မုန်တိုင်းစဲတော့ထကြည့်မိတယ်……။
ပတ်ပတ်လည်မှာ အလောင်းတွေတန်းစီ
ငါရောက်နေတာ ငရဲပြည်များလား
ဂယောင်ချောက်ချားနဲ့အော်ဟစ်
ကျန်ရစ်သူတွေရဲ့ငိုသံတွေ
နားထဲမှာလျှံ ဘယ်လိုမှမခံစားနိုင်ပါဘူး။
မြေပြင်မှာလည်းသွေးတွေရဲ
ကောင်းကင်မှာလည်းမိုးတွေမည်းလို့
တို့အသည်းတွေလည်း
ဗြန်းဗြန်းကွဲလို့ကျန်ရစ်တယ်။
ကလေးလေးက အမေကိုလှုပ်ခါနှိုး
ကံဆိုးလှချည်လားကွယ်
အသက်သေနေတဲ့သူ့အမေ “မအိပ်နဲ့တော့လေတဲ့”
ငါဘယ်လိုဝင်ဖြေရမလဲ။
“အဘရေ အဘရေ” အော်ကာခေါ်နေပေမယ့်
အဘရဲ့ ရုပ်အလောင်းကို ရေစီးကြောင်းကသယ်
မြစ်လယ်မှာ တစ်ချက်ရပ်ပြီး
ရက်စက်တဲ့ကမ္ဘာကြီးကို အပြီးတိုင်နှုတ်ဆက်သွားတယ်။
ထမင်းနပ်မမှန်တာကို
အဖန်ဖန်ပြောတဲ့အမေ့သား
ခုတော့ဘယ်ရောက်သွားလဲတဲ့…
သားပျောက်ရှာနေတဲ့အမေကို
ရေအောက်ကနေ “အမေရေ၊ အမေရေ”လို့ခေါ်နေတယ်။
……..
……..
……..
ငိုသံတွေရဲ့အလယ်မှာ…
တကယ်ကိုနားမလည်နိုင်ပါဘူး..
ဘယ်အပစ်တွေကြောင့်များ
ဒီအဖြစ်တွေကိုရှောင်မသွားနိုင်ရတာလဲ?
တကယ်စစ်တဲ့ တရားခံတွေကတော့
အခုထိအလံမလဲဘူး အသံမစဲဘူး။
ကံကြမ္မာနလန်မထူတဲ့ ပြည်သူတွေပဲ မုန်းတိုင်းကမဲတယ်။
သမ္မာဒေ၀နတ်တွေ
ဘယ်မှာရောက်နေပါသလဲ…?
တို့များ ဘုရားသာသနာ
မြန်မာပြည်က အပြီးခွါသွားခဲ့ပြီလား?
ဒီလိုဆိုလည်း ပြည်သူတွေကိုပါ
တပါတည်းခေါ်သွားတော်မူပါ
ဘိုးတော်သိကြားမင်းဘုရား။
အဲ့လိုမှမဟုတ်ရင်…….
သူတော်စင်နတ်မင်းတွေ
နတ်ပြည်ကနေဆင်းကာလာပါတော့
ပြည်သူတွေခေါင်းမော့လို့
ကမ္ဘာအလယ်မှာ မြန်မာရယ်ဆိုပြီး
ရွှေထီးနဲ့ တင့်တယ်ပါရစေတော့ဘုရား။
ကိုလူအေး
ကိုလူအေး
ReplyDeleteကဗျာကို ဆက်မဖတ်နိုင်တော့ပါ
လူလဲ ယောင်ချာချာဖြစ်နေပါပြီ
မြန်မာပြည်သူပြည်သားအပေါင်း
ကျန်းမာကြပါစေ
ကိုလူအေးရေ
ReplyDeleteတကယ့်ကိုဖြူစင်တဲ့ဝိညာဉ်တွေမို့.....
ကောင်းကင်ဘုံထက်ရောက်နေလောက်ပြီလို့ပဲ
တွေးကြရအောင်။
တိုင်းပြည်က မွဲမွဲတေတေ
ReplyDeleteမုန်တိုင်းက သဲသဲ မွှေလိုက်တော့
အလဲလဲ အသေသေနဲ့ နေစရာတောင်
မရှိအောင်ပါပဲ။
ရွှေမြို့တော် တည်ငြိမ်ရေးတွက်
ကားကြီးတွေနဲ့ အပြေးတက်သူတွေ
ဘယ်ဘက်မှာ သေနေလဲမေးရလောက်အောင်
ကူသူတောင်မရှိ။
ko luuaye yay...
ReplyDeleteMy eyes started watering when i read ur poem. I could not even express my sadness towards those people and my fury towards our Burmese Military Government (Cold-blooded and self-centred Junta).