Friday, June 6, 2008

ကိုဇနိမွေးနေ့အမှတ်တရ

ရောင်ပေစူး

(တို့ငယ်ငယ်တုန်းအရွယ် ရောင်ပေးစူးကလေးတွေနဲ့ကွယ် ပုဆိုးကိုစလွယ်သိုင်း ရွာဝိုင်းပတ်လည်။ ပြေးလွှားပျော်ပါးတယ် သူငယ်ချင်းအပေါင်းအဖော်များနဲ့ ကောက်ရိုးပုံတွေကြား တူပုန်းကစားကြတယ်။) ၂

ခင်ခင်မင်မင်ကြင်နာရှာတယ် တို့များငယ်ငယ်၊ တစ်ယောက်နဲ့တစ်ယောက် အပျောက်မခံကာပဲ တစ်တွဲတွဲနဲ့ကွယ်။
အလည်လွန်မှ အိမ်ကိုပြန်ရင် အမေကဆူတယ်။ ကြိမ်းမောင်းလို့ အရိုက်ခံထိလည်း အတွဲမပျက်ကြတယ်။ ရွာဦးက ဆရာတော်ကျောင်းကို တို့အပေါင်းအဖော်ရောင်းရင်းတွေ တစ်ချီတစ်မောင်းသွားလို့ကွယ် ခေါင်းပုံပေါ်ဝယ်ကိုယ်တွေထမ်းလို့ ကိုက်ဆောင်ပါလွယ် ဆရာတော်ကြီးရယ် ဆော်ပလော်တီးမှာ စိုးတယ်စိုးတယ်၊ ဖ၀ါးနဲ့တင်ပါးတစ်သားတည်း ပြေးကြတယ်။

ငယ်ငယ်တုန်းက တို့ဘ၀ရယ် ပျော်စရာကောင်းလို့အောက်မေ့ဖွယ် အပေါင်းဖော်သာဆွေ မာစေကြောင်းလို့ ဆုတောင်းပါတယ်။ တစ်နယ်တစ်ကြေး အဝေးကကွယ်၊ အခုများဖြင့်တွေးကြတယ်၊ ဘ၀သံသရာဝယ် ကိုယ်သာကိုယ်ရေးကြတယ်။
(အရင်ကဆို ပျော်ပျော်ရွှင်ရွှင်ချစ်ချစ်ခင်ခင် တို့တတွေမင် ပြေးလွှားကစားလို့ပင် အပူအပင်ဝေးခဲ့လေတယ်။)၂

ဘ၀ဆိုတာလည်းနားမလည် အသိတရားတွေကမကြွယ် ခုများဖြင့်ကိုယ်စီကိုယ်စီ ကြင်ဖော်အသွယ်သွယ်၊ သားရယ်၊ သမီးရယ် သောကမနှီးနွှယ် လောကကြီးအလယ် ဘ၀တိုက်ပွဲ အနိုင်နွှဲကြတယ်။

(ငယ်ငယ်တုန်းက တို့ဘ၀ရယ် ပျော်စရာကောင်းလို့အောက်မေ့ဖွယ် အပေါင်းဖော်သာဆွေ မာစေကြောင်းလို့ ဆုတောင်းပါတယ်။ တစ်နယ်တစ်ကြေး အဝေးကကွယ် အခုများဖြင့်တွေးကြတယ် ဘ၀သံသရာဝယ် ကိုယ်သာကိုယ်ရေးကြတယ်။)၂
ကိုလူအေး

4 comments:

  1. အပင်ပန်းခံကာ မွေးနေ့မှာ သီချင်းတင်ပေးတဲ့ သူငယ်ချင်းကြီး ကိုလူအေးကိုရော အများကြီး ကျေးဇူးတင်ပါတယ်။

    ReplyDelete
  2. ကိုလူအေး..
    သီချင်းလေးက ငယ်ငယ်တုန်းကဘ၀ကို သတိရမိတယ်။
    စာသားတွေပါ လိုက်ရေးပေးထားတယ်ဆိုလို့ ကျေးဇူးတင်မိပါတယ်။ စာသားတွေကူးထားလိုက်ပြီ။

    ReplyDelete
  3. သီချင်းလေးက နားထောင်လို့ အရမ်းကောင်းတာပဲ။ ကျေးဇူးပါ ကိုလူအေးရေ။ အိမ်တောင်ပိုပြန်ချင်သွားသလိုပဲ။

    ReplyDelete
  4. ကိုလူအေး
    သီချင်းကကောင်းတော့ခဏခဏ
    အိုးဝေချည်းသွားသီချင်းနားထောင်လိုက်
    ပို့စ်ဖတ်လိုက်(လိုက်ဖက်နေတာကိုး)
    လုပ်နေရတာ
    ကျောင်းစာတွေမပြီးဘူး
    ပရော်ဖက်ဆာကြီးရယ်ဆော်ပလော်တီးမှာ
    စိုးတယ် စိုးတယ်

    ReplyDelete