Sunday, April 20, 2008

သုံးရာသီ


ရင်ခွင်ဗလာဟင်းမှာ
လာပွင့်တဲ့ပန်းတစ်ပွင့်
အနမ်းခံမသင့်ပဲ
လေအဝှေ့မှာ
ရင်နင့်စွာကြွေကျခဲ့ဖူးတယ်။

ကြင်သူသက်ထား
ခွဲရက်ကြာရှည်
ဝေးကာနေတော့
နမ်းခဲ့သမျှ
လွမ်းဒဏ်သင့်ကာ
ဟိုးဝေးရာဆီ ပြေးထွက်သွားခဲ့ဖူးတယ်။

ရောက်ခဲ့ပြန်ပေါ့
နွေဦးပေါက်ရာသီလေး
ရွက်စိမ်းနုနုအချစ်ဖူးလေးတွေနဲ့အတူ
နောက်ဆုံး…..
ဆောင်းနှင်းရွက်ကြွေ
နှုတ်ဆက်နှင်းစက်တွေနဲ့
ထားခဲ့လေဦးမလား။ ။
မောင်ဖြူ

2 comments:

  1. ကိုဖြူ ဘာတွေဖြစ်နေပါလိမ့်။
    ပန်းတွေလည်း ကြွေလို့
    ကျောင်းက ဘာဒုက္ခတွေ ပေးလို့လဲ။
    အားတင်းထား.. ဒီတစ်ခါ ဇာရှိတာ ပြီးရင် ပြီးပြီ။

    ReplyDelete
  2. မောင်ဖြူရေ...
    ငါကတော့ ကိုဇနိမြင်သလို မမြင်ဘူးနော်.
    နွေကတစ်ယောက်.
    မိုးကတစ်ယောက်.
    ဆောင်းကတစ်ယောက်.
    အဟ.
    ဟုတ်လားဟင်..

    နိုင်းနဒီ

    ReplyDelete