Thursday, October 25, 2007

သီတင်းကျွတ်ပြီ

ဟိုးငယ်ငယ်ဘဝ
မုန့်ဖိုးတောင်းတုန်းကပေါ့
အဖွားကပြောတယ်
သီတင်းကျွတ်ရောက်မှပေးမယ်တဲ့။
ဟိုးခပ်ရွယ်ရွယ်ဘဝ
ချစ်ဦးသူထံ
ချစ်ခွင့်ပန်တုန်းကပေါ့
ကလေးမလေးကပြောရဲ့
သီတင်းကျွတ်ကျောင်းပိတ်ရက်ထိစောင့်တဲ့။
လွန်လေပြီးသောနှစ်တစ်နှစ်
သူ့ကိုလက်ထပ်ခွင့်တောင်းတုန်းကပေါ့
ထိုအမျိုးသမီးကပြောတယ်
လာမယ့်သီတင်းကျွတ်မှတဲ့။
ခုတော့
ပိစိညှောက်တောက်
မြေးပေါက်စလေးတွေကပြောနေကြပြီ
အဖိုးရေ
သီတင်းကျွတ်ရောက်ရင်မုန့်ဖိုးပေးနော်တဲ့။
မောင်ဖြူ

2 comments:

  1. ကိုမောင်ကျွတ်..
    ဆောရီး...ကိုမောင်ဖြူ
    စိတ်ကူးတွေယဉ်နေတာပေါ့လေ။
    မရှိသေးတဲ့ မြေးလေးတွေနဲ့။
    မြေးအရင်းရော ဟုတ်ရဲ့လားဗျ။
    နေကောင်းကျန်းမာ၊စိတ်ရွှင်လန်းပါစေ။

    ReplyDelete
  2. D Thadinkyut kan kuang thwar del mat, ko maung phyu yay! Sit say yay, aphwe ma lar thwar loe!

    ReplyDelete