Wednesday, April 23, 2008

At the Lake - Htin Lin


ဒီနေ့တော့ ဆရာထင်လင်းရေးတဲ့ “ကန်တော်သာမှာ” ဆိုတဲ့ ၀တ္ထုတိုတစ်ပုဒ်ကို စကန်ဖတ်ပြီးတင်လိုက်ပါတယ်။ ဆရာက အရေးအသားကောင်းလွန်းလို့ ရီလိုက်ရတာလည်း မောလို့၊ သူပုံဖော်သမျှ မျက်လုံးထဲကွက်ကွက်ကွင်းကွင်းတွေမြင်လို့ ဖြစ်ရပါတယ်။ အခြားလူတွေကိုလည်း ဖတ်စေချင်လို့၊ ရီရစေချင်လို့ ဝေမျှလိုက်တာပါ။

ပုံတွေကို ဒီတိုင်းတင်တာ သေးသွားလို့ ပီဒီအက်(ဖ်) ပြောင်းပြီး တင်ထားပါတယ်။ စာအုပ်ကို ဒီမှာ ဒေါင်းလုပ်လုပ်ပြီး ဖတ်ကြပါ။
ဖတ်ပြီးရင်လည်း ပြန်လာပြောပါဦး။ ခင်ဗျားသာ ကိုကြီးခန့်နေရာမှာဆို ဘယ်လို ဖြေရှင်းမလဲလို့။



9 comments:

  1. ကိုဇနိကိုပြန်မေးမယ်...လူတကာချိုးတဲ့ရေကန်မှာမလှအေးကဘာလို့အဲ့လိုချိုးတာလဲ...အချိန်မရွေးတယောက်ယောက်ရောက်လာနိုင်တာပဲလေ...

    ReplyDelete
  2. လူတကာချိုးပါတယ်ဆိုမှ မလှအေးလည်း လူပဲဟာကို။ ချိုးချင်ရှာမှာပေါ့။
    ဘာလို့ ချိုးသလဲကို အသေအချာသိချင်ရင်တော့ မလှအေးကိုတွေ့မှ မေးပေတော့။
    အဖြေပြောပါဆို ပြန်လာမေးနေတယ်။

    ReplyDelete
  3. အဖြေပြောပါဆိုရင်တော့...မလှအေးတဖက်လှည့်နေပေါ့...အ၀တ်ရှိတဲ့သစ်ပင်နဲ့အနီးဆုံးက ကိုကြီးခန့်ပဲလေ...

    ReplyDelete
  4. တကယ်လို့မလှအေးက တဖက်လှည့်နေတုန်း ကိုကြီးခန့်က ရှေ့တိုးလာရင်ဘယ်နှယ့်လုပ်ပါ့

    ReplyDelete
  5. ကျွန်တော်သာကိုကြီးခန့်ဆိုရင်တော့ ကိုဇနိပုဆိုးဆွဲချွတ်ခိုင်းတယ်၊ :P ဟီးဟီး။ ကိုဇနိမှာလဲ ဆီစိမ်လုံချည်တစ်ထည်ရှိတယ်ကြားထားလို့။
    ......
    ဇာတ်လမ်းကဒီလိုဗျ။ ကျွန်တော် ကိုကြီးခန့်နဲ့တွေ့ပြီးသွားပီ။ နောက်ဆုံး သူ့ဆီစိမ်လုံချည်ကြီးက သစ်ပင်ပေါ်ကပြန်ပြုတ်ကျလာလို့၊ ကိုကြီးခန့်လဲ သူ့ပုဆိုးသူဝတ်ပြီး ရွာထဲကိုတစ်ချိုးတည်းလစ်တာ၊ နောက်မှာ မလှအေးဘယ်လိုကျန်ခဲ့တယ်ဆိုတာတောင် မသိတော့ဘူးတဲ့။ :D

    ReplyDelete
  6. ကိုဖြူကလည်း ကိုကြီးခန့်က ခင်ဗျားကို ရှက်လို့ အကုန်လုံးကို အမှန်ပြောသွားတာမဟုတ်ဘူး။
    ဆီစိမ်ပုဆိုးကြီး သစ်ပင်ပေါ်က ပြန်ပြုတ်ကြလာတာက ဟုတ်တယ်။ သူ့ပုဆိုးကို သူဝတ်ပြီး ရွာထဲကိုပြေးတာကြ မဟုတ်ဘူးဗျ။ ပြုတ်ကျလာတဲ့ ဆီစိမ်ပုဆိုးကြီးမှာက ခါချဉ်ကောင်တွေကပ်ပါလာတာဗျ။ ကိုကြီးခန့်က ပျော်ပျော်ကြီးဝတ်တော့ ခါချဉ်ကလည်း ဘယ်နေပါ့မလဲ ငယ်ပါတွေရော ကြီးပါတွေကိုပါကိုက်လို့ ဆီစိမ်လုံချည်ကြီး ပြန်ချွတ်၊ ခုန်ဆွခုန်ဆွနဲ့ မလှအေး လုံချည်တင်ထားတဲ့ကိုင်းဆီရောက်ပြီး မလှအေးလုံချည်ကြီး ဆွဲဝတ်ပြီးမှ ရွာထဲကို တစ်ချိုးတည်းလစ်တာဗျ။ အထက်ဆင် တောင် အောက်ရောက်လို့။ ရှက်လွန်းလို့ ခင်ဗျားကို အဲဒါတွေပြောမသွားတာနေမယ်။ မလှအေးတော့ ဘယ်လိုလုပ်ပြီး ရေထဲကတတ်သလဲမသိဘူး။ ကိုကြီးခန့်ဆီစိမ်ပုဆိုးကြီးဝတ်သွားပြီးတက်သွားတာနေမယ်။

    ReplyDelete
  7. ဟဟ
    ကိုဇနိပြောမှပဲ သေချာသိတော့တယ်။
    အဲဒီရွာက ကိုကြီးလုံးတို့ရွာထင်တယ်။ သူလဲ ခါချဉ်ကိုက်ခံရဖူးတယ်ကြားတယ်။ :P

    ReplyDelete
  8. ဟ ဟ ကိုကြီးလုံးဆိုတာ ကိုကြီးခန့်ပေါ့နော

    ReplyDelete
  9. ကိုကြီးလုံးဆိုတာ ကိုကြီးခန့်ဟုတ်ပါဘူး...ကိုဇနိရာ...မလှအေးက ကိုကြီးခန့် ပုဆိုးကို ၀တ်တော့ ခါချဉ်ကောင်က မလှအေးကိုတော့ မကိုက်ဘူးလား... ကိုက်မယ်ထင်တယ်နော်...:P

    ReplyDelete