Wednesday, October 31, 2007

မွေးနေ့ဆုတောင်း




ဒီကနေ့ အောက်တိုဘာ(၃၁)ရက်… ကျွန်တော့်သူငယ်ချင်း မောင်ဖြူရဲ့မွေးနေ့ပေါ့ဗျာ။

မွေနေ့မှာ ဆုတောင်းပေးရမယ်ဆိုတော့... ဘာဆုတောင်းပေးရမလဲ။

အင်း… အရေးကြီးဆုံးကတော့ ကျန်းမာရေးကောင်းဖို့မဟုတ်လား။

ဒီတော့ … ယနေ့မွေးနေ့မှသည် နောင်နှစ်ပေါင်းတစ်ရာ့နှစ်ဆယ်တိုင်အောင် ဘ၀တစ်ရှောက်လုံး ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ မိမိလိုရာရည်မှန်းချက်ကို အရောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျား။

ပြီးတော့ တစ်ကိုယ်တည်း လူပျိုကြီးဘ၀ကနေ အမြန်ဆုံး ကျွတ်လွတ်ပါစေဗျား။ ဒါကတော့ ဆုတောင်းပေးလို့ရတာတော့မဟုတ်ဘူး… ကိုယ်တိုင်လုံ့လစိုက်မှဖြစ်မှာ။ အဲဒီတော့ … နောက်သီတင်းကျွတ်မတိုင်မီ မိမိချစ်သောသူနဲ့အမြန်ဆုံးတွေ့ပြီး ဘ၀တစ်လျှောက်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ လက်တွဲနိုင်ပါစေလို့ ဆုတောင်းပေးတယ်ဗျား။ သူငယ်ချင်း မောင်ဖြူ သက်ကျော်ရာကျော် ရှည်စေသော်…


ကိုလုံး






ကိုမောင်ဖြူ


နေကောင်းကျန်းမာ စိတ်ချမ်းသာ၍၊ လိုအင်ဆန္ဒ ပြည့်ကြွယ်ဝပါစေ။


ကျွန်တော်တို့နှစ်ယောက်(ဇနိနှင့်ဇနိ၏သူမ)က ကိုမောင်ဖြူရဲ့ အလိုအပ်ဆုံးတွေထဲက အလိုအပ်ဆုံးတွေ ပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ်။


ဇနိနှင့်ဇနိ၏သူမ

6 comments:

  1. ကိုမောင်ဖြူ
    ကိုလုံး ဆုတောင်းပေးတဲ့အတိုင်းပါပဲ....
    (အစအဆုံးပေါ့)


    :) td&tl

    ReplyDelete
  2. ယခုနှစ်မွေးနေ့မင်္ဂလာမှသည် နောင်နှစ်ပေါင်းများစွာတိုင် နေ့ရက်အားလုံး ပျော်စရာနေ့ရက်လေးများအတိ ဖြစ်စေသော်.........

    ReplyDelete
  3. ဟဟ
    အားလုံးပဲ....
    ကျေးဇူးအနန္တပါဗျာ......
    ဘလော့မှာ မွေးနေ့ဆုတောင်းတက်လာလိမ့်မယ်ထင်မထားတော့ အံ့သြဝမ်းသာဖြစ်ရပါတယ်။
    ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျာ။

    ReplyDelete
  4. လာလည်ရင်းနဲ့ ကိုမောင်ဖြူရဲ့ မွေးနေ့ဆိုတာ သိလိုက်ရတယ်။ ဘဝတစ်ခုစာလုံးမဟုတ်တောင် အခုမွေးနေ့မှာတော့ ပျော်ရွှင်ပါစေဗျာ။
    (မွေးနေ့အတွက် စားပွဲသောက်ပွဲကတော့ အကြွေးမှတ်ထားမယ်.... :D )

    ReplyDelete
  5. ကို hlaing htun ရေ
    မှတ်ထားလိုက်ပါ၊ မြန်မာရောက်မှပေါ့ :D

    ReplyDelete
  6. နောက်ကျမှ ဆုတောင်းရတယ်
    အစစအရာရာ အေးချမ်းအဆင်ပြေပါစေ
    အနုပညာတွေ အများကြီး ဆက်လက် ဖန်တီးနိုင်ပါစေ။

    ReplyDelete