Sunday, October 14, 2007

ဂွဒ်ဘိုင်မိရွက်ဝါ

- ”ဖြုတ်”ခနဲကြွေကျသွားပြီ

- ”ထောက်”ခနဲ ပြတ်တောက်သွားပြီ

- မြေအောက်ကို ”ခ”သွားတဲ့ရွက်ဝါလေး

- မြင်နေသေးတယ်

- နာများသွားလား…

- ဟင်း… ဝေ့ဝဲနေတာလေးကလှတာ

- အသက်ရှူသံသေးသေးလေးပဲကျန်တော့တယ်


- နောက်ဆုံးအချိန်ထိလှတယ်

- တွေ့ကြရဲ့လား… အကြောမျှင်လေးတွေ

- ဝါသွားပြီ…..

- ခြောက်သွားပြီ…

- ”ချွတ်”ခနဲ နင်းဖြတ်သွားကြပြီ

- ဟေး… ကြားလား……

- အင်း…. သွားပြီလေ…ပြန်မလာတော့ဘူးတဲ့

- နှုတ်ဆက်ခဲ့တယ်

- အေးခဲနေတဲ့မျက်ရည်တွေနဲ့ပေါ့…။ ။



မောင်ဖြူ

3 comments:

  1. ကိုမောင်ဖြူ

    မိရွက်ဝါကို နူတ်ဆက်တာတော့ ဆက်ပေါ့။
    ကိုရွက်ဝါ ကိုတော့ နုတ်မဆက်နဲ့ဦးနော်။
    သားက စာတွေဆက်ရေးဦးမှာ။
    မအားသေးလို့ပါ။

    ReplyDelete
  2. ဖတ်လို့ကောင်းတယ်ဗျာ။
    မိရွက်ဝါ မဟုတ်ပဲ ကိုရွက်ဝါဆို ပြီးရော.... :P

    ReplyDelete
  3. Arr nar par na, shuuu nay yinn nelt yay lite tar lar jar?

    ReplyDelete