Monday, May 14, 2007

မင်းမရှိလဲနေပါ ရတယ်

မင်းမရှိလဲနေပါ ရတယ်
မိတ်ဆွေမရှိရင်နေပါ
မိတ်ဆွေတွေကနေဖြစ်လာတဲ့
ရန်သူမရှိရင် ကျေနပ်ပြီ။
ချစ်သူမရှိရင်နေပါ
အချစ်ကနေလာတဲ့
မုန်းသူမရှိရင် ကျေနပ်ပြီ။
ငြိမ်းချမ်းရေးမရှိရင်နေပါ
ငြိမ်းချမ်းရေးအဖြေရှာနေကြတဲ့
စစ်မက်တွေမရှိရင် ကျေနပ်ပြီ။
အောင်မြင်မှုတွေမရှိရင်နေပါ
ယှဉ်ပြိုင်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့
အရှုံးတွေမရှိရင် ကျေနပ်ပြီ။
အဖြူမရှိရင်နေပါ
ဆေးဆိုးထားတဲ့
ဖြူဖပ်ဖြူရော်အရောင်တွေမရှိရင် ကျေနပ်ပြီ။
ရှိခြင်းတွေ ရှိမနေရင်နေပါ
မရှိခြင်းတွေ ရှိမနေရင် ကျေနပ်ပြီ။
ကျေနပ်စရာတွေ မရှိခဲ့ရင်တောင်
မကျေနပ်စရာတွေ ရှိမနေဘူးဆိုရင်ဘ၀က ပျော်စရာကြီးပါ။ ။

မောင်ဖြူ
14.05.2007 13:04

4 comments:

  1. မမေဓာဝီရဲ့ ဘလော့ဂ်ကနေ တဆင့် ဒီကို ရောက်လာခဲ့ပါတယ်။ ဒီကဗျာလေးကို တော်တော်နှစ်သက်တယ်ဗျာ။ နောက်ဆိုရင်တော့ မကြာခဏ လာဖတ်ရမယ့် ဘလော့ဂ် တခုတိုးတာပဲ။ ကြည့်ရတာတော့ ဘလော့ဂ်ရှင်က တယောက်တည်း ဟုတ်ဟန်မတူဘူးနော်။ :)

    ReplyDelete
  2. ဟုတ်ပါတယ် ကိုစေးထူး။ သူငယ်ချင်းတွေ စုရေးတာပါ။
    အလည်လာတဲ့ အတွက်ကျေးဇူးပါ။

    ReplyDelete
  3. Hello friends...
    Good Idea....
    U can give many knowledge from ur site...
    Carry On!!!

    ReplyDelete
  4. ဒီကဗျာကို သဘောကျတယ်

    ReplyDelete