မနေ့က ပါတီအပြန် သူငယ်ချင်းက စနေ၊တနင်္ဂနွေဘာလုပ်မယ် စိတ်ကူးထားလဲလို့ စကားစလာတော့ ဈေးဝယ်သွားမယ်လို့ ပြန်ပြောခဲ့တယ်။ ဒီမှာတော့ အဲဒီ weekend ကို shuumatsu (しゅうまつ) လို့ခေါ်ကြတယ်။ သောကြာနေ့ရောက်ရင် shuumatsu မှာ ဘာလုပ်မယ်စိတ်ကူးသလဲဆိုတဲ့မေးခွန်းက အမြဲလိုလိုပြောဖြစ်ကြတယ်။ အိမ်ပြန်လာတော့လည်း ဘလော့ဂ် လိုက်လည်ရင် မိတ်ဆွေသူငယ်ချင်းတွေလည်း စနေ၊ တနင်္ဂနွေကို ပျော်နေကြတာတွေ့ရပြန်တယ်။ မခင်ဦးမေဆီမှာဆို ချစ်စရာပုံလေးတွေတွေ့ရပြီး ညီမမေမိုးဆိုရင် သူ့စီဘောက်မှာ ပျော်နေတာတွေ့ရတတ်တယ်။ ကျောင်းတက်ရတဲ့သူ၊ ရုံးတက်ရတဲ့သူတွေအတွက် တပတ်စာပင်ပန်းသမျှတွေကို စနေ၊တနင်္ဂနွေရောက်မှ အပန်းဖြေနိုင်တာကိုး။
ကိုယ်ပိုင်အချိန်အပြည့်အ၀ရတဲ့ ဒီ ၂ ရက်မှာတော့ အချိန်တွေကို ကုန်ဆုံးမှာ ကြောက်ကြတာ မထူးဆန်းတော့ပါဘူးလေ။ ဒီရက်လေးမှာပဲ တပတ်စာ အ၀တ်လျှော်၊ ဈေးဝယ်၊ မီးပူတိုက်ရတယ်။ မိသားစုရှိတဲ့သူဆိုရင် ထမင်းလက်ဆုံစားနိုင်တဲ့နေ့လေးတွေပါ။ ကျွန်မက သောကြာနေ့ညနေဆို သိပ်ပျော်ပါတယ်။ တနင်္ဂနွေညရောက်လာရင် ငိုချင်တယ်။ ဒီနေ့လည်း တပတ်စာ ဈေးဝယ်သွားမယ်စိတ်ကူးပြီး အိမ်သန့်ရှင်းရေးလုပ်၊ အ၀တ်လျှော် ဘာညာနဲ့ နေ့လည်မှ ဈေးဝယ်သွားနိုင်ပါတယ်။ ဒီပိတ်ရက်လေးမှာ ဟင်းလည်း ဂရုတစိုက်ချက်စားဖြစ်ပါတယ်။ အချိန်ပေးချက်ရမည့် ဟင်းမျိုးကို ဒီနေ့တွေမှာချက်တယ်။ တပတ်စာ အသားကြော်ထားချင်တယ်ဆိုလည်း ဒီနေ့မှာပဲ ကြော်ထားလိုက်ပါတယ်။
ဒီနေ့လိုတာလေးတွေ ၀ယ်ပြီး ဘလော့ဂ်မှာ ဓါတ်ပုံလေးတွေ တင်လိုက်ပါတယ်။

ဒီလိုအဆင်သင့် ထမင်းဗူးလေးတွေလည်း ၀ယ်လို့ရတယ်။

Onigiri အတုံးလေးတွေလည်း ၀ယ်စားလို့ရတယ်။

Tempura မျိုးစုံလည်း ၀ယ်ပြီး တစ်ခါတည်း တန်းစားလို့ရပါတယ်။

ပုဇွန် Tempura ကတော့ ကျမအကြိုက်ဆုံးပေါ့။

အာလူးတွေ၊ကြက်သွန်တွေလည်း ၀ယ်ခဲ့တယ်။


အသားမျိုးစုံပါ။

အိုအိရှိ sushi လည်း ၀ယ်လို့ရပါတယ်။
DAISO, 100 yen shop
အသီးအရွက်မျိုးစေ့လေးတွေ လိုချင်တာရယ်၊ တိုလီမိုလီလေးတွေပါ ၀ယ်ချင်တော့ ယန်း ၁၀၀ ဆိုင်ကိုပါ ၀င်ခဲ့ပါတယ်။ ယန်း၁၀၀ ဆိုင်က ပစ္စည်းစုံလင်လှပါတယ်။ တချို့ပစ္စည်းက ယန်း ၁၀၀ ထက်ဈေးကြီးတာရှိတယ်။ တချို့ပစ္စည်းက ယန်း ၁၀၀ ထက်ဈေးနည်းတာရယ်ရှိပါတယ်။ အားလုံးကို ပျမ်းမျှထားလိုက်ပြီး ဘာပစ္စည်းယူယူ ယန်း၁၀၀ နဲ့ရောင်းလို့ ဂျပန်မှာ ယန်း ၁၀၀ဆိုင်က စိတ်ဝင်စားဖွယ်နေရာတခုပါ။ အပ်ချည်လုံး၊ အပ်၊ စာရေးကိရိယာ၊ ဆပ်ပြာမျိုးစုံကအစ ဂျပန်လက်ဆောင်ပစ္စည်းသေးသေးလေးတွေပါ အမှတ်တရ ၀ယ်လို့ရပါတယ်။ အိမ်ရှင်မတွေအတွက် မီးဖိုချောင်ပစ္စည်းလည်း စုံလင်လှတာမို့ သေးသေးမွှားမွှားလိုတာရှိရင် မသွားမနေသွားရတဲ့ ယန်း ၁၀၀ ဆိုင်တွေပါ။

တိုလီမိုလီထည့်စရာလေးတွေ။

ပန်းအိုး၊မြေနဲ့ မျိုးစေ့တွေ။

တိတ်၊စတစ်ကာမျိုးစုံတွေ။

ပလက်စတစ်အသုံးအဆောင်ခွက်တွေ။

စာရေးကိရိယာတွေ။

ဈေးဝယ်ပြီး အမောပြေ အအေးလေးသောက်သွားပါဦး။
အပျင်းပြေ ပို့စ်ဖတ်ရင်း ဘလော့ဂ်ဈေးလည်း ၀ယ်ရင်းနဲ့ ပျော်ရွှင်သော စနေ၊ တနင်္ဂနွေလေးတွေ ပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
မဇနိ
ရှလွတ်..
ReplyDeleteမဇနိရေ
အပေါ်ဆုံးက အဆင်သင့်စားလို့ရတဲ့ ထမင်းဗူးလေးတွေအကြိုက်ဆုံးပဲ။
မဇနိရေ
ReplyDeleteသူတို့ဆီမှာက အရာရာကို မျက်စိပသာဒဖြစ်ဖို့ အရမ်းဦးစားပေးတယ်နော်။ အကုန်လုံးကို စားချင်စရာ လိုချင်စရာဖြစ်အောင်ပေါ့။ သူများတွေကတော့ မသိဘူး။ စစ်ကိုင်းသူကတော့ အဲဒီစားစရာတွေမြင်ရတာ အညာဟင်းတွေ အကြောင်းရေးထားတာလောက် သွားရည်မကျဘူး။ အညာစာတွေကို လွမ်းတယ်။
Tempura မျိုးစုံ နဲ့ ကြိမ်ခြင်းလေးတွေမသွားပြီ ။ မမ ပိုက်ဆံရှင်းလိုက်တော့ ဟီးဟီး :P
ReplyDeleteမတူညီတဲ့ မီးဖိုချောင် ပစ္စည်းလေးတွေကို မြင်ရ၊ ပြောပြတာကျေးဇူး။ ယန်း၁၀၀ ဆိုင်လေးကိုတော့ သဘောကျသဗျ။ အတော်စုံတယ်နော်။
ReplyDeleteဒါနဲ့ စကားမစပ် မဇနိတို့ဈေးက ရင်ကောင်လည်းတွေ့ဘူး။ ဒါ ဈေးအင်္ဂါရပ်နဲ့ မညီဘူးနော်.... ဟွန်း။
မဇနိရဲ့ဈေးဝယ်ထွက်တဲ့ပို့စ်ကိုဖတ်ပြီး...ဖိနပ်ဝယ်ဖို့သုံးယောက်သားအားကျိုးမာန်တက်ဈေးပတ်ကြ..ပြီးတော့အပြန်မှာဘာဖိနပ်မှမပါဘဲမမေအောင်ကိုစိတ်ကောက်လိုက်ရတာပဲအဖတ်တင်ခဲ့တာကို...သတိရမိတယ်။
ReplyDeleteမဇနိရဲ့ဈေးဝယ်ထွက်တဲ့ပို့စ်ကိုဖတ်ပြီး...ဖိနပ်ဝယ်ဖို့သုံးယောက်သားအားကျိုးမာန်တက်ဈေးပတ်ကြ.. ပြီးတော့အပြန်မှာဘာဖိနပ်မှမပါဘဲ မမေအောင်ကိုစိတ်ကောက် ပြီးတယောက်ထဲရှေ့ကနေထွက်သွားတော့ နောက်ကနေ မမေအောင်နဲ့မဇနိကအားရပါးရရီနေခဲ့တာကို သတိရမိပါတယ်။
ReplyDeleteမောင်ဖြူက ထမင်းဗူး ကမန်းကတန်း ဆွဲပြေးပြီး ဘယ်မှာသွားစားနေလဲ မသိပါဘူး။
ReplyDeleteစစ်ကိုင်းသူက သွားရည်မကျဘူးတဲ့။ မဟုတ်ဘူး သူက tempura ဆိုသိပ်ကြိုက်။
မေမိုးက ပိုက်ဆံမပေးသွားလို့ လိုက်တောင်းရသေးတယ်။
ကိုတားမြစ်ထားသောရေ အဲအကောင်တွေက ဓါတ်ပုံထဲမပါတာလား မသိဘူးနော်။ :P
ညီမ ကောက်တေး။ အမကတော့ အိုဆာကာသူနဲ့ နာရသူရဲ့ ဒေါက်ဖိနပ်တခွပ်ခွပ်ကို သတိရမိပါ့။
မိတ်ဆွေများအားလုံး ပျော်ရွှင်ကြပါစေ။
အမရေ
ReplyDeleteဒီမှာလည်း DIASO S$ 2 ဆိုင်လေးတွေရှိပါရဲ့။ ဝယ်လို့တော့အကောင်းသားဗျ။ ဂျပန်ရိုးရာပစ္စည်းလေးတွေလည်းရတယ်။
တစ်ဆိုင်လုံးမွှေမိရင် အချိန်ကိုကုန်ရော။
မဇနိတို့များရေးလိုက်ရင် ဖတ်လို့ကလည်းကောင်း ဖိုတိုတွေနဲ့ ဝေေ၀ဆာဆာဗျာ။ အဲလိုမျိုး ပို့စ်တွေ တင်ချင်လိုက်တာ။ တတ်ကလည်း မတတ်နဲ့ အားကျယုံပဲ တတ်နိုင်တယ်။
ReplyDeleteကျွန်တော်က sunday ဘဲနားရတယ်ဗျ ဟဲဟဲ
ReplyDelete်ဂျပန်ဈေးဝယ်လမ်းညွန်ပို့စ်လေးပါလား။
ReplyDelete100 円 シヨップ。。。大好き。。
ReplyDeleteအင်း....ဒါလေးတွေ ရှိနေပေလို့နော်..
(ခင်လေးငယ်)
ဓာတ်ပုံတွေပဲ ရိုက်ခဲ့တယ်ပေါ့လေ ၀ယ်တော့မ၀ယ်ခဲဘူးး) ပိတ်ရက်မှာ ဈေးဝယ်တော့ ထွက်ချင်သား ဒါပေမယ့် ရက်မကူးခင် လခ က ကုန်သွားတော့ ဘီလိုလုပ်မတုန်း ။
ReplyDelete