Thursday, August 16, 2007

ရယ်ရွှင်ဖွယ် (သို့မဟုတ်) ငိုရှက်ဖွယ်


ပေါင်းလဒ်ကသုည ကစားပွဲမှာ
အရှုံးအမြတ်ဆိုတာ
အားလုံးညီနေရမယ်…။။


အဆိပ်သင့်ပန်းတစ်ပွင့်ရဲ့
တင့်တယ်တဲ့လှပမှုမှာ
ဘယ်သူ့ကို တရားခံရှာမှာလဲ…။။


ညဆိုတာ မရှိတော့တဲ့
လတစ်စင်းမှာရော
ထည်ဝါမှုဆိုတာရှိပါ့မလား…။။


သံပတ်ပေးထားတဲ့
ငှက်တစ်ကောင်ရဲ့ သီချင်းသံမှာ
သူ့ရင်ခုန်သံ ပါပါ့မလား။။


ယိမ်းထိုးနေတဲ့ ပုံရိပ်တွေကြားမှာ
မညီမညာမတည်ငြိမ်နိုင်သေးတာ
ဘယ်သူ့အပြစ်လဲ…။။


ဒါပေမယ့်…
ကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်
လမ်းထွက်မလျှောက်ရဘဲ
ခရီးအတော်ရောက်နေလိမ့်မယ်။။


ဇနိ
(ကဗျာစာအုပ်ကို သိမ်းထားပြီး၊ စာပြန်ရိုက်ပေးသော ရွှေမြင်း အားကျေးဇူးတင်ပါတယ်။)

4 comments:

  1. ဟောင်းပေမယ့်လဲ ကောင်းနေဆဲပါလား ဆရာဇနိရေ…..

    ReplyDelete
  2. လမ်းထွက်မလျှောက်ရပဲ ခရီးအတော်ရောက်နေတာကိုက ရယ်ရမလား ၊ ငိုရမလား မသိ… :P

    ReplyDelete
  3. ကောင်းပါ့ ကိုဇနိရာ။ အတွေးလေးတွေကျန်အောင် ရေးထားတာ တကယ့်ကိုကောင်းတယ်။ တွေးရင်းဖတ်၊ ဖတ်ရင်းခံစားပေါ့။ နောက်ထပ် ဖတ်ဖို့ရေးပါအုံး အကိုရေ။

    ReplyDelete
  4. အသစ်လေးတွေ လုပ်ပါအုံး ကိုဇနိရေ။ ကိုဝေပြောသလို တစိမ့်စိမ့် တွေးဖတ်လေ အရသာတွေ့လေပဲ။

    ReplyDelete