Saturday, October 27, 2007

အလွမ်းစာ


ဒီတစ်သက်တာ တစ်ဘ၀စာမှာ
မင်းကိုသာလျှင် အချစ်ဆုံး။
မင်းချက်ပေးတဲ့ ခေါက်ဆွဲလေးကို
ဓာတ်ပုံလေးသာ စားရသော်လည်း
ရင်မှာကြည်နူး ရွှင်မြူးမိ၏။

ခင်မင်ယုယ မြတ်နိုးတွယ်တာ
ချစ်ဖွယ်စကား တီတာကြားကာ
ရင်မှာနှောင်ရစ် အချစ်ဖြစ်၏။

2 comments:

  1. ချစ်ဖွယ်စကား တီတာကြားကာ… ရင်မှာနှောင်ရစ် အချစ်ဖြစ်၏။ ကိုဇနိ အဲဒီစာသားလေးကို ကြိုက်တယ်ဗျာ… တခြားကဗျာစာသားလေးတွေလည်းကောင်းတယ်…

    ReplyDelete
  2. ချစ်ဖွယ်စကား တီတာကြားက
    ရင်မှာနှောင်ရစ် အချစ်ဖြစ်၏။
    တီးတိုးစကား နှစ်ကိုယ်ကြားက
    နက်ရှိုင်းဆုံးဖြစ် တွယ်ငင်ချစ်၏။
    ချစ်သူမျက်ဝန်း အစဉ်ရွှန်းက
    လဝန်းထက်ပင် သာသည်ထင်၏။
    သို့သော်ခဏ ဒီဘဝပင်
    ချစ်ခင်တွယ်တာ ယုယပါလည်း
    ငါ့မှာမဝပါတကား။ ။

    ReplyDelete