါဘူး။ ကိုသောကြာကလည်း စီဘောက်မှာ တချက်တချက်ပေါ်တော်မူလာပြီး ခွေးလှည်းလေး စီးတဲ့အခါ စီးရဲ့။ သူလည်း ကြာကြာမနေပါဘူး။

ဘလော့ဂ်မှာ ကိုယ်ရေးထားတာလေးတွေ လာဖတ်သူတွေများတယ်ဟ၊ အဲ ကွန်မန့်တွေ တပုံကြီးရတယ်နဲ့ ပျော်ရွှင်ရတာက ဘလော့ဂင်းရဲ့ အရသာလေ။ စီဘောက်မှာ ရှည်ရှည်ဝေးဝေးရေးသွားတာ မဟုတ်တောင် လာလည်ပါတယ်ခင်ဗျ၊ လည်လည်လာပါတယ်ရှင့် ဆိုပြီး နှုတ်ဆက်သွားတယ်ဆိုရင်တောင် ပျော်နေရတာမဟုတ်လား။

နောက်တချက်ခက်တာက ကျနော်က မဇနိကို statcounter ဘယ်လို့ကြည့်ရတယ်ဆိုတာကို သင်ပေးထားတာဆိုတော့ သူမက ဘယ်လို အိုင်ပီ အဲဒရက်(စ)နဲ့လာရင် ကျော်ခွလာတာ၊ statcounter ထဲမှာ ပေါ်တဲ့ အိုင်ပီကို စီဘောက် အိုင်ပီနဲ့တွဲတိုက်ဆိုင်ပြီး ဘယ်သူလာတယ်ဆိုတာကို label ထိုးလို့ရတယ်ဆိုတာတွေပါ သင်ပေးထားတော့ ဒီနေ့ဆို ဘယ်သူတွေလာတယ်၊ Visit Length က ဘယ်လောက်ရှိတယ်၊ Returning Visits က ဘယ်လောက်၊ Page Loads တွေ၊ Unique Visitor တွေ၊ Returning Visitors လည်း အကုန်သိနေတာကိုး။ ဒီတော့ ဘားဂရပ်ကြီးထိုးကျနေရင် ကျနော့်ကို ပြောတော့ ဆိုတော့တာပဲ။ ရှင်ဘယ်လိုဖြစ်ရတာလဲ ဒီလို အလကားဖတ်ခွင့်ပေးထားတဲ့ ဘလော့ဂ်တောင် လူများများ လာအောင် မစည်းရုံးနိုင်ဘူး၊ အဲ နောင်အချိန် တူနှစ်ကိုယ်ဘ၀မှာ စီးပွားရှာ ဈေးဆိုင်တွေများ ဖွင့်ရင် ရှင်ဘယ်လိုလုပ်စားမလဲတဲ့။ အိမ်ဦးနတ်လောင်းကြီးကို သူမိုလို့ ပြောရက်လိုက်တာ။ ဒီကလည်း ဘယ်ခံနိုင်မလဲ။ ဟေ့ မင်းကလည်း ဒီဘလော့ဂ်က မင်းလည်း ဆိုင်တာပဲကွ။ မင်းလည်း နည်းလမ်းရှာကြံရမှာပေါ့။ မင်း အိမ်လည်များများထွက်ကွာ၊ ကွန့်မန့်တွေရေး၊ စီဘောက်တွေမှာ လိုက်နှုတ်ဆက်ဆိုတော့ ကျမလည်း သွားတာပဲ။ တခါတခါ အလုပ်ရှုပ်တော့ အမြဲကျလည်း မသွားနိုင်ဘူးပေါ့တဲ့။ ရှင့် ကိုဖြူတွေ၊ ကိုလုံးတွေကို ခိုင်းပါ့လားတဲ့။ ဟ မင်းကလည်း ဘယ်နတ်မိမယ်တွေက ဟိုကောင်တွေကို ဘယ်လိုထိန်းချုပ်ထားတယ်ဆိုတာ မင်းသိလို့လား။ တော်ကြာ သူများတွေ အကွဲကွဲ အပြဲပြဲဖြစ်နေဦးမယ်လို့ပြောရတယ်။

ဒီတော့ ဥာဏ်ကြီးရှင် မဇနိက သူတို့ဆီက ဈေးဆိုင်တွေမှာ ဈေးအရောင်းမြှင့်တင်ရေးလုပ်သလို ဘလော့ဂ်အရောင်းမြှင့်တင်ရေးလုပ်မယ်တဲ့၊ ဟာ မင်းကလည်း ဟုတ်သေးပါဘူး။ ဘလော့ဂ် လူလာမြှင့်တင်ရေးလုပ်မယ်လုပ်စမ်းပါဆိုပြီး လူလာများအောင် စပြီး စဉ်းစားလာကြရတယ်။ မင်းတို့ဆီက ဈေးဆိုင်တွေက ဘယ်လိုလုပ်တာလဲ ပြောစမ်းပါဦးဆိုတော့ သူမက သူမဆီမှာ ရှိတဲ့ point card လေးကို ထုတ်၊ ဓာတ်ပုံရိုက်ပြီး ပို့ပေးတယ်။ ပြီး ရှင်းပြလေရော။ အရောင်းမြှင့်တင်ရေး ၀န်းထမ်းလေသံနဲ့ သူမပြောနေတာကို ဆက်ဖတ်ကြည့်ပါဦး။

ဒီကဒ်မှာတော့ အကွက် ၅၀ ကွက်ပြည့်ရင် ၅၀၀ ယန်း ပြန်သုံးလို့ရတဲ့စနစ်လေးလုပ်ထားတယ်။ အကွက်အကုန်ပြည့်မှ ယန်း ၅၀၀ ရမှာဆိုတော့ အကွက် ၅၀ ပြည့်အောင်ဝယ်ရတာလေ။ ဒီတော့ နောက်တခါလည်း ဒီဆိုင်မှာလာဝယ်ချင်စိတ်ပေါ်တာပေါ့။



ဒီကဒ်က gold point card ဆိုတဲ့ နာမည်နဲ့လိုက်အောင် အဖိုးတန်တဲ့ကဒ်ပါ။ သူက အီလက်တရောနစ်ပစ္စည်းဝယ်ရတာဆိုတော့ ၂၀ % လောက် ပွိုင့်ထည့်လိုက်ရင် အများကြီးဝင်နေတဲ့အတွက် သူ့ကိုတော့ မပျောက်အောင်သိမ်းတယ်။ သူကလည်း ၂၀% discount ကို ပိုက်ဆံမပေးဘူး။ သူ့ဆိုင်မှာ ပြန်ဝယ်တဲ့အခါ သုံးရတယ်။

အဲဒါတွေ ပြလည်းပြီးရော သူမက ဆက်ပြောတယ်။ ဒီလိုလုပ်မယ်လေတဲ့ ဒီဘလော့ဂ်ကို ဘယ်နှခေါက်(Returning Visits) လာသလဲဆိုတာရယ် ၊ ဘလော့ဂ်မှာ ဘယ်လောက်ကြာကြာနေသလဲ (Visit Length) ဆိုတာရယ်၊ comment ဘယ်နှခုရေးသလဲ၊ စီဘောက်မှာ ဘယ်နှကြိမ်အော်သွားစလဲဆိုတာပေါ်မူတည်ပြီး အလည်လာသူတွေအတွက် point card လေးတွေလုပ်ကြမယ်တဲ့။ ဒါမှ အပြင်မှာ ဈေးဆိုင်တွေမှာ ဈေးဝယ်သလို point တွေပြည့်တော့မှာ သွားထားမှ ဆိုပြီး ခဏခဏအလည်လာကြမှာတဲ့။ ကျနော်လည်း မင်းကတော့ အိုက်ဒီယာ ကောင်းသိပ်ထွက်ပဲ၊ အဲဒါတွေကြောင့် အကြင်နာပိုရတာဆိုတော့ အရေးထဲ အသားယူနေတယ်ဆိုပြီး ကျနော့်ဗိုက်ခေါက် လိမ်ဆွဲဖို့ အကြိမ်ရေးမှတ်ထားတဲ့ စာရွက်မှာ တာလီတချောင်းတိုးလိုက်သေးသတဲ့။

အိုက်ဒီယာကောင်းတော့ရပြီဆိုပြီး နှစ်ယောက်သား ပြုံးပြုံးကြီးတွေ လုပ်နေကြတာပေါ့။ ဟဲ ဟဲ တို့တွေလည်း စဉ်းစားတတ်တာပဲကွဆိုပြီး မာန်တတ်နေတဲ့ အပြုံးကြီးတွေနဲ့လေ။ ကဲ ဟုတ်ပါပြီ၊ point card မှာ point တွေပြည့်တော့ တို့တွေက ဘာအခွင့်အရေးတွေပေးမှာတုန်းဆိုတော့ အရေးအကြီးဆုံး အိုက်ဒီယာ ကျမပေးပြီးပြီ၊ ကျန်တာတော့ ရှင်စဉ်းစားတဲ့။ ခက်တော့တာပဲ ဒီက ထူပါတယ်ဆိုမှ။ ကဲဟာ ဒါဆိုဒီလိုလုပ်မယ်။ point card ပြည့်သွားတဲ့ မိန်းကလေး visitor တွေဆိုရင် လူပျိုကြီး မောင်ဖြူရဲ့ဓာတ်ပုံပြမယ်၊ ဂျီတော့မှာ မောင်ဖြူနဲ့ ချက်ခွင့်ပေးမယ်။ ဟီးဟီး။ အဲ point card ပြည့်သွားတဲ့ ယောက်ျားလေး visitor တွေအတွက်ကတော့ ဒီဘလော့ဂ်က ကွန်ထရီဗြူတာ အပျိုကြီးတွေဖြစ်တဲ့ စစ်ကိုင်းသူရယ်၊ မမေအောင်ရယ်ရဲ့ ဓာတ်ပုံပြတွေပြမယ်၊ ဂျီတော့မှာ သူတို့နဲ့ စကားပြောခွင့်ပေးမယ်။ ဟီးဟီး သူတို့ဆီကို ခွင့်မတောင်းဘဲ လုပ်လိုက်တာ အကြံမပိုင်လားဗျာ။ သဘောတူရင် လက်ခုပ်တီးပါဗျို့။
(ပြောလို့သာ ပြောရတာ ဒီအခွင့်အရေးတွေ ရမှာကြောက်ပြီး ဒီဘလော့ဂ်ကို လုံးဝအလည်မလာမှာလည်း ကြောက်ရသေးတယ်။)

အပျော်ရေးထားတာဆိုတော့ အပျော်ပဲဖတ်နော်။ မမတွေ ချိတ်ချိုးကြနဲ့နော်။

31 comments:

  1. ဒီမှာလည်း အတူတူပဲ။ ကျွန်တော်က ဘလော်ဂါ။ သူမက ဘလော်ဂျာ။ ဘလော်ဂျာဆိုတာ ဘလော်ဂါရဲ့ မန်နေဂျာကို ပြောတာ။ ဘာမရေးရဘူး ညာမရေးရဘူးတို့။ စတတ်ကို ကြည့်ပြီး ဈေးသည်လို ဒီနေ့ ရောင်းကောင်းတယ်တို့ ရောင်မကောင်းဘူးတို့။
    ဒါကိုက ပျော်စရာလေ။ ဘလော့်ရေးတယ်ဆိုတာ စာရေးချင်လို့ သက်သက်မှမဟုတ်တာ ဟုတ်တယ် မဟုတ်လား။

    ReplyDelete
  2. ဒီမှာလည်း အတူတူပဲ။ ကျွန်တော်က ဘလော်ဂါ။ သူမက ဘလော်ဂျာ။ ဘလော်ဂျာဆိုတာ ဘလော်ဂါရဲ့ မန်နေဂျာကို ပြောတာ။ ဘာမရေးရဘူး ညာမရေးရဘူးတို့။ စတတ်ကို ကြည့်ပြီး ဈေးသည်လို ဒီနေ့ ရောင်းကောင်းတယ်တို့ ရောင်မကောင်းဘူးတို့။
    ဒါကိုက ပျော်စရာလေ။ ဘလော့်ရေးတယ်ဆိုတာ စာရေးချင်လို့ သက်သက်မှမဟုတ်တာ ဟုတ်တယ် မဟုတ်လား။

    ReplyDelete
  3. ဖြောင်း ဖြောင်း ဖြောင်း
    မောင်ဖြူ၊စစ်ကိုင်းသူ၊မေအောင်။

    ReplyDelete
  4. WeSheMe ကအကို၊ အမတို့က လိုက်ဖက်တဲ့ ဘလော်ဂါနဲ့ ဘလော်ဂျာဆိုတာ ဘလော့ကို ကြည့်ရင်းသိသာတယ်။ သားလေး သမီးလေး ကိုလည်း ကြည့်စရာရှိသေးတယ်။ ဘလော့လေးကိုလည်း အမြဲဂရုစိုက်တယ်ဆိုတော့ အားကျစရာပါဗျာ။ စာရေးချင်လို့ သက်သက်မဟုတ်တာတော့ အသေအချာပဲဗျ။
    တခါတလေလည်း ကိုဇနိကို ရန်ထောင်မိတယ်။
    ဘာလို့ ဒီဘလော့နဲ့ မိတ်ဆက်ပေးတာလဲလို့။ အခုတော့ အချိန်တွေလည်းကုန်တယ်။ မိတ်ဆွေတွေ မလာရင်လည်း မပျော်တော့ဘူး၊ မျှော်ရတာလည်း မောတယ်လို့။ တကယ်တော့ မဇနိက contributor စာရင်းမှာ မပါပါဘူး။ စာရေးတာက ငယ်ငယ်ကတည်းက ဟိုစပ်စပ် ဒီစပ်စပ်ရေးချင်တော့ မနေနိုင်ရင် ၀င်ဝင်ပြီး ကိုဇနိကို တင်ခိုင်းနေတာပါ။
    တကယ်တော့ ကိုဇနိက သူ့ဘလော့ကို အတော်သံယောဇဉ်ကြီးတဲ့သူ။ ဟိုးအရင်တုန်းကဆို သူ့ဘလော့ကို ဘယ်သူမှမလာဘူး။ သူကလည်း သူများဆီမှာ နှုတ်ဆက်တယ်မရှိတော့ ဘယ်သူမှ သူ့ကိုမသိဘူး။ ဘယ်သူမှမလာလည်း သူ့ဟာသူ ဘာသာလေးပြန်လိုက်၊ ဘလော့လေး ပြင်လိုက်နဲ့ သူက အရိပ်တကြည့်ကြည့်လုပ်နေခဲ့တာ။ ဒါပေမယ့် အဲဒီအချိန်က မဇနိက စိက်မ၀င်စားဘူး။ သူလာပြရင်ကြည့်ပေးလိုက်တယ်။ သိပ်မခံစားမိဘူး။ အခုနောက်ပိုင်းမှ ဘလော့မှာ ခင်မင်စရာမိတ်ဆွေတွေ၊ ဗဟုသုတတွေရှိမှန်းသိလာတော့ တွယ်တာလာမိတယ်။ အဲ သံယောဇဉ်ရှိလာတော့ အရိပ်တကြည့်ကြည့်ပေါ့။ တကယ်တော့ ကိုဇနိက လာလည်တဲ့မိတ်ဆွေနည်းတဲ့နေ့ဆို သူမပျော်ဘူး။ သူ့ပို့စ်လေးတွေ ကွန်းမန့်ရရင် သူက ၀မ်းသာနေတာ။ WeSheMe က ကြော်ငြာပို့စ်မှာ သူ့ပို့စ်လေးတွေ မတက်ရင် သူက ၀မ်းနည်းနေတတ်တယ်။ သူ့ပို့စ်လေးတက်ရင် သွားသွားကြည့်ပြီး ပျော်နေတာ။ သူက စကားနည်းတဲ့သူဆိုတော့ ဘလော့လည်ဖတ်ပေမယ့် နှုတ်မဆက်တတ်ဘူး။ အခုနောက်ပိုင်းတော့ အတော်နှုတ်ဆက်တတ်လာတာ တွေ့ရတယ်။ ကိုဇနိက စိတ်လည်း အတော်ရှည်ပါတယ်။ ကျွန်မတင်ချင်တဲ့ပို့စ်ဆိုလည်း စာရိုက်ပြီးသူ့ဆီပို့လိုက်ရင် ပုံလေးတွေရှာပြီး ကြည့်လို့လှအောင် လုပ်ပေးပါတယ်။ မနေ့ကတော့ ပွိုင့်ကဒ်လေးတွေအကြောင်းပြောတော့ မနက်သူအိပ်ယာနိုးရင် ပွိုင့်ကဒ်ပို့စ်လေးရေးထားနော်တဲ့။ “ဒုတ် ကဒ်“ပဲရမယ်လို့ ပြောလိုက်မိတယ်။ မရေးဘူး၊ မအားဘူး၊ ဟို contributor တွေဆီတောင်းလို့ ပြောလိုက်တယ်။ ဒါနဲ့သူလည်း သူ့ဟာသူရေးလိုက်တယ်တဲ့။ ဘလော့မှာလူလည်း မလာဘူးတဲ့။ တော်ပြီ မဇနိကို အပိုင်ပေးလိုက်တော့မယ်တဲ့။ ဘယ်သူမှ မလာခါမှ လာပေးလို့ ယူမနေဘူးလို့ ။ တခါတလေ ပို့စ်အသစ်တင်ရင် “မဇနိရေ မင်းဘော်ဒါ KOM၊ မေမိုး၊ republic၊ heartmuseum နဲ့ မောင်လေး အညာသား၊ မောင်မျိုး၊“တို့ဆီ အလည်သွားခေါ်လေလို့ ကျွန်မကို နှင်လွှတ်တတ်တယ်။ စိတ်ကူးပေါက်ရင် သွားပေးလိုက်ပေမယ့် အလုပ်ရှုပ်နေတုန်းဆို သူ့ကို အော်လိုက်ရင်လည်း ခဏနေသနားလို့ သွားပြီး အလည်ခေါ်ပေးရတာပဲ။ မဇနိဆီလာလည်(အမြဲ၊ မကြာခဏ၊ ရံဖန်ရံခါ) ပေးတဲ့ ကိုကို၊မမ၊မောင်လေး၊ညီမလေးများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်လို့နော်။

    ReplyDelete
  5. ကိုဇနိ
    လုံးဝအလည်မလာမှာလည်း ကြောက်ရသေးတယ်။)
    ...လို့ပြောလို့
    ချိတ်ချိုးနေတာ။
    အစီအစဉ်လေးကောင်းရက်သားနဲ့။

    ReplyDelete
  6. ခါတိုင်းဆို comment တော့မရေးဖြစ်ခဲ့ပေမယ့်ဒီ blog လေးကိုနေ့စဉ်နေ့တိုင်း ဝင်ဖတ်ဖြစ်ပါတယ်
    တနေ့ကို သုံး၊ လေးကြိမ်မကပါဘူး.. ညအိပ်ခါနီးရင်တောင်တစ်ချက်ဝင်ကြည့်ပြီးမှ
    အိပ်တာ.. အဲလို.. ဝင်ကြည့်ပြီး comment မရေးခဲ့တော့မသိဘူးဖြစ်နေမှာစိုးလို့.. ပြောချင်တာက ကွန့်မန့်ရေးမှ point card မှာဖြည့်ပေးမှာလား? အခုအစီအစဉ်လေးကို စိတ်ဝင်စားလို့ပါ.. .အဟီး... ဒါနဲ့စကားမစပ်ကိုဖြူဆိုတာဘူလဲဟင်... ကျွန်တော်တို့ဘလော့ မှာလဲ ဘလော့အဖတ်မြှင့်တင်ရေးလုပ်ဦးမှပဲ...
    ဒီပို့စ်လေးကမိုက်တယ်..

    ReplyDelete
  7. ဒီပို့စ်လေးကတော့ ဘလောက်ဂါတွေရဲ့ ခံစားချက်တွေကို တော်တော်လေးကို ထင်ဟပ်ထားတာတွေ့ရပါတယ်။ ကျွန်တော်လဲ ဒီလိုပဲဗျ။ အစကတော့ မော်တာအကြောင်း ငါလေ့လာသမျှ ရေးလိုက်မဟဲ့ဆိုပြီး ရေးတာ လာသူတိုင်းက ဟမ် ဘာကြီးတွေလဲ မသိဘူး ဆိုပြီး တစ်ခါထဲနဲ့ ဆလံသ သွားပါလေရောဗျာ။ ဒါနဲ့ စိတ် နဲနဲလျော့ပြီး အင်ဂျင်နီယာပိုင်းကို အခြေခံ နဲနဲကျမယ်ထင်တာလေးတွေ ဆင်းရေး ရပါတယ်။ ဒီတော့မှ စိတ်ဝင်စားတဲ့သူလေးတွေ အနည်းငယ် ၀င်ဖတ်ပါတယ်။ အဲ..ကြာတော့ သူများ တွေနဲ့ ယှဉ်ရင် ကိုယ့်မှာ ဖတ်မယ့်သူ အရမ်းနည်းလွန်းတာကြောင့် နည်းပညာပိုင်းဆိုင်ရာထဲကို ကွန်ပြူတာအကြောင်း နက္ခတ္တဗေဒအကြောင်းတွေ အတင်း ဆွဲသွင်းလာပြီး လူတွေ စိတ်ဝင်စားအောင်ကြိုးပမ်းနေရတယ်ဗျာ။ လူတွေမလာရင် ကိုယ်က ပေးချင်တဲ့ ရည်ရွယ်ချက်လည်း အထမမြောက်တော့ဘူးလေ။ ကိုဇနိ၊ မဇနိ တို့တောင် ဘလက်ဟိုး လေးပဲ ဖတ်တာ သတိထားမိပါတယ်။ နောက်ဆို ကဗျာတွေ၊ ၀တ္ထုတွေ တောင် ရေးပေးရမလား မသိပါဘူးဗျာ :P။

    ReplyDelete
  8. ကွန်ထရီဗြူတာတွေဆိုလဲ ဒီလိုပါပဲ။ မနဲကို အောက်ကျခံပြီး တောင်းပန်တာတောင် မအားဘူးလို့ ရက်စက်စွာပစ်ထားကြပါတယ်ဗျာ။ ကျွန်တော့်မှာ ပင့်ကူကို လက်အများကြီးရှိရင် ကောင်းမယ်လို့ တစ်ခါတစ်လေ တွေးမိကြောင်းပါဗျား။

    ReplyDelete
  9. ကိုဇနိ..မဇနိ အနော့်ပိုင့်ကဒ် ပြည့်ပီလား ...မညာနဲ့နော် ၊၊ gtalk gtalk..ဟီး
    *************************
    ဟုတ်တယ်ဗျာ..အစကတော့ ကိုယ့်စာအုပ်ထဲက ကိုယ့်စိတ်ကူးအတွေးလေးတွေ ကိုအမှတ်တရသိမ်းဖို့အပျော်သဘောရေးတာ ၊၊ခုလို သူငယ်ချင်း မိတ်ဆွေတွေ (မမြင်ရပေမယ့်) ရလာတော့ blog လေးကိုသံယောဇဉ်ပိုလာတယ်၊၊ တခါတခါ အလုပ်လုပ်ရင် တောင်blog ထဲ ..သူငယ်ချင်းမိတ်ဆွေတွေ ဆီစိတ်ရောက်နေတယ်၊၊ တကယ်ဗျ ....
    ဘယ်တော့အလုပ်မှာငြိုငြင်ခံရမလဲတောင်တွေးမိတဲ့အထိ ၊၊အားတာနဲ့blogဖွင့်ကြည့်မိတာ ၊၊တခါ manager က အလာပ သလာပ လာပြောတာ ၊အနော်ကကုန်းပီး blog တွေစိမ်ပြေနပြေဖတ်လို့ပေါ့ ၊၊သူကလည်း operation manual တွေအသဲအသန်ကြိုးစားနေတယ် ထင်လို့ပေါ့ ၊၊ ပုံတွေနဲ့ myanmar font မို့တော်သေး ၊၊နားမလည်ရှာတဲ့ မျက်လုံးလေးတွေနဲ့ကြည့်ပြီးပြန်သွားပါလေရဲ့၊၊..ဟီး
    ဒါတောင် ထပ်ပြောပြရင်များကြီးဖတ်နေရမှာစိုးလို့ဗျာ ၊၊
    ဒီအချိန်လေးလုပြီးခဏရေးနိုင်တာပါဗျာ၊၊အားလုံးပျော
်ပျော်ရွှင်ရွှင်ပေါ့ ၊၊အလုပ်ပိကျောင်းပိပြီးမရေးနိုင်တော့ရင် ဒါလေးတွေက အမှတ်တရပေါ့ဗျာ ၊၊ဟုတ်ဝူးလား ၊၊
    (ခံစားချက်တူလို့ comment ရေးတာရှည်သွားရင်သည်းခံဗျာ ) ကိုဇနိ မဇနိ အိမ်သားအားလုံး ၊၊

    ReplyDelete
  10. ဒီနေ့ အတွက် ၂ Point ဟဲဟဲ။ အလုပ်ကနေ တစ်ခါလာသေးတယ် :P

    ReplyDelete
  11. မနက်က ဒီပို့စ်လေးကို ရုံးကနေ ဖတ်နေသေးတယ်.. ပြီးတော့ yodobashi ပွိုင့်ကဒ်လေးပါ တင်ထားလို့ ရေးထားတာနဲ့ လိုက်တယ်ဆိုပြီး ပြုံးမိသေးတာ။ အခုတော့ မဇနိ ရေးထားတဲ့ အပေါ်က comment ကိုဇနိရဲ့ Blog ပေါ်ခင်တွယ်တာကို သိပြီး comment ရေးချင်စိတ်ဖြစ်လာမိတယ်။ ပွိုင့်လေး ဘာလေး ရလိုရငြားပေါ့.. :)

    ReplyDelete
  12. ဗျို့...ကိုဇနိ...လာသွားတယ်နော... ;P

    ReplyDelete
  13. ဒီBlogကိုဝင်ဖတ်နေတာတော့တော်တော်ကြာပါပြီ။
    commentမရေးဖြစ်တာပါ။
    နေ့စဉ်အလည်လာတယ်နော်။
    သုတ၊ရသတွေနဲ့ဖတ်လို့ကောင်းတယ်။

    ကိုဇနိ-မဇနိတို့အိမ်သားအားလုံးကျန်းမာပါစေ။

    ReplyDelete
  14. အဟဲ. အဟမ်း.
    မောင်ဖြူဆိုပဲ. လာတော့ဘူး. တာ့တာ.
    :P
    နိုင်းနဒီ

    ReplyDelete
  15. ရှီ...............ဖြောင်းဖြောင်း ဖြောင်းဖြောင်း...
    အစီအစဉ်ကောင်းတယ်ဗျို့။

    ReplyDelete
  16. ကိုယ်တို့လို လူပျိုကြီးများအတွက် အထူးအစီအစဉ်ဆိုတော့ ၂ ခါလာသွားရတာပေါ့နော် :P

    ReplyDelete
  17. သဘောတူပါတယ်ဗျို့... ။ ဖြောင်းဖြောင်းဖြောင်း !!!
    :P

    ReplyDelete
  18. ဖြောင်းဖြောင်း ဖျန်း အဲ့ နောက်ဆုံးအချက်က ခြင်ကိုက်လို့ ရိုက်တာနော် ဟီးး ကိုဇနိ တော်တော်ရယ်ရတယ်း) ဟုတ်သားဗျ ဘလော့ဂါတစ်ယောက်ရဲ့ ရှင်သန်မှုက ကော့မန့် ပဲထင်တယ် သူမရှိရင်တော့ ဘယ်လိုမှအသက်မဆက်နိုင်ဘူးး ။
    မဇနိကလည်း အစ်ကို့ ကို အလကားရတိုင်း ဟောက်နေတယ်ထင်ပါ့ဗျာ ။
    “ရှင်ဘယ်လိုဖြစ်ရတာလဲ ဒီလို အလကားဖတ်ခွင့်ပေးထားတဲ့ ဘလော့ဂ်တောင် လူများများ လာအောင် မစည်းရုံးနိုင်ဘူး၊ အဲ နောင်အချိန် တူနှစ်ကိုယ်ဘ၀မှာ စီးပွားရှာ ဈေးဆိုင်တွေများ ဖွင့်ရင် ရှင်ဘယ်လိုလုပ်စားမလဲ” ဒါကတော့ သူ့ အလိုလို ဖြစ်သွားမှာပေါ့ဗျာ :P
    “အိမ်ဦးနတ်လောင်းကြီးကို သူမိုလို့ ပြောရက်လိုက်တာ” မငိုနဲ့  ကိုဇနိ သွပ်သွပ် ။

    ReplyDelete
  19. ဟဟ
    ကိုဇနိကတော့ လုပ်ချလိုက်ပြန်ပြီ။ တကယ်က comment ရေးဖို့ကမနေ့တည်းက၊ error တက်နေတာနဲ့ ဒီနေ့မှပဲရေးလိုက်ရတော့တယ်။ ကျွန်တော်တို့လဲ ဒီဘလော့ကိုသံယောဇဉ်ရှိပါတယ်ဗျာ။ ဒီရက်ပိုင်းက အရှုပ်တွေလုပ်နေလား၊ အလုပ်တွေရှုပ်နေလားကိုမပြောတတ်တော့ဘူး။ နည်းနည်းရှုပ်တာတော့အမှန်ပဲဗျ။ ဘာပဲဖြစ်ဖြစ် ကိုဇနိရေ မဆလာကောင်းကောင်းသာဝယ်ထားပေတော့၊ ခင်ဗျားရိုက်ချက်စားမယ့်ကြက်ကြီးတွေပြန်လာပြီလေ။ :D
    ဒါနဲ့စကားမစပ် blog promotion အစီအစဉ်ကဘယ်တော့စမှာလဲ :P

    ReplyDelete
  20. အောင်မြင်သော ယောက်ျားတစ်ယောက်၏ နောက်ကွယ်မှာ မိန်းမတစ်ယောက် အမြဲရှိသည်...တဲ့
    ဒီဘလော့ဂ်ကြီး အောင်မြင်တာ မဇနိ တွန်းအားကောင်းလို့ပေါ့ဗျာ
    ကိုဇနိ ကံကောင်းပါတယ်ဗျ

    ReplyDelete
  21. ကိုဇနိ... ကျွန်တော်တို့က မအားလို့ပါဗျ... ဘလော့ဂ်ကိုတော့ သံယောဇဉ် ဖြတ်မထားပါဘူး... မဇနိနဲ့ ကိုဇနိတို့ အစီအစဉ်က ကောင်းတယ်ဗျို့... ကျွန်တော်လဲ ထောက်ခံတယ်... :P

    ReplyDelete
  22. မောင်ဇြူရေ.. promotion စရင်ဓာတ်ပုံလှလှရိုက်ထားမလို့လား..ဟားဟား.. ဒီဘလော့ကိုနောက်မှန်မှန်လာလည်မှပဲ.. ပွိုင့်ရအောင်လေ..အိမ်မှာကြွက်တွေပေါတယ်..(စတာနော်..ချိတ်ချိုးနဲ့)..

    ReplyDelete
  23. မောင်ဇြူရေ.. promotion စရင်ဓာတ်ပုံလှလှရိုက်ထားမလို့လား..ဟားဟား.. ဒီဘလော့ကိုနောက်မှန်မှန်လာလည်မှပဲ.. ပွိုင့်ရအောင်လေ..အိမ်မှာကြွက်တွေပေါတယ်..(စတာနော်..ချိတ်ချိုးနဲ့)..

    ReplyDelete
  24. ကိုအန်ဒီရေ ကွန်မန့်ပွတ်သွားတာ ကျေးဇူးဗျာ။ ဘလော့ဂျာဆိုတဲ့ အသုံးကို ကြိုက်သွားပြီးဗျို့။

    မဇနိကိုလည်း ကျေးဇူးတင်ပါတယ် အခုဆို post တွေလည်း ရေးတယ်၊ အလည်တွေလည်းထွက်နေပြီနော..

    အမကြီးမေအောင် - စာရေးယုံနဲ့ မပြီးသေးဘူးနော်…အလှတွေလည်း ပြင်ထား၊ အသံကောင်းအောင် မှန်ချိုလည်း စားထားနော်၊ ပွိုင့်ပြည့်တဲ့သူတွေနဲ့ တော်ကြာ ဂျီတော့ရမှာ- ဟဲ ဟဲ

    Holy ရေ ကျေးဇူးတင်ပါတယ်ဗျာ… ကိုဖြူဆိုတာ ကင်းကောင်ကြီးလေ..အခုရေတွေနင်းချိုးနေသတဲ့..ဂျီတော့ရတော့မှာဆိုပြီး…

    ဘလူးဖီးနစ်ရေ - အခုနောက်ပိုင်းလာလာဖတ်တော့ ကျေးဇူးတင်ပါတယ်ဗျာ..ကျနော်ကလည်း ရီဒါကဖတ်တယ်ဗျ၊ ပညာရပ်ဆိုင်ရာကျ လူတိုင်းက စိတ်မ၀င်စားကြဘူးထင်တယ်။ ပင့်ကူလိုလက်ကြီးနဲ့ အလုပ်တွေအများကြီး လုပ်နိုင်ပါစေဗျာ။

    Republic ရေ - အခုတလော အလည်လာများတော့ ပွိုင့်ကဒ်အမြန်ပြည့်တော့မှာ။ အကိုဆီလည်းရောက်ဖြစ်ပါတယ်။ ဒီခေတ်ကြီးက ဗာကျူရယ်ဖရင့်တွေနဲ့ ပျော်ရတဲ့ခေတ်ကြီးနော်။

    မမေမိုး - လာထားနော်။ သိတယ်မဟုတ်လား ဂျီတော့၊ ဂျီတော့ ( မဇနိလေသံအတုခိုးပြောတာ)

    အမနုစံရေ - ပွိုင့်လည်းပေးမယ် အမြဲလာနော်။

    ကျော့ ရေ ကွန်မန့်ချန်သွားတာကျေးဇူးတင်ပါတယ်ဗျာ။ နောက်လည်း အမြဲလာဖတ်ပါဦးနော်။

    နိုင်းနဒီကြီး မောင်ဖြူဆိုတာနဲ့ ပြေးပြီးလား။ သူက ကင်းနော်၊ ကင်း သိရဲ့သားနဲ့။

    အလည်လာရင်ကို ကျေးဇူးတွေတင်နေတာပါ အညာသားရယ်။

    မောင်မျိုး၊ ဘယ်က ခြင်ပေါ်လာတာတုန်း။ ငိုဘူး အခု လူလာများလို့ ၀မ်းသာလုံးတွေဆို့နေတာ။ သွပ်သွပ်

    ခြံထဲက ကြက်ကြီးမောင်ဖြူ ပြန်လာပြီ။ ကာလသားချက်ကို ချက်စားပစ်မယ်…

    ကိုမင်းညိုရေ - အလည်ရောက်လာတာ ကျေးဇူးပါ။

    ကိုကြီးလုံး ဘလော့ဂ်ဖက်ကို ခြေချလို့ရသွားပြီပေါ့လေ အားသွားပြီလား

    မဗေဒါ ရေ မောင်ဖြူက လူချောရယ် ဒီဘလော့ဂ်ကို များများလာထားနော် ဟီးဟီး

    ReplyDelete
  25. ကိုဇနိ နဲ့..မဇနိရေ..
    ဒီစာ ဖတ် ပြီး..ပြုံး ရင်း နှုတ် ဆက်ပါတယ်။ ပါတနာ တွေမပါ တော့ရင်..ဆိုင်ခွဲ ထောင် လိုက် ပါတော့လား။
း)

    ခင်မင်လျက်-

    ReplyDelete
  26. လာလည်ပါတယ် မဇနိနဲ့ ကိုဇနိရေ။ အရင်ကတည်းက လာလာဖတ်ပါတယ်။ ကွန့်မန့်သာ မရေးဖြစ်တာပါ။ စဖတ်တုန်းက ရေးသူက မဇနိဖြစ်လိုက် ကိုဇနိဖြစ်လိုက်တွေ့ရတော့ နည်းနည်းလည်သွားသေးတာ။ နောက်မှ နှစ်ယောက်မှန်းသိတော့တယ်။ :D

    ReplyDelete
  27. ဟုတ်ကဲ့ မရောက်တာလဲကြာသွားတယ်။ အိုးဝေကို ခင်တော့ခင်သားဗျ။ သူငယ်ချင်းတွေ အများကြီးစုလုပ်နေတယ်ဆိုပြီး အားတောင်ကျနေတာ။ ကိုဇနိကလည်း ပရိတ်သတ်ကျအောင် စာရေးတတ်ပ။ မဇနိကလည်း စာရေးကောင်းသူပါ။ နောက်သတိထားမိတာက ကိုမောင်ဖြူလည်း အရေးကောင်းတယ်။ ကျန်တဲ့သူတွေလည်း ကောင်းတယ်။ ဒါပေမဲ့ သူတို့တွေက ပိုရေးနိုင်ကြသလိုပဲ။ အင်း .. အခုလို ဧည့်မျှော်တယ်ဆိုတော့လည်း နောက်ကို မကြာမကြာလာမယ်ဗျာ။ (ကိုယ်ချင်းစာပြီး တို့ဆီလည်း လာလည်နော်)
    ဆုချီးမြှင့်မဲ့ အစီအစဉ်ကို ထောက်ခံချင်သား။ ဒါပေမဲ့ ဆုတွေရဲ့ အနေအထားလေးတွေကိုတော့ နည်းနည်းပြထားသင့်တာပေါ့။ ဒါမှလည်း ဆွဲဆောင်မှုရှိပြီး ဂျီတော့ချင်တာနဲ့ကို အိုးဝေက မောင်ကြီးမပြန်နိုင်တွေ ရှိတာမှာ။ ဟုတ်ဘူးလား။ ကြေငြာအနေနဲ့ ခဲခြစ်လေးဖြစ်ဖြစ်ပြ။ မျှော်နေမယ်။

    ReplyDelete
  28. အပေါ်တုန်းက ညီမကို ဖြေဖို့ကျန်ခဲ့တာ..ညီမ ပုံမှန်အားပေးနော် သိတယ်ဟုတ် ဂျီတော့နော်

    ကေ- ပြုံးသွားတယ်ဆိုလို့ ၀မ်းသာပါတယ်၊ တကယ်က သူငယ်ချင်းတွေနဲ့ ပျော်နေတာ ဆိုင်မခွဲသေးပါဘူး။

    ကိုဇနိနဲ့ မဇနိကိုလည်ကျတယ်…မြရွက်ဝေဆီလည်း ရောက်ဖြစ်တယ်..အညာဘက်ကပဲလားနော်..

    ဖောက်သည်ကြီး VBT လာထားနော်..Gtalk ဟီးဟီး

    ReplyDelete
  29. ဒီဘလော့ဂ်ကို စသိကတည်းက google reader ကနေ ပုံမှန် ဖတ်ဖြစ်နေပါတယ်။ comment ရေးဖြစ်မှသာ ရောက်လာတာ။ နောက် သဉ္ဖာ့လိုဘဲ reader ကနေ အားပေးနေတဲ့သူတွေ အများကြီး ရှိမှာပါ။ feedburner က လူတွေကိုလည်း returning visit မှာ ထည့်တွက်ပေါ့နော်။ အပေါ်က မမြရွက်ဝေပြောတဲ့ အတိုင်းဘဲ။ အိုးဝေမှာ ကိုဇနိနဲ့ မဇနိ နှစ်ယောက်ရှိတယ်ဆိုတာ မကြာသေးခင်ကမှ သိတာ။ ကိုဖြူနဲ့ chat ချင်လို့တော့ မဟုတ်ပါဘူး။ :D

    ReplyDelete
  30. မပန်းခရမ်းပြာ ဆီကနေ ဒါလေးမြင်လို့ လာဖတ်သွားတာပါ။
    =) ပျော်ရွှင်စွာ ဘလော့နိုင်ပါစေ..။

    ReplyDelete