Saturday, January 5, 2008

နှင်းမမုန်း

အသုံးမကျတဲ့ စုန်းမလေးရေ
မုန်းမရတဲ့ နင့်ရဲ့ပြုစားမှုတွေကြောင့်
ဖုံးမရတဲ့ ငါ့ရဲ့ရင်ခုန်သံတွေလည်း
တုံးအမူတွေနဲ့အတူ
ရုန်းကြွလို့ထူခဲ့ရပြီကွယ်။

ထူးထူးခြားခြား အရူးပါးမလေးရေ
ငါလည်း ဒိန်းတလိန်းနတ်ပူးရော
အပျိုတော်သံစဉ်ယိမ်းနဲ့
နင်က စိမ်းတိမ်းတိမ်းနေပြန်တယ်။

နင့်ကိုကြောက်လို့
ငါ့ရင်ခုန်သံတွေငါပြန်ကောက်
စောင်ခေါက်ထဲခေါင်းသွင်း
ချစ်ချင်းကိုကျိမ်ဆဲနေချိန်ဆို…
ငါ့Phoneဆီကို
“လာဦး” အစချီလို့မစ္စေ့ပို့
မခို့တယို့အသံလေးနဲ့
တုံး-အ-နှေး တဲ့ငါ့ကို
ပြုံးပြပြီးမေးလိုက်တာက
“ဇိမ်စကွဲးယားကျနေသလားအကို” တဲ့လေ။

အမြင်ကပ်ဖို့ကောင်းအောင်လှတဲ့
အဲဒီပြောင်စပ်စပ်မျက်နှာနဲ့
ငါ့ကို ရှောင်ပတ်ပြီးပြေးနေလိုက်ပုံများ
ညညဆို…
စောင်ကိုတောင် ယောင်ယောင်ပြီးဖတ်မိသေးတယ်။

လွမ်းအောင်ဖန်တတ်တဲ့
သန်းခေါင်ယံထက်က
ခိုခိုးခစ်ခစ်ရယ်သံလေးတွေကို
တိုးတိုးပြီးချစ်မိလာပြန်တော့
ဆိုးဆိုးညစ် မခိုးမခန့်မျက်နှာလေးကိုပေါ့
စိတ်ကူးနဲ့အကြိမ်ကြိမ် ♥♥♥♥♥♥♥♥♥♥….
ကဲ….မှတ်ကရောကွာ။

နောက်ဆုံးမတော့
ငါဆိုတဲ့ငတုံးလည်း
ဘူကုန်းတွေရဲ့အလယ်မှာ
လူတစ်လုံးသူတစ်လုံး
“နှင်းမမုန်း”လေးဖြစ်သွားပြီကွယ်။

5 comments:

  1. ဇိမ်စကွဲးယားမကျ ပါဘူးဗျာ. :)

    ReplyDelete
  2. ကိုလူအေး(ကလောင်နာမည်ခေါ်ရတာနဲ့တင်ချမ်းနေပြီ)
    နှင်းမမုန်းဆိုတာ ဘာတုန်း
    လိုက်လို့မမီတော့ဘူးထင်ပါရဲ့..။
    နေပါအုံးအဲ့ဒါဘယ်သူ့ကိုဆုံးမထားတာ
    သူများကိုကဗျာရေးပြီးဆုံးမတယ်ဆိုတော့
    တော်တော်ဂွတ်တဲ့အိုင်ဒီယာပဲ
    လက်ဖျား ကဗျာသီးတယ်ဆိုတာဒါမျိုးနေမှာ။

    ReplyDelete
  3. မမနေ…
    “မသိလို့မေးတာလား…သိရက်နဲ့မေးတာလား…တို့ရဲ့အကြောင်းကိုမင်းပဲအသိဆုံးပါ…မင်းကမသိသလိုနေရင်တော့…မင်းအမေးကိုလည်းမဖြေချင်တော့ဘူးကွယ်…သြော်..သိပ်ကြောက်တယ်”
    အချွန်နဲ့တော့မ(မ)နဲ့ မမနေရ …လူအေးကကျားမြီးလောက်ပဲဆွဲရဲတာ…ကျားလျှာကိုတော့သွားမဆွဲရဲဘူး…အဟီး

    ReplyDelete
  4. bravo...ကိုလူအေး

    ReplyDelete
  5. ဘူကုန်းတွေရဲ့အလယ်မှာ
    လူတစ်လုံးသူတစ်လုံး ဖြစ်သွားတဲ့ နှင်းမမုန်း ကိုလုံးကို အားကျလွန်းလို့ DJ တွေအတုံးလိုက်ဝင်တယ်ဗျို့
    (မှတ်ချက်) D: Depression, J: Jealousy

    ReplyDelete